နှစ်နှစ်ခွဲအတွင်း အခန်းပေါင်းတစ်သောင်းကျော် တည်ဆောက်သွားမည်

နှစ်နှစ်ခွဲအတွင်း အခန်းပေါင်းတစ်သောင်းကျော် တည်ဆောက်သွားမည် - Property News in Myanmar from iMyanmarHouse.com
27 Sep 2018 10:09 am တွင် တင်ခဲ့သည်
920 ကြိမ် ကြည့်ရှု့ပြီး

လာမည့် နှစ်နှစ်ခွဲကာလအတွင်း ပြည်သူ့အိမ်ရာနှင့် ဝန်ထမ်းအိမ်ရာများကို PPP စနစ်ဖြင့် အခန်း ၄ဝဝဝ ကျော်၊ ကုမ္ပဏီများက အခန်း ၆ဝဝဝ ကျော်ဖြင့် အခန်းပေါင်း တစ်သောင်းကျော် တည်ဆောက်မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေကပြောကြားထားချက်အရ သိရသည်။

မြို့ပြနှင့်အိမ်ရာများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် လာမည့် သုံးနှစ်အတွင်း ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများတွင် မြို့ပြစီမံကိန်းနှင့် စက်မှုမြို့တော်များ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့် အဆိုပါ စီမံကိန်းကြီးများတွင် ၀င်ရောက် လုပ်ကိုင်ခြင်းဖြင့် စီးပွားရေးလည်ပတ်မှုကို သွက်လက်လာစေမည်ဟု မျှော်မှန်းထားကြောင်း ၎င်းကဆိုသည်။

“ ပြီးခဲ့တဲ့ နှစ်နှစ်တာ ကာလအတွင်းမှာ ပြည်သူ့အိမ်ရာနဲ့ဝန်ထမ်းအိမ်ရာများ အနေနဲ့ အခန်းပေါင်း ၁၀၉၂၄ ခန်း ဆောင်ရွက်ခဲ့ရာမှာ ရာနှုန်းပြည့် ပြီးစီးပြီး အခန်းပေါင်း ၅၇၄၈ ခန်း၊ ရာခိုင်နှုန်း ၇၀ ပြီးစီးခဲ့ပြီး အခန်းပေါင်း ၅၁၇၆ ခန်း ရှိနေပြီ ဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ အခန်းတွေ ရာနှုန်းပြည့် ပြီးစီးအောင် ဆောင်ရွက်သွားမှာ ဖြစ်သလို ဆက်လက်ပြီးလည်း နှစ်နှစ်ခွဲတာ ကာလအတွင်းမှာ PPP စနစ်နဲ့ အခန်း ၄၀၀၀ ကျော်၊ ကုမ္ပဏီတွေအနေနဲ့အခန်း ၆၀၀၀ ကျော် စုစုပေါင်း အခန်းပေါင်း တစ်သောင်းကျော် ပြီးစီးအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ”ဟု ၎င်းက ပြောကြားသည်။

တန်ဖိုးနည်း၊ တန်ဖိုးသင့်နှင့် တန်ဖိုးမျှတအိမ်ရာများကို နှစ်ရှည် အရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင်ရန်အတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၏ မည်သည့်ဘဏ်ခွဲတွင်မဆို အိမ်ရာ စုဆောင်းငွေစာရင်းကို ကျပ် ၁၀,၀၀၀ နှင့် စတင်၍ ဖွင့်လှစ်ပြီး မိမိဝယ်ယူလိုသော တိုက်ခန်းတန်ဖိုး၏ ရာခိုင်နှုန်း ၃၀ ပြည့်မီအောင် CHID ဘဏ်တွင် စုဆောင်းထားရမည် ဖြစ်ကြောင်းသိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Gucci မိသားစုနှင့် Calvin Klein တို့အပြင် အီတလီ သံအမတ်ကြီးများ နေထိုင်ခဲ့ဖူးသော နယူးယောက်မှ စံအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရီးရဲမက်ဒရစ်ရဲ့ ပဲ့ကိုင်ရှင် အန်ဆယ်လော့တီ၏ မက်ဒရစ်မြို့က စံအိမ်

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိုးယူခံရမှုတွင် ကူညီရောင်းချပေးခဲ့သည့်အမျိုးသား ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရ...

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က ဗြိတိန်တွင် အိမ်ရှာဖွေမှု အလွန်များပြားလာနေ...

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

ဒေါက်မြင့်ဖိနပ်စီးလိုသူများ အထူးပါမစ်လျှောက်ထားရသော ကယ်လီဖိုးနီးယားပြည်နယ်က မြို့လေး၊ ရေခဲမုန့်စားခြင်းကိုလည်း ထိုမြို့တွင် တားမြစ်ထား...

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ

သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ

ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service