မြန်မာ့စီးပွားရေး……ဘာလဲ? ဘယ်လဲ? စကားဝိုင်းဆွေးနွေးပွဲ

မြန်မာ့စီးပွားရေး……ဘာလဲ? ဘယ်လဲ? စကားဝိုင်းဆွေးနွေးပွဲ - Property News in Myanmar from iMyanmarHouse.com
2 Oct 2018 2:35 pm တွင် တင်ခဲ့သည်
7507 ကြိမ် ကြည့်ရှု့ပြီး

မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေရောင်းဝယ်ငှား ၀က်ဘ်ဆိုက်ဖြစ်သည့် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း)မှ ကြီးမှူးကျင်းပသည့် “ မြန်မာ့စီးပွားရေး…ဘာလဲ?...ဘယ်လဲ?” စကားဝိုင်းဆွေးနွေးပွဲကို ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံစက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) တွင် စက်တင်ဘာ( ၂၉ )ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် Smart Group of Companies ဥက္ကဌ ဦးကျော်ကျော်လှိုင် ၊ Farmer Auto ၏ Managing Director ဒေါက်တာစိုးထွန်း ၊ MKT Construction ၏ ဥက္ကဌ ဦးမျိုးမြင့် ၊ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း ဒုတိယဥက္ကဌ ဦးစိုင်းခွန်နောင်၊ မြန်မာနိုင်ငံလက်မှုအနုပညာ အသင်း ဥက္ကဌ ဦးသာဓု (ခ) ဦးမြင့်ထွေး နှင့် iMyanmarHouse.com ၏ Managing Director ဦးနေမင်းသူ တို့မှ အိမ်ခြံမြေ၊ ခရီးသွားလုပ်ငန်း၊ ကားဈေးကွက်၊ ဘဏ်တိုးနှုန်း ၊ အခွန်ကိစ္စ ၊ ယဉ်ကျေးမှုလက်မှုလုပ်ငန်း၊ စက်မှုလုပ်ငန်းများ၊အစရှိသည့် မြန်မာနိုင်ငံ၏စီးပွားရေးလုပ်ငန်းများ၏ လက်ရှိအခြေအနေများနှင့် အလား အလာများကို ဟောပြော ဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲတွင် ဦးသာဓုက မြန်မာမှုအနုပညာလုပ်ငန်းများနှင့် ပတ်သက်၍ “ကျွန်တော်တို့ မြန်မာမှု ပန်းဆယ်မျိုးအနုပညာ လုပ်ငန်းအတွက် ခေတ်ကောင်းတစ်ခုကို မှီခဲ့ပါတယ်။ အခုတော့ ခံစစ်ပုံစံနဲ့ နေရပါတယ်။ အရင်က ကိုယ်ပိုင် Show Room ဖွင့်နိုင်ခဲ့ပေမယ် အခုအချိန်မှာတော့ လုပ်ငန်းရှင်တွေပေါင်းပြီး ဖွင့်ရတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။ လက်မှုပညာလုပ်ငန်းဆိုတာ အခြားလုပ်ငန်းတွေလို လိုတဲ့ လုပ်သား ကို ချက်ခြင်းခေါ်လို့ မရပါဘူး။ နှစ်နဲ့ ချီပြီး မွေးရတာပါ။ ဒါ့ကြောင့် ဒုသမ္မတကိုရော၊ မြို့တော်ဝန်ကိုရော တင်ပြပါတယ်။ ဆယ်ဂဏန်းလောက်သာ ရှိနေတဲ့ လက်မှုပညာလုပ်ငန်းတွေကို လိုအပ်တဲ့ ဖြေလျှော့မှုတွေကို လုပ်ပေးဖို့အတွက်။

