ရန်ကုန် အများပိုင်မြေ နှစ်ရှည်ငှားရမ်းခ နည်းလွန်းနေကြောင်း စာရင်းစစ်ပြော

ရန်ကုန် အများပိုင်မြေ နှစ်ရှည်ငှားရမ်းခ နည်းလွန်းနေကြောင်း စာရင်းစစ်ပြော - Property News in Myanmar from iMyanmarHouse.com
5 Oct 2018 12:21 pm တွင် တင်ခဲ့သည်
1440 ကြိမ် ကြည့်ရှု့ပြီး

ပုဂ္ဂလိက စီးပွားရေးသမားများ ထံသို့ သဘောတူစာချုပ်ဖြင့် နှစ်ရှည်ငှားရမ်းထားသော အများပြည်သူဆိုင်ရာ နေရာများအတွက် ငှားရမ်းခမှာ နည်းပါးလွန်းသောကြောင့် အစိုးရအနေဖြင့် ကျပ်ငွေဘီလျံများစွာ ဆုံးရှုံးနေကြောင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် ရန်ကုန်စာရင်းစစ်ချုပ်ရုံး အစီရင်ခံက ဖော်ပြနေသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် အများပြည်သူဆိုင်ရာ ပန်းခြံများကို ယခင် အစိုးရလက်ထက်က နှစ်ရှည် သဘောတူစာချုပ်များ ချုပ်၍ ငှားရမ်းလုပ်ကိုင်ခွင့် ပေးခဲ့ကြောင်း စာရင်းစစ် အစီရင်ခံစာက ဆိုသည်။ ယင်းနေရာများတွင် ငှားရမ်းခ နှုန်းထားမှာ ၁ ပေပတ်လည်လျှင် ၃၂ ကျပ်သာ ရှိပြီး လက်ရှိ ပျမ်းမျှ ငှားရမ်းခပေါက်ဈေး ဖြစ်သည့် ၁၀၀၀ ကျပ်အောက် များစွာ လျော့နည်းနေသည်။ရွှေတိဂုံစေတီတော် တောင်ဘက် စောင်းတန်းမှ ခြေလျင် သွားနိုင်သည့်နေရာတွင် တည်ရှိသော ဦးဥတ္တမ ပန်းခြံတွင် မြေဧရိယာ ၁၈၀,၀၀၀ စတုရန်းပေကို ငှားရမ်းထားရာ ယင်းနေရာတွင် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင် ၅ ဆိုင်နှင့် အပန်းဖြေ ကစားကွင်းမှာ တပေပတ်လည်လျှင် ၅၆ ဒသမ ၉၁ ကျပ်သာ ရှိသည်။

လက်ရှိ မြေငှားခ ပျမ်းမျှပေါက်ဈေး ၁၀၀၀ ကျပ်ဖြင့် တွက်ကြည့်လျှင် အစိုးရအတွက် တနှစ်လျှင် ကျပ်ငွေ ၂ ဘီလျံ ဆုံးရှုံးနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဇင်မင်းထွေးက လွှတ်တော်တွင် ဗုဒ္ဓဟူးနေ့က ပြောခဲ့သည်။

အကယ်၍ ယင်းငွေများကို စနစ်တကျစီမံခန့်ခွဲပါလျှင် အစိုးရ အနေဖြင့် ကောင်းမွန်စွာ သုံးစွဲနိုင်မည်ဖြစ်ကြောင်း သူက ဆိုသည်။

“ညဘက်ဆိုရင် ကျနော့်မဲဆန္ဒနယ်ထဲက လူ ၅၀၀ ကျော်လောက် အမှောင်ထဲမှာ နေနေရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဓာတ်အားလိုင်းနဲ့ ပေပေါင်းရာနဲ့ချီပြီး ဝေးတဲ့ရပ်ကွက်မှာ နေရလို့ပါ။ သူတို့အတွက် အင်မတန် ဝမ်းနည်းရပါတယ်” ဟု သူက ဆိုသည်။

ကရဝိက်ဥယျာဉ်ရှိ မြေ ၁၉ ဧကကို ဇေကမ္ဘာကုမ္ပဏီသို့ ၂၀၁၀ ပြည့်နှစ်က နှစ် ၃၀ ငှားရမ်းခဲ့ရာ ၁ စတုရန်း ပေလျှင် ၄၇ ဒသမ ၄၇၇ ကျပ် ဖြစ်ရာ လက်ရှိ ဈေးကွက် ပေါက်ဈေး၏ ပျမ်းမျှနှုန်းထက် များစွာ လျော့နည်းနေကြောင်း စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာက ဆိုထားသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီတခုဖြစ်သည့် ဇေကမ္ဘာကို လုပ်ငန်းရှင်သူဌေး ဦးခင်ရွှေက လုပ်ကိုင်နေသည်။

အခြားနေရာတခုမှာ ရွှေတိဂုံစေတီတော် အနောက်ဘက် စောင်းတန်းအနီးရှိ ၇၆ ဒသမ ၃၆ ဧက ကျယ်ဝန်းသော ပြည်သူ့ဥယျာဉ်ဖြစ်ပြီး Natural World ကုမ္ပဏီသို့ ၂၀၁၄ ခုနှစ်က ၁ ပေပတ်လည် ၃၂ ကျပ်ဈေးဖြင့် အငှားချထားသည်။

Credit:  irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service