ရှန်ဟိုင်းအခြေစိုက် ကုမ္ပဏီကြီး Fosun International က လန်ဒန်မှ နှစ်ပေါင်း ၅၀၀ နီးပါးသက်တမ်းရှိ Royal Exchange အဆောက်အအုံကြီးကို ပေါင် ၄၅ သန်းဖြင့် ဝယ်ယူ

ရှန်ဟိုင်းအခြေစိုက် ကုမ္ပဏီကြီး Fosun International က လန်ဒန်မှ နှစ်ပေါင်း ၅၀၀ နီးပါးသက်တမ်းရှိ Royal Exchange အဆောက်အအုံကြီးကို ပေါင် ၄၅ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
5 Oct 2018 11:49 am တွင် တင်ခဲ့သည်
1034 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့အခြေစိုက် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီး Fosun International သည် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှ နှစ်ပေါင်း ၅၀၀ နီးပါးသက်တမ်းရှိ Royal Exchange အဆောက်အအုံကြီးကို ပေါင် ၄၅ သန်းဖြင့် ဝယ်ယူလိုက်ကြောင်း ရှန်ဟိုင်း အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

Royal Exchange အဆောက်အအုံကြီးကို လွန်ခဲ့သော ၄၄၇ နှစ် ၊ ခရစ်နှစ် ၁၅၇၁ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

မီး ၂ ကြိမ်သင့်ခံခဲ့ရပြီး ပြန်လည်ဆောက်လုပ်မှုများ ပြုလုပ်ခဲ့ရသည်။

လက်ရှိတွင် စတိုးဆိုင်ပေါင်း ၃၃ ဆိုင်၊ စားသောက်ဆိုင် ၅ ခုနှင့် ကော်ဖီဆိုင်များ ဖွင့်လှစ်ထားသည်။

Fosun International က ရှယ်ယာအများစုပိုင်ဆိုင်ထားသည့် ကုမ္ပဏီတစ်ခုဖြစ်သော Resolution Property က ၁၆ ရာစု အဆောက်အအုံကြီးကို ပေါင် ၄၅ သန်း (ကန်ဒေါ်လာ ၅၈ ဒသမ ၄ သန်း) ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ Michael Elliott ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Royal Exchange အဆောက်အအုံကြီးကို အရောင်းအဝယ်ဖြစ်ခဲ့သည့် ယခုဈေးနှုန်းအရ စတုရန်းတစ်ပေလျှင် ၆၆၁ ဒသမ ၅၄ ပေါင် ကျသင့်နေသည်။

Grade I အဆင့် ရုံးအဆောက်အအုံဖြစ်ပြီး ရုံးခန်းနေရာအတွက် စတုရန်းပေ ၆၈၀၂၃ ( ၆၃၁၉ ဒသမ ၅ စတုရန်းမီတာ) အကျယ်အဝန်းပါဝင်သည်။

မြေညီထပ်ရှိ လက်လီအရောင်းဆိုင်နှင့် စားသောက်ဆိုင်များ၏ စတုရန်းပေ ၅၀၀၀၀ ခန့် ကျယ်ဝန်းသော နေရာမှာမူ ယခုအရောင်းအဝယ်တွင် ပါဝင်ခြင်း မရှိချေ။

အဆိုပါ မြေညီထပ်ကို Oxford Properties ထံ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ပေါင် ၈၃ သန်းဖြင့် ရောင်းချခဲ့ပြီး ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service