ထိုင်းဘီလျံနာကြီး ချာရိုယန်က ဘန်ကောက်မြို့လယ်ရှိ ဘတ်ငွေ ၁၂၀ ဘီလီယံတန်ကြေးရှိ စီမံကိန်းကြီးကို အိမ်ခြံမြေကုမ္ပဏီတစ်ခုသို့ ရောင်းချဖွယ်ရှိ

ထိုင်းဘီလျံနာကြီး ချာရိုယန်က ဘန်ကောက်မြို့လယ်ရှိ ဘတ်ငွေ ၁၂၀ ဘီလီယံတန်ကြေးရှိ စီမံကိန်းကြီးကို အိမ်ခြံမြေကုမ္ပဏီတစ်ခုသို့ ရောင်းချဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
2 Oct 2018 11:24 am တွင် တင်ခဲ့သည်
1383 ကြိမ် ကြည့်ရှု့ပြီး

ထိုင်းဘီလျံနာကြီး ချာရိုယန် ဆီရိ ဗက်ဒန ဘက်ဒီသည် ဘန်ကောက်မြို့လယ်မှ ဘတ်ငွေ ၁၂၀ ဘီလီယံတန်ကြေးရှိ အိမ်ခြံမြေ စီမံကိန်း ကြီးကို အိမ်ခြံမြေကုမ္ပဏီတစ်ခုသို့ ရောင်းချဖွယ်ရှိနေသည်။

မစ္စတာ ချာရိုယန်၏ TCC Group က One Bangkok အမည်ရှိ ယခုစီမံကိန်းကြီးကို ရေရှည်ရင်းနှီးမြှုပ်နှံမှုတစ်ရပ်၊ ပိုင်ဆိုင်မှုတစ်ရပ် အဖြစ် ရှုမြင်ပြီး အခြားအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကမူ ရင်းနှီးမြှုပ်နှံမှုအပေါ် ထိရောက်သည့် စီမံခန့်ခွဲမှုရရှိနိုင်သည့် အလားအလာ ရှိကြောင်း၊ သို့ရာတွင် ဆုံးဖြတ်ချက် အသေအချာမချမှတ်ရသေးကြောင်း ယင်းစီမံကိန်း၏ အမှုဆောင်အရာရှိချုပ် ဆောင်စုလင်းက ပြောကြားသည်။

မြေအကျယ်အဝန်း ၁၆ ဒသမ ၇ ဟက်တာ အကျယ်အဝန်းပေါ်တွင် အကောင်အထည်ဖော်မည့် One Bangkok စီမံကိန်းကြီးတွင် ရုံးခန်းတာဝါ ၅ ခုပါဝင်ပြီး ယင်းအနက်တစ်ခုမှာ ဘန်ကောက်၏ အမြင့်မားဆုံးအဆောက်အအုံဖြစ်လာမည်ဟု ဆိုသည်။

ထို့အပြင် ဈေးဝယ်စင်တာများ၊ ဟိုတယ်များနှင့် လူနေခန်းများလည်း ပါဝင်မည် ဖြစ်သည်။

ဘန်ကောက်သည် ကမ္ဘာလုံးဆိုင်ရာ မက်ထရိုပိုလီတန်မြို့ပြတစ်ခု ဖြစ်ပေါ်လာမည့် အခြေအနေလည်း ဖြစ်၏။

“လာမယ့် ဆယ်စုနှစ်အတွင်းမှာ ဘန်ကောက်ဟာ ကမ္ဘာ့အဆင့်မြို့ပြတစ်ခုဖြစ်လာမယ့် အလားအလာရှိနေတယ်လို့ ကျွန်မတို့အားလုံး ယုံကြည်ပါတယ်။ ဘန်ကောက်ဟာ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတွေကို ဝင်ပေါက်တစ်ခုပါ။ ဒီဒေသဟာ လာမယ့် ဆယ်စုနှစ်တွေမှာ အများကြီးဖွံ့ဖြိုးလာနိုင်မယ့် အလားအလာတွေရှိတဲ့ဒေသတစ်ခု ဖြစ်ပါတယ်” ဟု မစ္စ ဆောင်က ပြောကြားသည်။

One Bangkok စီမံကိန်းကို ယခုနှစ် မတ်လတွင် စတင်ခဲ့ခြင်းဖြစ်ပြီး လာမည့် ၂၀၂၂ ခုနှစ်တွင် ပထမဆင့် ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားသည်။

ကျန်သည့်အဆင့်များကိုမူ ဝယ်လိုအားအပေါ် မူတည်၍ ၂၀၂၅ ခုနှစ်ဝန်းကျင်တွင် အပြီးသတ်နိုင်မည်ဟု ခန့်မှန်းထားသည်။

ယခုစီမံကိန်းမှာ မစ္စတာ ချာရိုယန်၏ TCC Assets (Thailand) နှင့် စင်္ကာပူမှ Frasers Property ၏ ထိုင်းကုမ္ပဏီခွဲတို့ ပူးပေါင်းအကောင်အထည်ဖော်ခဲ့ခြင်းလည်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service