မန္တလေးကမ်းနားလမ်း အငှားအိမ်ရာတိုက်ခန်းများ အမှန်တကယ်နေသူကိုသာ ငှားမည်ဟု စည်ပင်ဆို

မန္တလေးကမ်းနားလမ်း အငှားအိမ်ရာတိုက်ခန်းများ အမှန်တကယ်နေသူကိုသာ ငှားမည်ဟု စည်ပင်ဆို - Property News in Myanmar from iMyanmarHouse.com
8 Oct 2018 10:44 am တွင် တင်ခဲ့သည်
926 ကြိမ် ကြည့်ရှု့ပြီး

အောင်မြေသာစံမြို့နယ် ကမ်းနားလမ်းတစ်လျှောက် ကျူးကျော်နေထိုင်သူများအတွက် ဆောက်လုပ်ပေးထားသော အငှားအိမ်ရာတိုက်ခန်းများကို မန္တလေးတိုင်းအစိုးရအဖွဲ့ ဦးဆောင်စစ်ဆေးခဲ့ပြီး အမှန်တကယ်နေထိုင်သူများကိုသာ စာချုပ်အသစ်ချုပ်ဆို၍ ပြန်လည်ငှားရမ်းပေးမည်ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူများက ပြောကြားသည်။

“စိစစ်တဲ့အချိန်မှာ အုပ်စုသုံးစု လောက်တွေ့ရပါတယ်။ မူလချထားပေး စဉ်ကတည်းက နေတဲ့သူကငါးရာလောက်၊ တစ်ဆင့်ပြန်ငှားစားတဲ့သူက ငါးရာလောက်နဲ့ ရောင်းထားတာက ငါးရာလောက်ပေါ့။ ချပေးကတည်းက အခုထိ နေတဲ့သူတွေကို စာချုပ်အသစ်နဲ့ ဆက်နေခွင့်ပေးမယ်။ တစ်ဆင့်ငှားထားသူနဲ့ ဝယ်ယူနေထိုင်သူတွေကိုလည်း သူတို့အမည်နဲ့ စာချုပ်ပြန်ချုပ်ပြီး နေခွင့်ပြုမယ်လို့စဉ်းစားနေတယ်။ လခမပေးတဲ့သူတွေကိုတော့ သတိပေးထားတယ်” ဟု မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောဆိုသည်။

မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ယင်းတိုက်ခန်းများတွင် နေထိုင်သူများကို ပြန်လည်စိစစ်မည်ဖြစ်ကြောင်း စက်တင်ဘာလကုန်ပိုင်းက ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ဝင်ရောက် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

တိုက်ခန်းတစ်ခန်းလျှင် ငှားရမ်းနေထိုင်ခအဖြစ် တစ်လလျှင် ကျပ်လေးသောင်းသတ်မှတ်ထားပြီး ဒဏ်ကြေးကိုမူ ကျပ်တစ်သိန်း သတ်မှတ်ထားကြောင်း၊ ဒဏ်ငွေ ပေးဆောင်သူများကို တိုက်ခန်းတွင်နေ ထိုင်ခွင့်ပြုတော့မည်မဟုတ်ကြောင်း ဦးကျော်ဆန်းမြင့်က ထပ်လောင်းပြောဆိုသည်။

အဆိုပါအငှားအိမ်ရာတိုက်ခန်းများတွင် မူးယစ်ဆေးဝါးသုံးစွဲရောင်းချနေမှုများ ရှိနေသည့်အတွက် ဩဂုတ် ၂၀ ရက် က ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး မူးယစ်တွေ့ရှိသည့်အခန်းများကို ပိတ်သိမ်းခဲ့သည့်အပြင် ကမ်းနားလမ်းတစ်လျှောက်ရှိ ကျူးကျော်တဲများကိုလည်း မန္တလေးတိုင်းအစိုးရအဖွဲ့က ရှင်းလင်းဖယ်ရှားခဲ့သေးသည်။

မြို့တော်စည်ပင်သာယာရေးကော်မတီသည် အဆိုပါအငှားအိမ်ရာတိုက်ခန်းများကို ၂၀၁၅ ခုနှစ်က တည်ဆောက်ခဲ့ရာ မင်းတဲအီကင်းရပ်ကွက် စံပယ်အိမ်ရာ၌ ၁၂ ခန်းတွဲခြောက်ထပ်တိုက်ခြောက်လုံးမှ ၄၃၂ ခန်း၊ နှင်းဆီအိမ်ရာ၌ ၁၂ ခန်းတွဲ ခြောက်ထပ်တိုက် ၁၄ လုံးမှ အခန်း ၁၀၀၈ ခန်း၊ ညောင်ကွဲရပ်ကွက် ကံကော်အိမ်ရာ၌ ၁၂ ခန်းတွဲ ခြောက်ထပ်တိုက်နှစ်လုံးမှ ၁၄၄ ခန်းကို ကျူးကျော်နေထိုင်သူများကို အငှားစနစ်ဖြင့် ချထားပေးခဲ့သည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service