ကျွဲဆည်ကန်ကားကွင်းရှိ ဆိုင်ခန်းများ ယာယီကွင်းတွင်ပြောင်းရွှေ့မည့် အစီအစဉ်ယာယီရွှေ့ဆိုင်း

ကျွဲဆည်ကန်ကားကွင်းရှိ ဆိုင်ခန်းများ ယာယီကွင်းတွင်ပြောင်းရွှေ့မည့် အစီအစဉ်ယာယီရွှေ့ဆိုင်း - Property News in Myanmar from iMyanmarHouse.com
5 Oct 2018 10:33 am တွင် တင်ခဲ့သည်
2126 ကြိမ် ကြည့်ရှု့ပြီး

ချမ်းမြရွှေပြည် ယာဉ်ရပ်နားစခန်း (ကျွဲဆည်ကန်) ကို အဆင့်မြှင့်တင်မှု ပြုလုပ်မည်ဖြစ်ရာ ယင်းအချိန်အတွင်း ကားကွင်းအတွင်းရှိ ဆိုင်ခန်းများအနေဖြင့် တံခွန်တိုင်းဝိုင်းအနီး ယာယီကွင်းအတွင်း ပြောင်းရွှေ့ပြေးဆွဲရန် အတွက် ညွှန်ကြားထားသော်လည်း ပြောင်းရွှေ့ရမည့်ယာယီကွင်းတွင် စီစဉ်ထားမှုများမှာ အဆင်မပြေမှုများရှိနေကြောင်း ယာဉ်အသင်း လုပ်ငန်းရှင်များထံမှ သိရသည်။

ကျွဲဆည်ကန်ကားကွင်းမှ ဆိုင်ခန်းများ အနေဖြင့် ယာယီကွင်းသို့ လာမည့်ဒီဇင်ဘာတွင် အပြီးပြောင်းရွှေ့ပေးရန် စည်ပင်မှ ညှိနှိုင်းထားသော်လည်း ယာယီကားကွင်း ဒီဇိုင်းနှင့် လက်ရှိထွက်ခွာပြေးဆွဲနေသည့် ယာဉ်အစီးရေ၊ ကားရပ်နားရန် နေရာသတ်မှတ်ထားမှုများ၊ ခရီးသည်များနှင့် ယာဉ်လိုင်းဝန်ထမ်းများအတွက် အဆင်မပြေမှုများစွာရှိပြီး ယင်းအချက်များကို ပြုပြင်သတ်မှတ်ပေးရန် ယာဉ်အသင်းလုပ်ငန်းရှင်များက တင်ပြထားကြောင်း သိရသည်။

“ယာယီကွင်းမှာ အခက်အခဲတွေက ဘာတွေရှိလဲဆိုတော့ ကားရပ်ဖို့ အခက်အခဲ ဖြစ်နိုင်တယ်။ ပါလာတဲ့ပစ္စည်းတွေချဖို့ ဂိတ်လိုမပေးထားဘူး။ အားလုံးလာချရမယ်ဆိုတာ မဖြစ်နိုင်ကြောင်း ပြောခဲ့တယ်။ ဧရိယာ သတ်မှတ်ပေးတာတွေ ချဲ့ပေးဖို့ ပြောခဲ့တယ်။ အခုလက်ရှိထွက်နေတာ တစ်ပြိုင်တည်းမှာ ကားအစီးရေ ၅၀ လောက်ရှိနေတာမို့ သူတို့ စီစဉ်ပေးထားမှုတွေနဲ့ အဆင်မပြေနိုင်တာတွေ ရှိတယ်။ သူတို့ဆွဲထားတာက ရှိတဲ့ယာဉ်လိုင်းနဲ့ မလောက်ဘူး။ ဒါတွေကို အဆင့်မြှင့်တင်မယ့်ကုမ္ပဏီနဲ့ တွေ့ဆုံဆွေးနွေးတဲ့အချိန်မှာ ပြောခဲ့တယ်။ ဒါကြောင့်မို့ သူတို့ပြောထားတဲ့ ဒီဇင်ဘာမှာ အပြီးရွှေ့ပေးဖို့ကို ရွှေ့ဆိုင်းသွားတယ်။ ဘယ်တော့လို့တော့ ထပ်မပြောသွားဘူး” ဟု မန္တလာမင်းယာဉ်လိုင်းဥက္ကဋ္ဌ ဒေါ်လဲ့လဲ့အေးက ပြောကြားသည်။

