ဘဏ်ချေးငွေနဲ့ ပက်သက်ပြီး တဖြည်းဖြည်းလျှော့ရဖွယ်ရှိ

ဘဏ်ချေးငွေနဲ့ ပက်သက်ပြီး တဖြည်းဖြည်းလျှော့ရဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
2 Oct 2018 11:50 am တွင် တင်ခဲ့သည်
8430 ကြိမ် ကြည့်ရှု့ပြီး

ငွေဖောင်းပွမှုနှုန်း အနည်းငယ်လျော့ကျလာတဲ့အခါမှာ ဘဏ်ချေးငွေနဲ့ပက်သက်ပြီး တဖြည်းဖြည်း လျော့ချရမယ့် သဘောရှိလာတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောပါတယ်။

အက်စ်အမ်အီးလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ရေး ချေးငွေနဲ့ပက်သက်လို့ (၃)နှစ်ကနေ (၅)နှစ်အထိ ချေးဖို့ အစိုးရက သတ်မှတ်ပေးထားပေမဲ့ လက်တွေ့မှာတော့ ဘဏ်တွေပေါ်မှာ မူတည်နေပါတယ်။ မန္တလေးတိုင်းမှာတော့ (၃)နှစ်ချေးတယ်လို့ ဆိုပါတယ်။ အတိုးနှုန်းကလည်း ဗဟိုဘဏ်ကနေ သတ်မှတ်တာပါ။ ဗဟိုဘဏ်ကလည်း ဘာကြောင့် သတ်မှတ်ရလဲဆိုတော့ ငွေဖောင်းပွမှုနှုန်းပေါ်မှာ အခြေခံပြီးတော့မှ အပ်ငွေအပ်ချင်တဲ့သူတွေ အပ်ချင်တဲ့နှုန်းကို သတ်မှတ်တာလို့ သိရပါတယ်။

‘ လက်ရှိဆိုရင် (၈)ရာခိုင်နှုန်းလို့ ကျွန်တော်တို့က သတ်မှတ်ထားတယ်၊ ဒါပေမဲ့ အခုနောက်ပိုင်းမှာ ငွေဖောင်းပွမှုနှုန်းက နည်းနည်းလေးတော့ ကျလာတယ်၊ ကျလာတဲ့အခါကျတော့ ငွေဖောင်းပွမှုနှုန်းက (၅)ရာခိုင်နှုန်း (၆)ရာခိုင်နှုန်း ရှိလာတယ်၊ ရှိတယ်ဆိုရင်တော့ အတိုးနှုန်းက တဖြည်းဖြည်း ပြန်ပြီးတော့ လျှော့ချရမယ့် သဘောရှိလာတယ်၊ ဒါပေမဲ့ အများကြီးတော့ လျှော့ချလို့မရဘူး၊ ဘဏ်တွေရဲ့ အတိုးနှုန်းလျှော့ချတာက သူများနိုင်ငံတွေမှာဆိုရင် ပွိုက့်ဖိုက်တို့ ပွိုင့်တူးဖိုက်တို့ အဲဒီလောက်ပဲ လျှော့ချတာ၊ အတိုးနှုန်းကို ချတော့ချရမယ်၊ အဲဒါလဲ ဘယ်ပေါ်မှာ မူတည်လဲဆိုတော့ ဈေးကွက်ငွေဖောင်းပွမှုနှုန်း၊ ကုန်ဈေးနှုန်းပေါ်မှာ မူတည်ပါတယ် ‘ လို့ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောပါတယ်။

အတိုးနှုန်းများပြားမှုနဲ့ ချေးငွေကာလတိုတောင်းမှုတွေကြောင့် ချေးငွေနဲ့လုပ်ကိုင်တဲ့ လုပ်ငန်းချင်းအတူတူမှာတောင် ပြည်တွင်း အသေးစားနဲ့ အလတ်စား အက်စ်အမ်အီးလုပ်ငန်းတွေဟာ အိမ်နီးချင်းနိုင်ငံတွေက အက်စ်ဖက်အီးနဲ့ မယှဉ်နိုင်ဘဲ ဖြစ်နေရတယ်လို့ မန္တလေးမြို့ခံ အက်ဖ်အမ်အီးလုပ်ငန်းရှင်အချို့က ပြောပါတယ်။ ‘ ကုပ္မဏီချင်း၊ လုပ်ငန်းချင်း ထောင်တာ အတူတူပဲ၊ ကိုယ်လဲထောင်တယ်၊ နိုင်ငံခြားကလာပြီး ကုမ္ပဏီထောင်တယ်၊  ချေးငွေချင်းလဲ အတူတူပဲ၊ သူက သူ့နိုင်ငံက ချေးတယ်၊ ဒီမှာ (၅)နှစ် အလုပ်လုပ်လိုက်တယ်၊ ကိုယ်ကကျတော့ (၅)နှစ်ပြည့်တဲ့အချိန်မှာ ဘဏ်တိုးနှုန်းနဲ့ ဒဏ်ကြေးတွေနဲ့ များလာတယ်၊ သူကကျတော့ (၅)နှစ်ပြည့်လို့ သူ့နိုင်ငံပြန်သွားတဲ့အခါမှာ သူ့မှာ ကိုက်တယ်၊ သူ့နိုင်ငံက အတိုးနှုန်းက လျော့နေတာကိုး ‘ လို့ ဂျယ်လီထုတ်ပြီး နိုင်ငံခြားတင်ပို့ဖို့ ကြိုးပမ်းနေသူ စီးပွားရေးလုပ်ငန်းရှင် ဦးကျော်စိုးနိုင်က ပြောပါတယ်။

