ကန်ဒေါ်လာတန်ဖိုးနှစ်ပတ်အတွင်း (၈) ရာခိုင်နှုန်းခန့် ပြန်လည်ကျဆင်းလာ

ကန်ဒေါ်လာတန်ဖိုးနှစ်ပတ်အတွင်း (၈) ရာခိုင်နှုန်းခန့် ပြန်လည်ကျဆင်းလာ - Property News in Myanmar from iMyanmarHouse.com
3 Oct 2018 10:24 am တွင် တင်ခဲ့သည်
2401 ကြိမ် ကြည့်ရှု့ပြီး

ဒေါ်လာဈေးကစားသူ များကို ဖမ်းဆီးအရေးယူနေခြင်း ကြောင့် ပြင်ပငွေဈေးကွက် အ ရောင်းအ၀ယ်ရပ်ထားပြီး နှစ်ပတ် အတွင်း ကန်ဒေါ်လာတန်ဖိုး ၈ ရာခိုင်နှုန်းခန့်ကျဆင်းလာသည်။

စက်တင်ဘာ ၂၀ ရက်တွင် တစ်ဒေါ်လာ ၁,၆၄၂ ကျပ်အထိ ပြည်တွင်း ငွေကြေးဈေးကွက်၌ စံချိန်တင်ခဲ့သော ကန်ဒေါ်လာက အောက်တိုဘာ ၂ ရက်တွင် ကျပ် ၁,၅၂၀ သို့ ပြန်လည်ကျဆင်းလာ သည်။

ပြည်တွင်းငွေကြေးဈေးကွက် တွင် ၁၂ ရက်အတွင်း တစ်ဒေါ် လာလျှင် ၁၂၂ ကျပ်ခန့်ဈေးကျလာသော်လည်း ဈေးကျမှု နှေးကွေးသည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။

‘‘ပစ္စည်းသွင်းဖို့ကို ငွေဈေး အခြေအနေကို စောင့်ကြည့်နေရ တယ်။ ကျနေတယ်ဆိုပေမယ့် အကျကနှေးသလိုပဲ’’ဟု မြ၀တီ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြင့် ထိုင်းနိုင်ငံမှ လူသုံးကုန်ပစ္စည်းများ တင်သွင်းနေသည့် သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် စက်တင် ဘာလလယ်ပိုင်းကစတင်ပြီး ကန် ဒေါ်လာတန်ဖိုး ဆက်တိုက်မြင့် တက်လာကာ အချို့ရက်များ၌ တစ်ရက်လျှင် ကျပ် ၃၀ မှ ၄၀ အထိမြင့်တက်ခဲ့သည်။ ဒေါ်လာဈေး ကစားသူများကို ဖမ်းဆီးစစ်ဆေး မှုကြောင့် ဈေးနှုန်း ပြန်လည်ကျဆင်းလာချိန်တွင်မူ တစ်ရက်လျှင် ၁၀ ကျပ်ခန့်သာ ဈေးကျသောကြောင့် ကုန်ပစ္စည်းတင်သွင်းလို သူအချို့က အချိန်စောင့်နေခြင်း ဖြစ်သည်။

ကျပ်ငွေနှင့် ကန်ဒေါ်လာလဲလှယ်နှုန်းကို လျှော့ချရာတွင် ပုဂ္ဂလိကဘဏ်များက လျှော့ချမှုနှေးပြီး ငွေလဲကောင်တာများက လျင်မြန်စွာ လျှော့ချနေသည်။ ပုဂ္ဂလိကဘဏ်များ ကန်ဒေါ်လာ တန်ဖိုး လျှော့ချမှု နှေးရခြင်းမှာ ပို့ကုန်ရငွေတန်ဖိုး၊ ပြည်ပငွေလွှဲ ပေးပို့နှုန်းများနှင့် ယှဉ်တွဲဈေးဖွင့်ရခြင်းတို့ကြောင့်ဖြစ်ကြောင်း ပုဂ္ဂလိကဘဏ်တစ်ခုမှ အကြီးတန်းဘဏ်အရာရှိတစ်ဦးက ပြောသည်။

ကန်ဒေါ်လာတန်ဖိုးကျဆင်း လာခြင်းကြောင့် ပြည်တွင်း ရွှေ ဈေးနှုန်းကျဆင်းလာပြီး အောက်တိုဘာ ၂ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၉၇၀,၀၀၀ ခန့်ဈေးဖွင့်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service