ကျွဲဆည်ကန်ကားကွင်း အဆင့်မြှင့်တင်မှုအား ငါးထပ်အဆောက်အအုံအဖြစ် တည်ဆောက်၍ ယာဉ်ဝင်းဧရိယာအတွင်း တခြားဆက်စပ်လုပ်ငန်းများ အတွက်လည်း စီစဉ်ထားရှိမည်ဖြစ်သောကြောင့် ရာခိုင်နှုန်း ၆၀ ကို ပြန်လည်အသုံးပြုချထားပေးမည်ဖြစ်ကာ ရာခိုင်နှုန်း ၄၀ အား အများသုံးနေရာများအတွက် အသုံးပြုမည်ဖြစ်ကြောင်း ယင်းသို့ဆောင်ရွက်ရာတွင် ရေရှည်အတွက် ထည့်သွင်းစဉ်းစားမှုများ လိုအပ်ပြီး စနစ်ကျမှုနှင့် မြေပြင်အခြေအနေတွက် အခက်အခဲ မဖြစ်ရန်အတွက် ပညာရှင်များဖြင့် အကြံပေး ဆောင်ရွက်သင့်ကြောင်း ယာဉ်အသင်းလုပ်ငန်းရှင်များက ဆိုသည်။

“လုပ်မယ့်အဆင့်မြှင့်တင်မှုမှာလည်း ဒီဇိုင်းပိုင်းမှာ အားနည်းမှုရှိနေတယ်။ မြေပြင် အခြေအနေမှာ ၁၄ မီတာလောက်ရှိတဲ့ကားကို သူတို့တွက်တဲ့အခါမှာ ၁၁ မီတာလောက်နဲ့ တွက်ထားတယ်။ နောက်ကျန်တဲ့ အစိတ်အပိုင်းတွေမှာလည်း ခရီးသည်တွေနဲ့ ယာဉ်လိုင်းတွေအတွက် အဆင်မပြေမှုရှိနိုင်တယ်။ ဒီလိုစီမံကိန်းကြီးလုပ်တဲ့အခါမှာ အကြံပေးလိုမျိုး ခန့်ထားတာလည်း မတွေ့ရဘူး။ ကန်ထရိုက်တာက ငှားထားတဲ့ ကုမ္ပဏီကပဲ ဒီဇိုင်း ရေးဆွဲတယ်။ တင်ပြတယ်။ အဲဒီမှာ လုပ်ငန်းတွေအတွက် အဆင်မပြေမှုတွေတွေ့တယ်။ ဒါကြောင့် စီမံကိန်း စနစ်တကျနဲ့ အဆင်ပြေဖို့လို့ ပညာရှင်ပါတဲ့ အကြံပေးလိုအပ်တယ်” ဟု ရွှေမန္တလာယာဉ်လိုင်းပိုင်ရှင် ဦးနေလင်းဦးက ပြောကြားသည်။

ကားကွင်း အဆင့်မြှင့်တင်ရေးနှင့် ပတ်သက်၍ ယာဉ်အသင်းပိုင်ရှင်များ၊ စည်ပင်သာယာနှင့် တည်ဆောက်မည့်ကုမ္ပဏီတို့ တွေ့ဆုံဆွေးနွေးခြင်းကို အောက်တိုဘာ ၃ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ယာဉ်အသင်းပိုင်ရှင်များက အဆင်မပြေမှုများကို တင်ပြခဲ့ခြင်းဖြစ်ပြီး ထပ်မံ၍တွေ့ဆုံမှုကို နိုဝင်ဘာလဆန်းအတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့ရှိ ကားကြီးကွင်းများအနက် ကျွဲဆည်ကန်ကားကွင်းမှာ ယာဉ်အစီးရေ အများဆုံး ထွက်ခွာပြေးဆွဲသည့် ကားကွင်းဖြစ်ကာ စည်ပင်သာယာမှ မှတ်တမ်းများအရ ကားကွင်းအတွင်း လက်မှတ်အရောင်းဆိုင်ခန်း ၃၃၀ နှင့် ဈေးဆိုင်ခန်း ၁၀၀ ကျော်ရှိကြောင်း၊ ကားကွင်းအဆင့်မြှင့်တင်မှု စီမံကိန်းအတွက် M Development ကုမ္ပဏီက လုပ်ကိုင်ခွင့်ရထားခြင်းဖြစ်သည်။

 

 

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service