ပုံနှိပ်စက်လုပ်ငန်းရှင် တစ်ဦးကလည်း ‘ ဘဏ်နဲ့ငွေချေးပြီးလုပ်တဲ့အခါမှာ အက်စ်အမ်အီးဖြစ်မှ (၈.၅)ဖြစ်ပြီးတော့ ကျွန်တော်တို့က တခြားဘဏ်ချေးငွေဆိုရင် (၁၂)ရာခိုင်နှုန်း ပေးရပါတယ်၊  အဲဒီအချိန်မှာ ဥပမာ ထိုင်းဆိုရင် (၄)ရာခိုင်နှုန်းအောက် ချေးငွေပဲရှိတယ်၊ ကျွန်တော်တို့က အနည်းဆုံး (၈.၅)နဲ့ လုပ်မယ်ဆို အဲဒီမှာတင် ချေးငွေချေးတဲ့လုပ်ငန်းရှင်ချင်း ကျွန်တော်တို့က (၁)နှစ်ကို (၄.၅)ဆုံးရှုံးနေသလို ဖြစ်နေပါတယ် ‘ လို့ ပြောပါတယ်။ ဘဏ်ချေးငွေတိုးနှုန်း တွက်ချက်မှုစနစ်ကို ပြင်ဆင်ပေးမှ ပြည်တွင်း အက်စ်အမ်အီးလုပ်ငန်းတွေအတွက် ပိုမိုအကျိုးရှိမှာ ဖြစ်တယ်လို့ လုပ်ငန်းရှင်အချို့က ဆိုပါတယ်။

‘ ကျွန်တော်တို့လုပ်ငန်းတွေ အားအင်ချည့်နဲ့သွားပြီဆိုတဲ့အချိန်ကျမှ ဆိုကြပါစို့ ဘဏ်ပေါ်လစီတွေ ပြောင်းမယ်ဆိုရင် ဒါက အကျိုးရှိစေမှာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ ပြင်ဆင်နေဆဲကာလမှာ သူတို့ဆီက လုပ်ငန်းတွေကလဲ ရပ်နေမှာမဟုတ်ပါဘူး၊ ဒါလေးကို လေးလေးနက်နက် စဉ်းစားပြီး ဆောင်ရွက်ပေးဖို့ပါ ‘ လို့ မန္တလေး စက်မှုဇုန် (၂)က လယ်ယာသုံးပစ္စည်း ထုတ်ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဘဏ်တိုးနှုန်း များပြားတာတွေကြောင့် ဖိအားအများအပြားရှိတဲ့အပြင် အရင်းကို ကာလတိုပြန်ဆပ်ရတာကြောင့် ဘဏ်ချေးငွေကို အသုံးပြုလုပ်ငန်းတိုးချဲ့နိုင်ရေးဆိုတာဟာ အပြောလွယ်သလောက် လက်တွေ့လုပ်ဆောင်ဖို့ ခက်ခဲတဲ့အရာဖြစ်တယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Gucci မိသားစုနှင့် Calvin Klein တို့အပြင် အီတလီ သံအမတ်ကြီးများ နေထိုင်ခဲ့ဖူးသော နယူးယောက်မှ စံအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Gucci မိသားစုနှင့် Calvin Klein တို့အပြင် အီတလီ သံအမတ်ကြီးများ နေထိုင်ခဲ့ဖူးသော နယူးယောက်မှ စံအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ရီးရဲမက်ဒရစ်ရဲ့ ပဲ့ကိုင်ရှင် အန်ဆယ်လော့တီ၏ မက်ဒရစ်မြို့က စံအိမ်
ရီးရဲမက်ဒရစ်ရဲ့ ပဲ့ကိုင်ရှင် အန်ဆယ်လော့တီ၏ မက်ဒရစ်မြို့က စံအိမ်
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိုးယူခံရမှုတွင် ကူညီရောင်းချပေးခဲ့သည့်အမျိုးသား ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရ...
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိုးယူခံရမှုတွင် ကူညီရောင်းချပေးခဲ့သည့်အမျိုးသား ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရ...
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က ဗြိတိန်တွင် အိမ်ရှာဖွေမှု အလွန်များပြားလာနေ...
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က ဗြိတိန်တွင် အိမ်ရှာဖွေမှု အလွန်များပြားလာနေ...
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဒေါက်မြင့်ဖိနပ်စီးလိုသူများ အထူးပါမစ်လျှောက်ထားရသော ကယ်လီဖိုးနီးယားပြည်နယ်က မြို့လေး၊ ရေခဲမုန့်စားခြင်းကိုလည်း ထိုမြို့တွင် တားမြစ်ထား...
ဒေါက်မြင့်ဖိနပ်စီးလိုသူများ အထူးပါမစ်လျှောက်ထားရသော ကယ်လီဖိုးနီးယားပြည်နယ်က မြို့လေး၊ ရေခဲမုန့်စားခြင်းကိုလည်း ထိုမြို့တွင် တားမြစ်ထား...
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service