နယူးယောက်တွင် ကျည်ကာမှန်များ တပ်ဆင်ထားသည့် ၇ ထပ်နေအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ သန်း ၅၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ

နယူးယောက်တွင် ကျည်ကာမှန်များ တပ်ဆင်ထားသည့် ၇ ထပ်နေအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ သန်း ၅၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
27 Sep 2018 12:29 pm တွင် တင်ခဲ့သည်
1939 ကြိမ် ကြည့်ရှု့ပြီး

ဥရုဂွေးဖွား ဗိသုကာပညာရှင် ရာဖေးလ် ဗီညိုလီသည် ကမ္ဘာ့အနောက်ခြမ်းတွင် အမြင့်မားဆုံးအဆောက်အအုံကြီးဖြစ်သည့် အမှတ် ၄၃၂ ပန်းခြံလမ်း အဆောက်အအုံကြီးကို ဒီဇိုင်းရေးဆွဲခဲ့သူအဖြစ် ကမ္ဘာကျော်သည်။

ဗီညိုလီသည် ယင်းသို့ အထပ်မြင့်အဆောက်အအုံကြီးများသာမက လုံးချင်းအိမ်များစွာလည်း ဒီဇိုင်ရေးဆွဲခဲ့ရာ နယူးယောက်တွင် ကျည်ကာမှန်များ တပ်ဆင်ထားသည့် နေအိမ်ကြီးလည်း အပါအဝင် ဖြစ်သည်။

ဗီညိုလီ၏ ဗိသုကာဒီဇိုင်းကုမ္ပဏီက အရှေ့ ၆၄ လမ်း၊ အမှတ် ၁၆၂ ရှိ အဆောက်အအုံကြီးကို ၂၀၁၅ ခုနှစ်တွင် ဒီဇိုင်းရေးဆွဲပေးခဲ့ခြင်းဖြစ်ပြီး ပိုင်ရှင်မှာ အာဂျင်တီးနား စီးပွားရေလုပ်ငန်းရှင် ဘီလျံနာကြီး အက်ဒွါဒို အာနီကီယန်ဖြစ်သသည်။

ဓာတ်လှေကားတပ်ဆင်ထားသည့် အဆိုပါ ၇ ထပ်အဆောက်အအုံကြီးကို အာနီကီယန်က သူ၏နေအိမ်နှင့် အမေရိကန်အခြေစိုက်ရုံးချုပ်အဖြစ် အသုံးပြုခဲ့သည်။

သို့ရာတွင် ယခုအခါ ကန်ဒေါ်လာ သန်း ၅၀ ဖြင့် ရောင်းချရန် အာနီကီယန်က ဆုံးဖြတ်လိုက်ခြင်းလည်း ဖြစ်သည်။

နေအိမ်ကို အနုပညာလက်ရာပစ္စည်းများစွာဖြင့် ဒီဇိုင်းဆင်ပေးထားပြီး ပြတိုက်အဆင့်အတန်းရှိ မီးများ တပ်ဆင်ပေးထားသည်။

“အနုပညာမြောက်ဗိသုကာလက်ရာတွေကို သိနားလည်းခံစားတတ်သူတွေအတွက် အကောင်းဆုံးအဆောက်အအုံတစ်ခုဖြစ်ပါတယ်” ဟု ဈေးကွက်တင်သည့် အိမ်ခြံမြေအကျိုးဆောင် မာရီယာ အဗဲလ်လာနီဒါက ပြောကြားသည်။

အာဂျင်တီးနားနိုင်ငံတွင် ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သော အာနီကီယန်က ယခုအဆောက်အအုံကြီး၏ မျက်နှာစာကို ကျည်ကာမှန်များ တပ်ဆင်စေခဲ့သည်။

အဆိုပါကျည်ကာမှန်သည် ဂျာမနီမှတစ်ဆင့် စပိန်နိုင်ငံသို့ သယ်ယူပို့ဆောင်ကာ လိုအပ်သည့် အခုံးအကွေးပုံသဏ္ဍာန် ပြန်လည်ပုံဖော်ယူခဲ့ခြင်း ဖြစ်သည်။

စုစုပေါင်း အိပ်ခန်း ၆ ခန်း ပါဝင်ပြီး အခန်းအားလုံးတွင် ရေချိုးခန်းများ ပါဝင်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service