စင်္ကာပူတွင် ဆောက်လုပ်ရေးလောကစည်းမျဉ်း စင်္ကာပူတွင် ဆောက်လုပ်ရေးလောကစည်းမျဉ်းတင်းကြပ်မှုများကြောင့် ကုမ္ပဏီငယ်များ ကြွေးမြီပြန်လည်ပေးဆပ်နိုင်ရန် အခက်အခဲပိုမိုကြုံတွေ့လာဖွယ်ရှိ

စင်္ကာပူတွင် ဆောက်လုပ်ရေးလောကစည်းမျဉ်း စင်္ကာပူတွင် ဆောက်လုပ်ရေးလောကစည်းမျဉ်းတင်းကြပ်မှုများကြောင့် ကုမ္ပဏီငယ်များ ကြွေးမြီပြန်လည်ပေးဆပ်နိုင်ရန် အခက်အခဲပိုမိုကြုံတွေ့လာဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
1 Oct 2018 12:17 pm တွင် တင်ခဲ့သည်
1225 ကြိမ် ကြည့်ရှု့ပြီး

စင်္ကာပူတွင် အိမ်ခြံမြေဈေးကစားမှုများကို ထိန်းချုပ်ရန်အတွက်ရည်ရွယ်ကာ အိမ်ခြံမြေဈေးကွက်တွင် စည်းမျဉ်းတင်းကြပ်မှုများ ပြုလုပ်လာသောကြောင့် ဆောက်လုပ်ရေးကုမ္ပဏီငယ်များအနေဖြင့် ကြွေးမြီများပေးဆပ်နိုင်ရန် ခက်ခဲမှုများ ပိုမိုကြုံတွေ့လာကြရမည့် အရေး ဖြစ်ပေါ်လျက်ရှိသည်။

စင်္ကာပူ၏စီးပွားရေးမှာ ယခုနှစ် ဒုတိယ ၃ လပတ်ကာလအတွင်း ပိုမိုနှေးကွေးမှုများ ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သော ဇူလိုင်လမှ စတင်ပြီး ဆောက်လုပ်ရေး developer များကို တံဆိပ်ခေါင်းခွန်များ တိုးမြှင့်ကောက်ခံခဲ့သည့်အပြင် ပထမဆုံးနေအိမ်ဝယ်ယူမည့်သူများအတွက် ချေးငွေရယူမှုစည်းမျဉ်း တင်းကြပ်ခြင်းများလည်း ပြုလုပ်ခဲ့သည်။

နေအိမ်ဝယ်လိုအား ကျဆင်းခြင်းများမှာ ဆောက်လုပ်ရေးကဏ္ဍကြီးတစ်ခုလုံးကို အထိနာစေမည့် အရေးလည်း ဖြစ်သည်။

ပြီးခဲ့သော ၂၀၁၇ ခုနှစ်အတွင်း စင်္ကာပူဆောက်လုပ်ရေးကဏ္ဍမှ အလုပ်အကိုင်နေရာ ၁၂ ဒသမ ၃ ရာခိုင်နှုန်း ဖြည့်တင်းပေးထားခဲ့သည်။

ဝယ်လက်တို့၏ ဝယ်လိုအားကျဆင်း၊ နှေးကွေးမှုများဖြစ်ပေါ်နေချိန်တွင် ဆောက်လုပ်ရေးကုမ္ပဏီများစွာမှာ ၎င်းတို့၏ ချေးငွေအပေါ် အတိုးနှုန်းမြင့်တက်လာမှုများကိုလည်း ရင်ဆိုင်လာကြရသည်။

ယင်းအခြေအနေများကြောင့် ငွေဖြစ်လွယ်မှု ခက်ခဲများများမှသည် ကြွေးမြီများ ပြန်လည်ပေးဆပ်ရန် အခက်ကြုံလာသည်အထိ ရင်ဆိုင်ရဖွယ်ရှိကြောင်း သုံးသပ်ချက်များ ထွက်ပေါ်လာသည်။

ဖောင်ဒေးရှင်း piling လုပ်ငန်းများ အဓိကလုပ်ကိုင်သည့် စင်္ကာပူအခြေစိုက် Ryobi Kiso Holdings Ltd ၏ ထုတ်ပြန်ချက်တစ်ရပ်အရ ၎င်း၏ ကုမ္ပဏီခွဲတစ်ခုမှာ ကြွေးမြီများ ပြန်လည်မပေးဆပ်နိုင်သည့် အခြေအနေနှင့် ရင်ဆိုင်ရလျက်ရှိသည်ဟု ဆိုသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service