နောက်တစ်ချက်က တကယ်အဆင့်မြင့်တဲ့ ပွဲတွေ ရှိတဲ့ ဂျာမဏီက ဖရန့်ဖတ် တို့ အီတလီက မီလန် တို့ကို အစိုးရက ဦးဆောင်ပြီးပို့ပေးဖို့လိုပါတယ်။ ကျွန်တော်တို့က ကိုယ်ဘာသာသွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဟိုမှာသွားလို့ မြန်မာမှုအနုပညာအတွက် စာချုပ်တွေရလာခဲ့ရင် အခွန်ပြန်ကောက်ပြီး ကုန်ကျစရိတ်အတွက် ပြန်ချေလို့ရပါတယ်။ ဒါမှလည်း မြန်မာမှု အနုပညာကို ကမ္ဘာက သိအောင်လုပ်လို့ရမှာဖြစ်ပါတယ်။ တစ်ချို့ အာဆီယံနိုင်ငံတွေမှာ ကျွန်တော်တို့လောက် အနုသုခုမ ပညာတွေမထွန်းကားပါဘူး။ပြည်တွင်းမှာလည်း လက်မှုအနုပညာ စင်တာတွေ ထူထောင်နိုင်ဖို့လိုပါတယ်။ ” ဟု ဆွေးနွေးသွားခဲ့သလို ကားဈေးကွက်အခြေ အနေနဲ့ ပတ်သက်၍လည်း ဒေါက်တာစိုးထွန်းက “မြန်မာနိုင်ငံမှာ ကားရောင်းတာ (၂)မျိုးရှိပါတယ်။ Sale Center နဲ့ Show Room ဆိုပြီးတော့။ Sale Center ဆိုတာကတော့ ကားအဟောင်းတွေကို တင်သွင်းရောင်းချတာပါ။ အခုဆိုရင် Sale Center တွေတော်တော်များများ ပိတ်ကုန်ပါပြီ။ နောင်နှစ်လောက်ဆိုရင် အားလုံးနီးပါးပိတ်ကုန်ပါလိမ့်မယ်။ ဒါက လက်ရှိအခြေအနေပါ။ ကားဈေးတွေနဲ့ ပတ်သက်လို့ကတော့ ဈေးကျဖို့ဆိုတာမရှိပါဘူး။ ဒီမှာ ထုတ်တဲ့ ကားတွေကိုတော့ ကညနအခွန် လုံးဝမကောက်ပေမယ့် ပြည်ပကနေတင်သွင်းလာတဲ့ ကားတွေကိုတော့ ကညနအခွန်က (၁၀၀) ရာခိုင်နှုန်းကနေ (၁၅၀) ရာခိုင်နှုန်းလောက် အခွန်ကောက်တာဖြစ်တဲ့အတွက် ဟိုကနေ ဒေါ်လာ နှစ်သောင်းနဲ့ ၀ယ်လာတဲ့ ကားဟာ ဒီရောက်ရင် ဒေါ်လာလေးသောင်းလောက် ဖြစ်သွားပါတယ်။ နောက်တစ်ခုက ကိုယ့်ဌာနနဲ့ ကိုယ် ဥပဒေတွေပြဌာန်းနေကြတဲ့ အတွက် အလုပ်တစ်ခုလုပ်ရင် ဒီဥပဒေနဲ့ လွတ်ပေမယ့် ဟိုဥပဒေနဲ့ ငြိတယ်။ဥပဒေ တွေ ရှုပ်ထွေးနေတဲ့ အတွက် လုပ်ရကိုင်ရခက်တဲ့ ပြသနာတွေရှိနေတယ်။ ဒါလက်ရှိအခင်းအကျင်းပဲ။ ” ဟုဆွေးနွေးပြောကြားခဲ့သည်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှု နည်းပါးမှုကြောင့် အိမ်ခြံမြေဈေးကွက်အပေါ်က်ရောက်မှုနှင့် ပတ်သက်၍လည်း ဦးစိုင်းခွန်နောင်က “ ဒီမှာကလက်ရှိ ရှိနေတဲ့ ဥပဒေတွေ အများစုက အဟောင်းတွေချည်းပဲ။အခု အစိုးရ တက်လာတဲ့ အခါမှာလည်း ဥပဒေတွေက ချက်ချင်းလက်ငင်း ပြင်လို့မရဘူး။ ထိုင်းက ကွန်ဒိုမီနီယံအသင်းက ဥက္ကဌနဲ့ တွေ့တော့ မင်းတို့ဆီမှာ အထပ်မြင့်အဆောက်အဦးဆောက်ဖို့ ပါမစ်တင်ရင် ဘယ်လောက်ကြာလဲ ဆိုတော့ နှစ်လဆိုရပြီလို့ပြောပါတယ်။ ကျွန်တော်တို့ ဆီမှာကြတော့ ဥပဒေရဲ့လိုအပ်ချက်တွေ အများကြီးရှိ တယ်။ ကျွန်တော်တို့ ပုံစံက ဘယ်လိုဖြစ်နေလဲဆိုတော့ ဗိုက်ဆာပါတယ် အော်နေလည်း ဖေဖေ မေမေတွေက မကြားကြဘူးဖြစ်နေတယ်။ အိမ်ခြံမြေမှာလည်း တိကျတဲ့ ဥပဒေတွေမရှိတဲ့အတွက် နိုင်ငံခြားကနေ လာရောက် ရင်းနှီးမြုပ် နှံဖို့ စိတ်မ၀င်စားကြဘူး။ အများကြီးပြင်ဖို့လိုပါတယ်။ အစိုးရတင်မဟုတ်ပဲ လူထုကပါ ပြောင်းလဲဖို့ လိုပါတယ်။” ဟု ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက်ဆောက်လုပ်ရေးလုပ်ငန်း များတွင် ဘဏ်တိုးနှုန်းနှင့် အခွန်နှုန်းထားများကြီးမြင့်မှုနှင့်ပတ်က်၍ ဦးမျိုးမြင့်က “ဘဏ်တိုးနှုန်းလို့ ပြောရင် ကျွန်တော်တို့က နှစ်ကျပ်ကွက်နဲ့ ကို ရှုံးနေပါတယ်။ ဒါ့ကြောင့် လုပ်ငန်းရှင်တွေတောင်းဆိုနေတာက ဘဏ်တိုးနှုန်း ချပေးဖို့နဲ့ အခွန်လျှော့ချပေးဖို့ နှစ်ချက်ပါ။ အခုတော့ ငွေကြေးတန်ဖိုး ကျနေတာအတွက် ဘဏ်တိုးနှုန်းချဖို့ တော်တော်ခက်သွားပါပြီ။ ဒီအတွက် အခွန်နှုန်းထားတွေကို ပြန်လည်ပြင်ဆင်သင့်ပါတယ်။

