ရန်ကုန်ရှိ လစ်လပ်နေသော ကျပ်သိန်းထောင်ချီတန် လယ်မြေများကို စနစ်တကျစီမံမည်ဟု ဦးဖြိုးမင်းသိန်းပြော

ရန်ကုန်ရှိ လစ်လပ်နေသော ကျပ်သိန်းထောင်ချီတန် လယ်မြေများကို စနစ်တကျစီမံမည်ဟု ဦးဖြိုးမင်းသိန်းပြော - Property News in Myanmar from iMyanmarHouse.com
3 Oct 2018 10:03 am တွင် တင်ခဲ့သည်
1281 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြို့ပြဧရိယာအတွင်း စိုက်ပျိုးခြင်းမရှိဘဲ လစ်လပ်နေသည့် ကျပ်သိန်း ထောင်ချီတန် လယ်ယာမြေများ ကို စနစ်တကျ စီမံထိန်းညှိဆောင် ရွက်နေသည်ဟု ရန်ကုန်တိုင်းဒေ သကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောသည်။

‘‘လယ်ယာမြေ စနစ်တကျ စီမံခန့်ခွဲနိုင်မှုတွေကို လုပ်မယ်ဆို ရင်တော့ မြေရဲ့တန်ဖိုးဟာလည်း စနစ်တကျဖြစ်လာနိုင်ပါတယ်။ အခုဟာက တချို့လယ်မြေတွေ က သိန်းရာနဲ့ချီ၊ ထောင်နဲ့ချီတန် နေတယ်ဆိုတာက လယ်အတွက်ကတော့ ဘယ်သူမှ ဝယ်မှာမဟုတ်ပါဘူး။ ဒါကြောင့်မို့ မြေတွေရဲ့ ဖွံ့ဖြိုးတိုးတက်လာနိုင်မှုနဲ့ မြေရဲ့တန်ဖိုးကို စနစ်တကျထိန်းညှိနိုင်ဖို့အတွက် ဒီမြေယာမူဝါဒတွေ၊ အသုံးချမှု မူဝါဒတွေဟာ ကျွန်တော်တို့နိုင်ငံ ရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူ ဖြစ်မယ်လို့ ယုံကြည်ပါတယ်’’ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ဆိုသည်။

အောက်တိုဘာ ၂ ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင် ရာကွန်ဗင်းရှင်းစင်တာ(၂)တွင် ကျင်းပသော မြေအသုံးချမူဝါဒ ဆိုင်ရာ ဖိုရမ်ဖွင့်ပွဲအခမ်းအနား အပြီး ခေတ္တရပ်နားစဉ် မီဒီယာ များ၏မေးမြန်းမှုကို ၎င်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားသည်။

‘‘တချို့စည်ပင်သာယာနယ် နိမိတ်မြို့နယ်တွေမှာဆိုရင် မြေတွေဟာ ကိုင်ထားပြီးတော့ စိုက် ပျိုးမှုမရှိဘဲနဲ့ လပ်နေတဲ့မြေတွေ ဖြစ်နေတာတွေရှိပါတယ်။ ဒါတွေ ကိုလည်း စနစ်တကျစီမံခန့်ခွဲသွား ဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်’’ဟု ဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။

ရန်ကုန်နယ်နိမိတ်မြို့နယ် များအတွင်း လက်ရှိစိုက်ပျိုးနေသော မြေနေရာများတွင် အခြား တွက်ခြေကိုက်၍ ပြည်ပတင်ပို့နိုင် မည့်သီးနှံများ ပြောင်းလဲစိုက်ပျိုး ခွင့်ရရေးလည်း ကြိုးပမ်းဆောင် ရွက်နေကြောင်း ဝန်ကြီးချုပ်က ပြောသည်။

‘‘ပြီးရင် မြေစနစ်တကျစီမံ ခန့်ခွဲမှုကို ကျွန်တော်တို့ဆောင် ရွက်ရပါမယ်။ မြေစီမံခန့်ခွဲရေး ဟာ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အရေးအကြီးဆုံးကဏ္ဍတစ်ခုမှာ ရှိနေပါတယ်။ ဘာကြောင့်လဲဆို တချို့နေရာတွေက စိုက်ပျိုးရေး အတွက်သင့်တော်တယ်။ တချို့ နေရာတွေက ဆည်ရေသောက် ဧရိယာတွေဖြစ်တယ်။ တချို့နေရာတွေကတော့ စိုက်ပျိုးရေးအ တွက် မသင့်တော်ဘူး။ မြို့ပြစီမံ ကိန်းတွေ ဆောင်ရွက်မယ်။ စက်မှုဇုန်တွေ ဆောင်ရွက်မယ်ဆိုရင် ဆောင်ရွက်သင့်တဲ့နေရာတွေရှိ မယ်။ တချို့နေရာတွေက လမ်းပန်းဆက်သွယ်ရေးအတွက် ရန် ကုန်ရဲ့ Master Plan စီမံခန့်ခွဲရ မှာမျိုးတွေ ရှိပါမယ်’’ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

ထို့အပြင် ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၏နည်းပညာ ပံ့ပိုးကူညီမှုဖြင့် ရန်ကုန်မြို့ပြမြေ ပုံကို ရေးဆွဲနေသည်ဟု ဦးဖြိုးမင်း သိန်းက ပြောသည်။

‘‘ကျွန်တော်တို့တိုင်းအတွင်း မှာတော့ မြေကို တခြားနည်းလမ်း သုံးစွဲဖို့ ကိစ္စရပ်တွေ၊ မြို့ပြစီမံ ကိန်းတွေနဲ့ပတ်သက်ပြီး ဆောင်ရွက်နေတာတွေ၊ စိုက်ပျိုးရေး ကဏ္ဍနယ်ပယ်တွေမှာ အသုံးပြုနေတာတွေ၊ တချို့ကိစ္စရပ်တွေမှာ မြေကို စနစ်တကျ သုံးစွဲနိုင် ဖို့ လိုအပ်ပါတယ်။ အဲဒီအတွက် ကြောင့် ရန်ကုန်မှာ မြေပုံလုပ်နေ ပါတယ်။ ကျွန်တော်တို့တိုင်းဒေသ ကြီးရဲ့မြေပုံပေါ့။ ဒီမြေပုံကို တ ကယ်ကို စနစ်တကျဆောင်ရွက် ဖို့ ကြိုးစားနေပါတယ်’’ဟု ဝန်ကြီး ချုပ်က ပြောသည်။

 

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service