ဂျွန်လင်နွန်က အဒေါ်အတွက် ဝယ်ယူပေးခဲ့သည့် အင်္ဂလန်ရှိ ကမ်းခြေအိမ်ကြီး ပေါင် ၇ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ

ဂျွန်လင်နွန်က အဒေါ်အတွက် ဝယ်ယူပေးခဲ့သည့် အင်္ဂလန်ရှိ ကမ်းခြေအိမ်ကြီး ပေါင် ၇ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
8 Oct 2018 11:30 am တွင် တင်ခဲ့သည်
1400 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာကျော် ဘီးတဲလ်တေးဂီတအဖွဲ့ကြီးသည် "A Hard Day’s Night" တေးအယ်လ်ဘမ်ကို ထုတ်လုပ်ဖြန့်ဝေခဲ့ပြီး တစ်နှစ်အကြာ ၁၉၆၅ ခုနှစ်တွင် ဂျွန်လင်နွန်သည် ကလေးဘဝက စောင့်ရှောက်အုပ်ထိန်းပေးခဲ့သော အဒေါ်ဖြစ်သူကို အင်္ဂလန်နိုင်ငံ၊ ပူလီရှိ ကမ်းခြေဘန်ဂလို အိမ်ကြီးတစ်လုံး ဝယ်ယူလက်ဆောင်ပေးခဲ့သည်။

ဂျွန်လင်နွန်ဝယ်ယူခဲ့စဉ်က ပေါင် ၂၅၀၀၀ သာပေးခဲ့ရသည်။

အိပ်ခန်း ၆ ခန်းပါ ဘန်ဂလိုအိမ်သည် ဆိပ်ကမ်းကို အပေါ်စီးမှ တွေ့မြင်ရပြီး အင်္ဂလန်၏ လူကြိုက်အများဆုံး လမ်းများထဲမှ တစ်ခုတွင် တည်ရှိသည်။

၁၉၉၁ ခုနှစ်တွင် ဂျွန်လင်နွန်၏ အဒေါ်ဖြစ်သူကွယ်လွန်ခဲ့ပြီးနောက်ပိုင်း ပိုင်ရှင်သစ်များက နေအိမ်ဟောင်းကို ဖြိုဖျက်ခဲ့သည်။

ယခုအခါ အဆိုပါနေရာကို ပေါင် ၇ ဒသမ ၂၅ သန်း (ကန်ဒေါ်လာ ၉ ဒသမ ၄၃ သန်း) ဖြင့် အရောင်းဈေးကွက် တင်လာသည်။

ပိုင်ရှင်သစ်က မူလဘန်ဂလိုအဆောက်အအုံဟောင်းနေရာတွင် ကယ်လီဖိုးနီးယားဟန် နှစ်ထပ်ခေတ်ပြိုင်မှန်ကာ အိမ်ကြီးတစ်လုံး တည်ဆောက်ခဲ့သည်။

အိမ်တွင်း-အိမ်ပြင် ပေါင်းစပ်ထားသည့် ရေကန်ကျယ်ကြီးနှင့် အိမ်တွင်းရုပ်ရှင်ရုံတို့အပြင် နေအိမ်တစ်ခုလုံးတွင် တန်ဖိုးကြီး amenities များစွာ ထည့်သွင်းထားသည်။

Sandbanks သည် သန်းကြွယ်သူဌေးများ ခြေချရာနေရာတစ်ခုလည်းဖြစ်ပြီး လန်ဒန်နှင့် ပြည်ပဝယ်လက်များက နေအိမ်ဟောင်းများကို ဝယ်ယူကာ ခေတ်မီနေအိမ်များ ဆောက်လုပ်လာကြသည်။

စံအိမ်ကြီး၏ အထင်ရှားဆုံး ဗိသုကာလက်ရာမှာ တြိဂံပုံမျက်နှာစာဖြစ်သည်။

ဂျွန်လင်နွန်၏ အဒေါ်ကွယ်လွန်သွားပြီးနောက် ဂျွန်လင်နွန်၏ ဇနီးဖြစ်သူ ယိုကိုအိုနိုက ဆက်လက်ပိုင်ဆိုင်ခဲ့ပြီး လေလံတင်ရောင်းချခဲ့သည်။

အိမ်ခြံမြေမှတ်တမ်းများအရ လက်ရှိပိုင်ရှင်က ၂၀၁၆ ခုနှစ်အစောပိုင်းတွင် ပေါင် ၄ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

၎င်းက စံအိမ်ကြီးတွင် ၂ နှစ်ခန့်နေထိုင်ခဲ့ပြီး နေထိုင်ခဲ့စဉ်ကာလအတွင်း ငွေအလုံးအရင်းအသုံးပြုကာ ပြန်လည်မွမ်းမံခြင်း၊ အတွင်းပိုင်း အဆင့်မြှင့်မွမ်းမံခြင်းများ ပြုလုပ်ခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service