ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက နိုင်ငံခြားအိမ်ခြံမြေဝယ်လက်များကို အခွန်ပိုမိုမြင့်မားစွာ ကောက်ခံရန် စီစဉ်လျက်ရှိ

ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက နိုင်ငံခြားအိမ်ခြံမြေဝယ်လက်များကို အခွန်ပိုမိုမြင့်မားစွာ ကောက်ခံရန် စီစဉ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
3 Oct 2018 11:22 am တွင် တင်ခဲ့သည်
1024 ကြိမ် ကြည့်ရှု့ပြီး

ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေသည် ကွန်ဆာဗေးတစ်ပါတီ ညီလာခံတွင် မူဝါဒသစ်များ ချပြခဲ့ရာ နိုင်ငံခြားအိမ်ခြံမြေဝယ်လက်များ အနေဖြင့် အခွန်ပိုမိုမြင့်မားစွာ ပေးဆောင်ရဖွယ် အလားအလာရှိနေပြီဖြစ်သည်။

ဗြိတိန်အစိုးရက အခွန်မပေးဆောင်သော လူပုဂ္ဂိုလ်တစ်ဦးချင်းနှုင့် ကုမ္ပဏီများကို အခွန် ၁ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအကား တိုးမြှင့်ကောက်ခံရေးအတွက် အကြံဥာဏ်ရယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရက ကြေညာထားသည်ဟု Sunday Telegraph သတင်းစာတွင် ဖော်ပြသည်။

ယခုခြေလှမ်းသည် ဗြိတိန်အိမ်ခြံမြေဈေးကွက်အပေါ် ဖိအားတစ်ခု ဖြစ်လာဖွယ်ရာရှိနေသည်။

Bank of England ၏ အကြီးအကဲ မာ့ခ် ကာနေးက ယခုလအစောပိုင်းတွင် ပြောကြားခဲ့ရာ၌ ညှိနှိုင်းမှုမရှိဘဲ ဥရောပသမဂ္ဂမှ ဗြိတိန်နှုတ်ထွက်ရန် စီစဉ်နေခြင်းမှာ အိမ်ခြံမြေဈေးနှုန်းများကို ၃၅ ရာခိုင်နှုန်းကျော်အထိ မြင့်တက်သွားစေဖွယ်ရာရှိကြောင်း ပြောကြားထားသည်။

ကမ္ဘာ့အကြီးမားဆုံးကုန်သွယ်ရေးအုပ်စုကြီးမှ ဗြိတိန်၏ ထွက်ခွာလုဆဲအခြေအနေမှာ လန်ဒန်အိမ်ခြံမြေဈေးကွက်အပေါ် ကြီးမားစွာ အထိနာမှုများ ပေါ်ပေါက်စေခဲ့ရာ ဆယ်စုနှစ်အတွင်း အကြီးမားဆုံး ဈေးနှုန်းကျဆင်းမှုများ ဖြစ်ပေါ်ခဲ့သည်။

လန်ဒန်တွင် အိမ်ခြံမြေဈေးနှုန်းများ ပျှမ်းမျှအားဖြင့် ၄၈၅၀၀၀ ပေါင် ( ၆၃၂၀၀၄ ဒေါ်လာ) ခန့်အထိ ကျဆင်း ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် ၂၀၁၃ ခုနှစ်၊ သြဂုတ်လ နောက်ပိုင်းမှစတင်ပြီး ဖွံ့ဖြိုးမှု အနှေးကွေးဆုံးဖြစ်နေသည်။

“လက်ရှိအားဖြင့် နိုင်ငံခြားဝယ်လက်တွေဟာ ပြည်တွင်းနိုင်ငံသားများနည်းတူ ဗြိတိန်မှာ အိမ်ခြံမြေတွေကို လွယ်လင့်တကူ ဝယ်ယူနိုင်နေကြတယ်။ ဒါဟာ အိမ်ခြံမြေဈေးနှုန်းတွေ ဖောင်းပွမှု ဖြစ်ပေါ်လာစေတယ်ဆိုတဲ့ အထောက်အထားတွေ ရှိနေပါတယ်” ဟု ဗြိတိန်အစိုးရက ထုတ်ပြန်ထားသည်။

ဗြိတိန်အစိုးရက ပြောကြားရာတွင် တံဆိပ်ခေါင်းခွန်တိုးမြှင့်လိုက်ခြင်းကြောင့် ဗြိတိန်ပြည်သူများအတွက် အိမ်ခြံမြေတန်ဖိုးများ ပိုမို တန်ဖိုးမျှတ လာမည်ဖြစ်ပြီး ယင်းသို့ တိုးမြှင့်ကောက်ခံရရှိလာသည့် အခွန်ငွေများဖြင့် အိမ်ရာမဲ့များအား အကူအညီပေးသွားမည်ဟု ဆိုသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service