တရုတ်ပြည်၊ကွမ်တုံပြည်နယ်တွင် ကွန်ဒိုခန်းများကြိုတင်ရောင်းချခြင်းကို ပိတ်ပင်ရန်သုံးသပ်လျက်ရှိ

တရုတ်ပြည်၊ကွမ်တုံပြည်နယ်တွင် ကွန်ဒိုခန်းများကြိုတင်ရောင်းချခြင်းကို ပိတ်ပင်ရန်သုံးသပ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
28 Sep 2018 12:26 pm တွင် တင်ခဲ့သည်
1153 ကြိမ် ကြည့်ရှု့ပြီး

တရုတ်နိုင်ငံ၊ ကွမ်တုံပြည်နယ်အစိုးရသည် တရုတ်အိမ်ခြံမြေ developer များအတွက် နှစ်ပေါင်းများစွာ အဓိက အထောက်အကူပေးခဲ့သော အခန်းကြိုတင်ရောင်းချသည့် ကြိုပွိုင့်စနစ်ကို ရပ်ဆိုင်းရန် သုံးသပ်လျက်ရှိသည်။

တရုတ်အိုးအိမ်နှင့် မြို့ပြ-ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန (MOHURD) ၏ ကွမ်တုံဌာနခွဲက ပြီးခဲ့သော ရက်သတ္တပတ်အတွင်း သတိပေးချက် ထုတ်ပြန်ခဲ့သည်ဟု ဆိုသည်။

တရုတ်ပြည်တွင် ၁၉၉၄ ခုနှစ်မှ စတင်ကာ ဆောက်လုပ်ရေးစီမံကိန်းများ မပြီးစီမီ ကြိုတင်ရောင်းချခွင့် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

Developer တို့က ကြိုတင်ရောင်းချရငွေများဖြင့် မြေနေရာများ ထပ်မံဝယ်ယူကာ ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ပြုလုပ်ရာတွင် အသုံးပြုလေ့ရှိသည်။

သတိပေးစာတွင် ဖော်ပြထားချက်အရ လက်ရှိစနစ်သည် အပြီးမသတ်သေးသော စီမံကိန်းများမှတဆင့် စီးပွားရေးကဏ္ဍတစ်ခုလုံး အတွက် အန္တရာယ်များ ပေါ်ပေါက်စေသည့်အပြင် မမျှတသည့်ယှဉ်ပြိုင်မှုနှင့် ထိန်းချုပ်၍ မရနိုင်သော အရောင်းအဝယ်လှုပ်ရှားမှုများ ပေါ်ပေါက်လာစေကြောင်း ဖော်ပြထားသည်။

“နေအိမ်များ ကြိုတင်ရောင်းချခွင့်များနှင့် စပ်လျဉ်းသည့် အမြင်များအပေါ် အရေးပေါ်သတိပေးချက်” အမည်ပေးထားသည့် အဆိုပါ သတိပေးစာကို ဟူဘေး၊ ကျန်းဆု၊ ဟီနန်၊ လျောင်နင်းနှင့် ကွမ်တုံပြည်နယ်အစိုးရများထံ ဖြန့်ဝေပေးခဲ့သည်ဟု ဆိုသည်။

တရုတ်ပြည်၏ ထိပ်တန်း developer ဖြစ်သော Country Garden Holdings Co, သည် ကြိုတင်ရောင်းချသည့်စနစ်အပေါ် များစွာမှီခိုသည့် ကုမ္ပဏီဖြစ်ရာ ယခုသတိပေးချက်ထွက်ပေါ်ပြီးနောက် Country Garden ၏ ရှယ်ယာတန်ဖိုးများမှာ ၅ ဒသမ ၅၇ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

ထို့အပြင် Shimao Property ၏ ရှယ်ယာများမှာ ၅ ဒသမ ၂၂ ရာခိုင်နှုန်း၊ CR Land မှာ ၄ ဒသမ ၈၃ ရာခိုင်နှုန်း၊ Sunac မှာ ၄ ဒသမ ၀၂ ရာခိုင်နှုန်းနှင့် ကွမ်ကျိုးအခြေစိုက် Agile Group မှာ ၃ ဒသမ ၈၈ ရာခိုင်နှုန်းအသီးသီးဖြင့် ရှယ်ယာဈေးနှုန်းများ ကျဆင်းသွားခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service