ခရီးသွားလုပ်ငန်းအတွင်း ဟိုတယ်တည်းခိုစရိတ်လျှော့ချနိုင်ဖို့ မြေငှားရမ်းခနဲ့ လုပ်ထုံးလုပ်နည်းဖြေလျှော့ပေးမှုတွေ လိုအပ်တယ်လို့ တင်ပြပြောဆို

ခရီးသွားလုပ်ငန်းအတွင်း ဟိုတယ်တည်းခိုစရိတ်လျှော့ချနိုင်ဖို့ မြေငှားရမ်းခနဲ့ လုပ်ထုံးလုပ်နည်းဖြေလျှော့ပေးမှုတွေ လိုအပ်တယ်လို့ တင်ပြပြောဆို - Property News in Myanmar from iMyanmarHouse.com
2 Oct 2018 12:26 pm တွင် တင်ခဲ့သည်
895 ကြိမ် ကြည့်ရှု့ပြီး

ခရီးသွားလုပ်ငန်းအတွင်း ဟိုတယ်တည်းခိုစရိတ်လျှော့ချနိုင်ဖို့မြေငှားရမ်းခနဲ့ လုပ်ထုံးလုပ်နည်းဖြေလျှော့ပေးမှုတွေ လိုအပ်တယ်လို့ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်အသင်း တာဝန်ရှိသူတွေက ပြောဆိုတာပါ။

နိုင်ငံစီးပွားရေးတိုးတက်မှုမှာ ဟိုတယ်နှင့်ခရီးသွားကဏ္ဍအပိုင်းက ဆောင်ရွက်နိုင်မည့်နည်းလမ်းများနဲ့ ပတ် သက်တဲ့စီးပွားရေးစကားဝိုင်းမှာ အသင်းဥက္ကဋ္ဌ ဦးအောင်မျိုးမင်းဒင်ကတင်ပြပြောဆိုခဲ့တာဖြစ်ပါတယ်။

“Local hotel တွေမှာကျတော့ ဝန်ကြီးပြောသွားသလို တချို့ဟိုတယ်တွေ ဈေးကြီးတယ်ဆိုတာ ဟုတ်ပါတယ်၊ ကျွန်တော်တို့ရဲ့အဓိကပြဿနာက လက်ရှိဟိုတယ်တစ်လုံးဆောက်မယ်ဆိုရင် အခုဝန်ကြီးလက်ထက်မှာ ပေါ်လစီနဲ့နည်း ဥပဒေတွေပြောင်းလဲလာတဲ့အတွက် ကြန့်ကြာချိန်တွေမြန်သွားပြီး လွယ်လွယ်ကူကူဆောက်ခွင့်ရပြီး ဈေးကျသွားမှာပါ”လို့ ဦးအောင်မျိုးမင်းဒင်က ပြောပါတယ်။

ယင်းကဆက်လက်ပြီး “ နောက်တစ်ချက်က ဟိုတယ်တွေဈေးမြင့်နေတဲ့အကြောင်းရင်းက မြေဈေးဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုလုပ်မယ်ဆိုရင် မြေဈေးကလည်းပြောရမယ့်အထဲမှာတစ်ခုပါတယ်”လို့ ပြော ဆိုသွားပါတယ်။

လက်ရှိနိုင်ငံခရီးသွားတိုးတက်ရေးမှာ ဟိုတယ်တည်းခိုနေထိုင်စရိတ်ကြီးမြင့်မှုတွေက ခရီးသွားတွေအတွက် ထည့်သွင်းစဉ်းစားဖြစ်နေမှုအပေါ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ရဲ့ပြောဆိုမှုအပေါ် အသင်းဥက္ကဋ္ဌကပြန်လည်ဆွေးနွေးတာဖြစ်ပါတယ်။

ဟိုတယ်လုပ်ငန်းအပိုင်းတွင် တည်ဆောက်မှုလုပ်ငန်းဆောင်ရွက်ချိန်မှာ ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ နိုင်ငံခြားမှာလုပ်ငန်းဆောင်ရွက်ချိန် ဘဏ်ချေးငွေကိုအတိုးနှုန်းသက်သာစွာ ရရှိနိုင်ပေမယ့် လက်ရှိပြည်တွင်းမှာတော့ ၃၀ ရာခိုင်နှုန်း အထိဈေးကြီးပေးရတာတွေရှိတယ်လို့လည်း ထည့်သွင်းပြော ဆိုသွားပါတယ်။

ဟိုတယ်ခရီးဝန်ကြီးဌာနထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဟိုတယ်နှင့်တည်းခိုးရိပ်သာပေါင်း ၁၆၉၃ လုံးမှ အခန်းပေါင်း ၆၇၈၈၉ ခန်းအထိရှိနေတယ်လို့ သိရပါတယ်။

Credit: SFJ Strategy First

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service