တရုတ်ပြည်တွင်းတွင် အခွင့်အလမ်းမရှိတော့သောကြောင့် တရုတ်ရင်းနှီးမြှုပ်နှံသူများမှာ ထိုင်းအိမ်ခြံမြေဈေးကွက်သို့ အလုံးအရင်းဝင်ရောက်

တရုတ်ပြည်တွင်းတွင် အခွင့်အလမ်းမရှိတော့သောကြောင့် တရုတ်ရင်းနှီးမြှုပ်နှံသူများမှာ ထိုင်းအိမ်ခြံမြေဈေးကွက်သို့ အလုံးအရင်းဝင်ရောက် - Property News in Myanmar from iMyanmarHouse.com
26 Sep 2018 12:50 pm တွင် တင်ခဲ့သည်
1013 ကြိမ် ကြည့်ရှု့ပြီး

ဝေကျိသည် အလွန်အလုပ်များသူတစ်ဦးဖြစ်၏။

ရက်သတ္တပတ်လျှင် တစ်ရက်သာ အနားရသည်။

ဂျပန်အခြေစိုက် သတင်းမီဒီယာတစ်ခုနှင့် တွေ့ဆုံမေးမြန်းခန်း မကြာသေးမီက ပြုလုပ်ခဲ့ရာ အင်တာဗျူးလုပ်နေချိန်အတွင်းတွင်လည်း ဖောက်သည်များထံမှ ဖုန်းများအဆက်မပြတ် ဝင်လာနေသည်။

သို့တိုင် ဝေကျိသည် ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီ ၅၀၀ စာရင်းဝင်ကုမ္ပဏီတစ်ခု၏ အမှုဆောင်အရာရှိချုပ်မဟုတ်သလို အလွန်အောင်မြင်မှုရရှိနေသော လုပ်ငန်းသစ်တစ်ခုခု၏ ပိုင်ရှင်လည်း မဟုတ်ချေ။

သူကား ဘန်ကောက်တွင် နေထိုင်သူ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးသာ ဖြစ်၏။

“ကျွန်တော့်အလုပ်ကတော့ တော်တော်ကောင်းနေတယ်” ဟု ဝေကျိက ဖောက်သည်တစ်ဦးထံ အကြောင်းပြန်စာ မက်ဆေ့ပြန်လည်ပေးပို့ရင်း ပြောကြားသည်။

“ထိုင်းကို တရုတ်တွေ အများကြီးဝင်လာတယ်။ ရင်းနှီးမြှုပ်နှံဖို့အတွက် အိမ်ခြံမြေတွေ ဝယ်ကြတယ်။ ဒီနှစ်ရဲ့ ပထမနှစ်ဝက်အတွင်း ကျွန်တော်ရခဲ့တဲ့ဝင်ငွေဟာ ပြီးခဲ့တဲ့ ၂ နှစ်လုံးရခဲ့တာထက် ပိုများနေပါတယ်” ဟု ဝေကျိက ထုတ်ဖော်ပြောကြားသည်။

တရုတ်စီးပွားရေးအေးနေသည့်အပြင် ယွမ်ငွေမှာလည်း အားနည်းနေသောကြောင့် တရုတ်ရင်းနှီးမြှုပ်နှံသူတို့မှာ ပြည်ပတွင် အခြားအခွင့်အလမ်းများ ရှာဖွေလာရာ ထိုင်းနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်မှာ နိုးထလာပြီး ဝေကျိတို့ကဲ့သို့ ဘန်ကောက်အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်တို့ များစွာဝမ်းမြောက်နေကြသည်။

အပြုံးပန်းများဝေရာမြေဟု နာမည်ကျော်သည့် ထိုင်းနိုင်ငံသည် အမေရိကန်နှင့် သြစတေးလျပြီးလျှင် တရုတ်အိမ်ခြံမြေဝယ်လက်တို့ တတိယအများဆုံးဦးတည်ရာ ဈေးကွက်တစ်ခုဖြစ်လာကြောင်း Juwai အမည်ရှိ အိမ်ခြံမြေဝက်ဘ်ဆိုက်တစ်ခုက ပြုလုပ်သော စစ်တမ်းတစ်ရပ်တွင် ဖော်ပြသည်။

တရားဝင်အချက်အလက်များမရှိသော်လည်း ဘန်ကောက်အခြေစိုက် အိမ်ခြံမြေ developer ဖြစ်သည့် Risland ၏ အချက်အလက်များအရ ထိုင်းနိုင်ငံရှိ ကွန်ဒိုခန်းများ၏ အကြီးမားဆုံးဝယ်လက်မှာ တရုတ်ပြည်မှဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်မှ စတင်ပြီး တရုတ်ဝယ်လက်တို့သည် ဘန်ကောက်ရှိ ကွန်ဒိုခန်းများတွင် ဘတ်ငွေ ၃၃၀ ဘီလီယံ (ကန်ဒေါ်လာ ၁၀ ဘီလီယံ)ဖိုးအထိ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ရာ ဂျပန်နှင့် စင်္ကာပူတို့မှ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းနှင့် ညီမျှလေသည်။

ဂျပန်နှင့် စင်္ကာပူတို့သည် ထိုင်းနိုင်ငံတွင် ဒုတိယမြောက် ထိပ်တန်းအိမ်ခြံမြေဝယ်လက်များဖြစ်ကြပြီး ကန်ဒေါ်လာ ၈ ဘီလီယံနှင့် ၂ ဘီလီယံနီးပါး ရင်းနှီးမြှုပ်နှံမှု အသီးသီးရှိကြသည်။

 

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service