ရဟတ်ယာဉ်ဖြင့် လေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း အပါအဝင် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု ၈ ခုခွင့်ပြု

ရဟတ်ယာဉ်ဖြင့် လေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း အပါအဝင် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု ၈ ခုခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
8 Oct 2018 10:08 am တွင် တင်ခဲ့သည်
1374 ကြိမ် ကြည့်ရှု့ပြီး

မြန်မာနိုင်ငံသားကုမ္ပဏီ Yatanarpon Aviation Support ၏ မန္တလေး ချမ်းမြသာစည်လေဆိပ်တွင် ရဟတ်ယာဉ်ဖြင့် လေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း အပါအဝင် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု ၈ ခုကို စက်တင်ဘာလအတွင်း၌ ခွင့်ပြုပေးထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ​သိရသည်။

အဆိုပါ ခွင့်ပြုပေးခဲ့သော ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှာ ပုစွန်မွေးမြူထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်း၊ ငါးတင်ငါးချ ဆိပ်ခံတံတားဝန်ဆောင်မှုလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊​ Treated Water Supply လုပ်ငန်း၊ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း၊ စက္ကူပျော့ဖတ်အမျိုးမျိုး ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် လေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းတစ်ခုတို့ဖြစ်ကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။

လက်ရှိအချိန်တွင် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို စိစစ်ခွင့်ပြုပေးရာတွင် ယခင်က တစ်လျှင် တစ်ကြိမ်ခန့်သာ ဆောင်ရွက်ပေးမှုကို လုပ်ငန်းများကို ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်အတွက် တစ်လလျှင် သုံးကြိမ်မှ လေးကြိမ်အထိ ထပ်တိုးခွင့်ပြုပေးလျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

“လာတင်တဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ နည်းနည်းများလာပြီဆိုတာနဲ့ ချက်ချင်းခွင့်ပြုပေးဖို့လုပ်တဲ့အတွက် အခုက တစ်ပတ်ကို တစ်ကြိမ်လောက်ကို လုပ်ငန်းတွေ ခွင့်ပြုပေးနေတယ်”ဟု ၎င်းကဆိုသည်။

ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ခွင့်ပြုပေးနိုင်ရန်အတွက်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ရင်းနှီးမြှုပ်နှံမှုကော်မတီများကို ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းတွင် ဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီများက မတည်ရင်းနှီးငွေ အမေရိကန် ဒေါ်လာ ငါးသန်း (သို့မဟုတ်) ကျပ်သန်း ၆၀၀၀ အထိရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို စိစစ်ခွင့်ပြုပေးသည်။

ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်အရ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ခွင့်ပြုမိန့်ပေးခြင်းကို ရက် ၉၀ နှင့် အတည်ပြုမိန့်ပေးခြင်းကို ရက် ၆၀ အတွင်း စိစစ်ခွင့်ပြုပေးရမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြာသးမှု ဦးစီးဌာနထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service