SMID Bank က လစာငါးဆ ဝန်ထမ်းချေးငွေ စချေး

SMID Bank က လစာငါးဆ ဝန်ထမ်းချေးငွေ စချေး - Property News in Myanmar from iMyanmarHouse.com
4 Oct 2018 12:01 pm တွင် တင်ခဲ့သည်
2457 ကြိမ် ကြည့်ရှု့ပြီး

အသေးစားနှင့် အလတ်စားစက်မှု လုပ်ငန်းဖွံ့ဖြိုးရေးဘဏ် (SMID Bank) က အစိုးရဝန်ထမ်းများကို လစာ၏ငါးဆနှုန်းဖြင့် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ ဝန်ထမ်းချေးငွေများ စတင် ထုတ်ချေးလျက်ရှိကြောင်း ယင်းဘဏ်ထံမှသိရသည်။

SMID Bank က လစာ၏ငါးဆနှုန်းဖြင့် ၂၀၁၇ ခုနှစ် ဇွန်လမှ စက်တင်ဘာလအထိ ဝန်ထမ်းခြောက်သောင်းကျော်ကို ချေးငွေသက်တမ်းတစ်နှစ်ဖြင့် ကျပ်ဘီလီယံ ခြောက်ဆယ်ထုတ်ချေးပေးခဲ့ရာ လက်ရှိအချိန်အထိ ကြွေးကျန်ဦးရေ ၈၀၀၀ ခန့်နှင့် ကျပ် ၁၁ ဘီလီယံ ပေးဆပ်ရန် ကျန်နေကြောင်း ယင်းဘဏ်ထံမှသိရသည်။

ချေးငွေသက်တမ်းပြည့်ပြီးသော်လည်း ပြန်လည်ပေးဆပ်ရန်ကျန်သည့် ဝန်ထမ်းအချို့ရှိသော်လည်း နိုင်ငံ့ဝန်ထမ်းအများစုနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့၏ တောင်းဆိုမှုကြောင့် အကျေပြန်လည်ပေးဆပ်ပြီးသည့် ဝန်ကြီးဌာနအောက်ရှိ အမှုထမ်းများကို လစာ၏ သုံးဆနှင့် အရာထမ်းများကို လစာ၏ငါးဆနှုန်း ထုတ်ချေးမည်ဖြစ်သည်။

အဆိုပါချေးငွေကို ဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများကို တစ်ဦးချင်း ထုတ်ချေးပေးမည်မဟုတ်ဘဲ ဌာနလိုက်အုပ်စုစနစ်ဖြင့် ထုတ်ချေးပေးမည်ဖြစ်ပြီး ချေးငွေအတိုးနှုန်းမှာ တစ်နှစ်လျှင် ၁၀ ရာခိုင်နှုန်းဖြင့် လစဉ်အရင်းအတိုးကို ပုံမှန်ကောက်ခံမည်ဖြစ်ကာ ဘဏ်က ကော်မရှင်ခအဖြစ် ချေးငွေသက်တမ်းတစ်နှစ်နှင့် ခြောက်လအတွက် ဝန်ဆောင်ခ ၁ ဒသမ ၅ ရာခိုင်နှုန်း၊ လျှောက်လွှာ၊ တံဆိပ်ခေါင်းနှင့် စာရွက်စာတမ်းကြေးအတွက် ကျပ် ၁၂,၅၀၀ ကောက်ခံမည်ဖြစ်ကြောင်း SMID Bank ထံမှ သိရသည်။

ထို့ပြင် ချေးငွေလျှောက်ထားသူသည် ဌာနဝန်ထမ်းနှစ်ဦးနှင့် မိသားစုဝင်တစ်ဦး အာမခံသုံးဦးလိုအပ်မည်ဖြစ်ပြီး ငွေချေးသူ ဌာနပြောင်းရွှေ့သွားပါက (သို့မဟုတ်) ပေးဆပ်ရန်ပျက်ကွက်ပါက အာမခံသုံးဦးက ကျေသည်အထိ ဆက်လက်တာဝန်ယူရမည်ဖြစ်ကြောင်း၊ အရစ်ကျ အရင်းအတိုးငွေများ ပေးသွင်းရန်ပျက်ကွက်ပါက အမှုထမ်းဖြစ်ပါက တစ်လပျက်ကွက်လျှင် ကျပ်တစ်သောင်း၊ အရာထမ်းဖြစ်ပါက တစ်လပျက်ကွက်လျှင် ကျပ်နှစ်သောင်း ကောက်ခံမည်ဖြစ်သည်။

ယခင်က လစာ၏ငါးဆနှုန်းချေးငွေကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ပြန်လည်ထုတ်ချေးပေးမည်ဟု SMID Bank က ကြေညာထားသော်လည်း ပြန်လည်ပေးဆပ်ရန် ကျန်ရှိသူများကြောင့် အောက်တိုဘာလ ၁ ရက်နေ့မှသာ စတင်ထုတ်ချေးခြင်းဖြစ်သည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service