ခေတ်အဆက်ဆက်မှာ ဆိုးတဲ့သူတွေရှိသလို ကောင်းတဲ့သူတွေရှိပါတယ်။ စီးပွားရေးသမားတိုင်းက မကောင်း တဲ့သူတွေ ချည်းမဟုတ်ပါဘူး။ အစိုးရအနေနဲ့ တကယ်လက်တွေ့လုပ်ကိုင်နေသူတွေကို ပြောတာကို အကောင် အထည်ဖော်ပေးဖို့ လိုပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့တဲ့ ပွဲမှာလည်း လုပ်ငန်းရှင် သုံးယောက်ပဲတင်ပြခွင့်ရခဲ့တဲ့အတွက် အားမရပါဘူး။ ဒါပေမယ့် ဒီလိုမျိုးအစပျိုးခဲ့တဲ့အတွက် ကြို ဆိုပါတယ်။

နောက်တစ်ခုက အစိုးရတာဝန်ရှိသူတွေအနေနဲ့ အဆင့်အလိုက် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသေးတဲ့ အတွက် လုပ်ငန်းတွေလုပ်ရတာ အခက်အခဲတွေဖြစ်နေရပါတယ်။” သုံးသပ်ဆွေးနွေးခဲ့သည်။

လက်ရှိမြန်မာ့စီးပွားရေးအခြေအနေနှင့် နိုင်ငံအုပ်ချုပ်မှု လုပ်ငန်းများနှင့် ပတ်သက်၍လည်း ဦးကျော်ကျော် လှိုင်က “ကျွန်တော်တို့က ဓါတ်ငွေ့ကိုရောင်းပြီး လိုတဲ့ ဓါတ်ဆီ၊ ဒီဇယ်တွေ လေယာဉ်ဆီတွေကို ပြန်ဝယ်နေ ရတယ်။ ဓါတ်ငွေ့ကတဖြည်းဖြည်းအထွက်နှုန်းက ကျလာတဲ့ အတွက်ကြောင့် ရရှိတဲ့ ဒေါ်လာပမာဏကလည်း နည်း လာတယ်။ ဒါပေမယ့် ဓါတ်ဆီ၊ ဒီဇယ် သုံးစွဲမှုကတော့ တဖြည်းဖြည်း မြင့်တက်လာတဲ့ အပြင် ဒေါ်လာဈေး ကလည်း မြင့်တက်လာတာကြောင့် ပိုပြီးတိုင်းပြည်မှာ စီးပွားရေးအကျပ်အတည်းတွေ ဖြစ်လာတာဖြစ်ပါတယ်။

နောက်တစ်ခုက ငယ်ရွယ်ပြီးတတ်ကျွမ်းတဲ့ လူငယ်တွေကို နေရာပေးဖို့လိုပါတယ်။ အားကစားမလုပ်တဲ့ အသက် ၆၀ကျော်အရွယ်ကို အားကစား ၀န်ကြီး ခန့်လို့မဖြစ်ပါဘူး။အခုဆို အစိုးရ၀န်ကြီးတွေရဲ့ပျမ်းမျှအသက်ဟာ ၆၅နှစ် တန်းတွေမှာပါ။ မလေးရှားက မဟာသီယာ ဟာ သူအသက် ၈၀အရွယ်မှာ ၀န်ကြီးချုပ်ထပ်ဖြစ်တာ့ အသက် ၂၀ကျော် ၃၀ကျော်အရွယ်လူငယ်တွေကို ၀န်ကြီးရာထူးတွေပေးပြီး တိုင်းပြည်အတွက် အလုပ်လုပ်ခိုင်းပါတယ်။

အခုအစိုးရက လုပ်နေတဲ့ လုပ်ငန်းတွေမှာ သန်း ၅၀၀ လောက်အရှုံးပေါ်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် အစိုးရလုပ်တဲ့လုပ်ငန်းတွေမှာ ရှုံးနေတဲ့ စီးပွားရေးတွေအကုန်လုံးကို ရပ်ပစ်ဖို့ လိုပါတယ်။ ဒါမှမဟုတ်လည်း Coorparate ပုံစံပြောင်းဖို့ လိုပါတယ်။” ဟု သုံးသပ်ဆွေးနွေးခဲ့သည်။

အဆိုပါစကားဝိုင်းဆွေးနွေးပွဲနှင့်ပတ်သက်၍ဦးနေမင်းသူမှ “ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အဓိက အချက် နှစ်ချက် ရလိုက်ပါတယ်။ ပထမတစ်ချက်ကတော့ လူငယ်တွေကို ရဲရဲတင်းတင်းနေရာပေးဖို့ နဲ့ ဒုတိယကတော့ အုပ်ချုပ်သူ အဆင့် ဆင့်မှာ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေဖို့ ဆိုတဲ့ အချက်နှစ်ချက်ပါ။” ဟု သုံးသပ်သွားခဲ့သည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service