ဗီယက်နမ်အိမ်ခြံမြေဈေးကွက်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတို့အတွက် ရွှေတွင်းဖြစ်လာလျက်ရှိ

ဗီယက်နမ်အိမ်ခြံမြေဈေးကွက်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတို့အတွက် ရွှေတွင်းဖြစ်လာလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
4 Oct 2018 11:22 am တွင် တင်ခဲ့သည်
983 ကြိမ် ကြည့်ရှု့ပြီး

ဗီယက်နမ်အိမ်ခြံမြေဈေးကွက်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတို့အတွက် ရွှေတွင်းဖြစ်လာလျက်ရှိကြောင်း ဟနွိုင်းအခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ပြီးခဲ့သော ဇူလိုင်လကုန်တွင် နိုင်ငံခြားသား ၁၀၀ ရာခိုင်နှုန်းပိုင်ဆိုင်သည့် အိမ်ခြံမြေ developer ဖြစ်သော Alpha King သည် ဟိုချီမင်းမြို့တော် ခရိုင်အမှတ် ၁ တွင် အိမ်ခြံမြေဆောက်လုပ်ရေးစီမံကိန်း ၃ ခု မိတ်ဆက်ခဲ့သည်။

အဆိုပါစီမံကိန်းများမှာ တုံ ဒပ်ခ် သန်လမ်း၊ အမှတ် ၂ တွင် အဆင့်မြင့် အသင့်နေလူနေခန်းများစီမံကိန်း၊ ထရန်ဟောင်ဒေါင်လမ်း-အမှတ် ၂၈၉ တွင် A-class ရုံးခန်းအဆောက်အအုံစီမံကိန်းနှင့် ကောင်းကွမ်လမ်း-အမှတ် ၈၇ တွင် Alpha City ကွန်ပလက်စ်စီမံကိန်းတို့ ဖြစ်ကြသည်။

Alpha King ၏ အမှုဆောင်အရာရှိချုပ် ဂျင်မီချန်းက ပြောကြားရာတွင် ယင်းစီမံကိန်းများကို အပြီးသတ်ဆောက်လုပ်ရန် ၂ နှစ်မှ ၃ နှစ်ခန့် အချိန်ယူရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဂျပန်ကုမ္ပဏီ ဟီနိုကီယာကလည်း ဗီယက်နမ်မှ TWG နှင့် လက်တွဲကာ ဗီယက်နမ်တွင် ပထမဆုံးဆောက်လုပ်ရေးစီမံကိန်းတစ်ခု အကောင်အထည်ဖော်ရန် ပြင်ဆင်နေသည်။

TWG ၏ အမှုဆောင်အရာရှိချုပ် လီကောက်မင်း၏ ပြောကြားချက်အရ ဂျပန်ဟန်အကောင်အထည်ဖော်မည့် အိမ်ရာစီမံကိန်းကို မိမိတို့ ကုမ္ပဏီ ၂ ခုက ၅၀/၅၀ အချိုးပိုင်ဆိုင်လုပ်ကိုင်ကြမည်ဖြစ်ပြီး စီမံကိန်းဧရိယာမှာ ၉ ဒသမ ၇ ဟက်တာရှိသည်ဟု ပြောကြားသည်။

ဗီယက်နမ် အိမ်ခြံမြေလောကသို့ ၂၀၁၈ ခုနှစ် ပထမ ၆ လတာကာလအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံရှိခဲ့ရာ စုစုပေါင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၂၇ ဒသမ ၃ ရာခိုင်နှုန်း ရှိခဲ့သည်။

အဆိုပါပမာဏမှာ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၆ ခုနှစ် ၂ နှစ်ပေါင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏထက်ပင် များပြားနေပြီ ဖြစ်သည်။

၂၀၁၇ ခုနှစ်အတွင်း ဗီယက်နမ်အိမ်ခြံမြေလောကသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၂ ဘီလီယံရှိခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ၁ ဒသမ ၇ ဘီလီယံ ရှိခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service