အင်္ဂလန်နိုင်ငံ၊ လီဗာပူးမြို့ရှိ Echo Building အာရပ်စော်ဘွားများပြည်ထောင်စုမှ အိမ်ခြံမြေ developer က ဝယ်ယူလိုက်ပြီဖြစ်ပြီး ဘက်စုံသုံး ကွန်ပလက်စ် စီမံကိန်းကြီးအဖြစ် အကောင်အထည်ဖော်မည်

အင်္ဂလန်နိုင်ငံ၊ လီဗာပူးမြို့ရှိ Echo Building အာရပ်စော်ဘွားများပြည်ထောင်စုမှ အိမ်ခြံမြေ developer က ဝယ်ယူလိုက်ပြီဖြစ်ပြီး ဘက်စုံသုံး ကွန်ပလက်စ် စီမံကိန်းကြီးအဖြစ် အကောင်အထည်ဖော်မည် - Property News in Myanmar from iMyanmarHouse.com
3 Oct 2018 11:15 am တွင် တင်ခဲ့သည်
924 ကြိမ် ကြည့်ရှု့ပြီး

အာရပ်စော်ဘွားများပြည်ထောင်စုအခြေစိုက် developer ဖြစ်သော Select Group သည် ဗြိတိန်နိုင်ငံ၊ လီဗာပူးမြို့၏ အထင်ကရ အဆောက်အအုံကြီးဖြစ်သော Echo Building ကွန်ပလက်စ်ကို အပြီးသတ်ဝယ်ယူလိုက်ပြီဖြစ်ကြောင်း ထုတ်ဖော်ကြေညာသည်ဟု ဒူဘိုင်းအခြေစိုက် စီးပွားရေးသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဆိုပါ အဆောက်အအုံကြီးနေရာတွင် ဘက်စုံသုံးစီမံကိန်းကြီးအဖြစ် အကောင်အထည်ဖော်မည်ဖြစ်ကာ ယခုအခါ ဆောက်လုပ်ဆဲဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် အပြီးသတ်ဆောက်လုပ် နိုင်မည်ဟု မျှော်မှန်းထားသည်။

လီဗာပူးမြို့၏ အချက်အခြာကျသော ကူးသန်းရောင်းဝယ်ရေးခရိုင်တွင် တည်ရှိပြီး စုစုပေါင်းကြမ်းခင်းဧရိယာ ၃၀၀၀၀၀ ခန့် ကျယ်ဝန်းမည် ဖြစ်သည်။

စီမံကိန်းအတွင်း ဟိုတယ်၊ ရုံးခန်း၊ အပန်းဖြေရာနေရာများ၊ လက်လီအရောင်းဆိုင်နေရာများ၊ မြေအောက်ကားရပ်နားရန်နေရာတို့ ပါဝင်မည်ဖြစ်ပြီး လီဗာပူးတွင် ဘက်စုံသုံးနေရာသစ်ကြီးတစ်ခု ထပ်မံဖြည့်တင်းပေးနိုင်မည် ဖြစ်သည်။

စပိန်နိုင်ငံ၏ အကြီးမားဆုံးဟိုတယ်အုပ်စုကြီးဖြစ်သော Meliá ၏ Innside အမှတ်တံဆိပ်ဖြင့် ကြယ် ၄ ပွင့်အဆင့်ရှိ ဟိုတယ်ကြီးတစ်လုံး လည်း ပါဝင်မည်ဟု ဆိုသည်။

ဟိုတယ်တွင် အထပ်ပေါင်း ၁၇ ထပ်ပါဝင်မည်ဖြစ်ပြီး Master Bedroom ပေါင်း ၂၀၇ ခန်း၊ အရက်ဘားပါဝင်သည့် စားသောက်ဆိုင်၊ ကွန်ဖရင့်ခန်းမ ၆ ခုတို့အပြင် မြို့မြင်ကွင်းကို စီးမိုးရှုမြင်နေရမည့် အမိုးပေါ်ဟင်းလင်းပြင် Skybar တစ်ခုလည်း ပါဝင်မည် ဖြစ်သည်။

Echo Building ကွန်ပလက်စ်စီမံကိန်းတွင် Grade A အဆင့်ရှိ ကူးသန်းရောင်းဝယ်ရေးနေရာတစ်ခု၊ စတုရန်းပေ ၁၅၀၀၀ အကျယ်အဝန်းရှိ အားကစားလေ့ကျင့်ရန်နေရာ၊ မြေညီထပ်တွင် လက်လီအရောင်းဆိုင်များအတွက် နေရာကျယ် ၄ ခုတို့ ပါဝင်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service