လန်ဒန်ရှိ အထင်ကရအဆောက်အအုံကြီးဖြစ်သော One Poultry ကို တောင်ကိုရီးယားကုမ္ပဏီက ကန်ဒေါ်လာ သန်း ၂၄၀ ဖြင့် ဝယ်ယူရန် ဆွေးနွေးလျက်ရှိ

လန်ဒန်ရှိ အထင်ကရအဆောက်အအုံကြီးဖြစ်သော One Poultry ကို တောင်ကိုရီးယားကုမ္ပဏီက ကန်ဒေါ်လာ သန်း ၂၄၀ ဖြင့် ဝယ်ယူရန် ဆွေးနွေးလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
26 Sep 2018 12:39 pm တွင် တင်ခဲ့သည်
750 ကြိမ် ကြည့်ရှု့ပြီး

တောင်ကိုရီးယားအခြေစိုက် Hana Financial Group ကုမ္ပဏီသည် လန်ဒန်မြို့၏ အထင်ကရရုံးအဆောက်အအုံကြီးတစ်ခုကို ကန်ဒေါ်လာ သန်း ၂၄၀ ဖြင့် ဝယ်ယူရန် ဆွေးနွေးလျက်ရှိသည်။

One Poultry အမည်ရှိ အဆိုပါအဆောက်အအုံကြီး၏ လက်ရှိပိုင်ရှင်မှာ Aermont Capital ကုမ္ပဏီဖြစ်သည်။

ပန်းရောင်နှင့် အဝါရောင်တို့သုတ်လိမ်းထားသော One Poultry အဆောက်အအုံကြီးသည် Bank of England ၏ မျက်နှာချင်းဆိုင်တွင် တည်ရှိပြီး ၁၉၉၈ ခုနှစ်တွင် ပို့စ်မော်ဒန်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ခဲ့သည်။

သို့ရာတွင် ကိုရီးယားကုမ္ပဏီ Hana Financial နှင့် ညှိနှိုင်းနေမှုများမှာ အပြီးသတ်ခြင်းမရှိသေးကြောင်း ဘလွန်းဘာ့ဂ်ျသတင်းတွင် ဖော်ပြသည်။

အကယ်၍ အရောင်းအဝယ်ဖြစ်မြောက်ခဲ့မည်ဆိုပါက ဗြိတိန်သို့ အရှေ့အာရှမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာလျက်ရှိသည့် နောက်ဆုံးခြေလှမ်းဖြစ်လာမည်ဖြစ်သည်။

ကိုရီးယားရင်းနှီးမြှုပ်နှံသူတို့သည် ပြည်တွင်းတွင် ဈေးနှုန်းများမြင့်မားလျက်ရှိခြင်းကို ရှောင်ရှားရန်ကြိုးပမ်းလျက်ရှိပြီး စတာပေါင်၏ အားနည်းလာလျက်ရှိနေသည့် အခြေအနေကို အမိအရအခွင့်အလမ်းရယူလိုက်ခြင်းလည်း ဖြစ်သည်။

ပြည်ပရင်းနှီးမြှုပ်နှံမှုများသည် ဗြိတိန်တွင် ရုံးခန်းဈေးကွက်ကို အဓိကပစ်မှတ်ထားလာလျက်ရှိရာ ၂၀၁၈ ခုနှစ် ဒုတိယ ၃ လပတ်အတွင်း ဝယ်ယူခဲ့မှု၏ ၇၀ ရာခိုင်နှုန်းကျော်မှာ ရုံးခန်းနေရာများ ဖြစ်ကြသည်။

အဆိုပါပမာဏမှာ ၂၀၁၄ ခုနှစ်နောက်ပိုင်း အမြင့်မားဆုံးပမာဏဖြစ်ကြောင်း Cushman & Wakefield က ထုတ်ပြန်သည့် ၂၀၁၈ ခုနှစ်၊ ဒုတိယ ၃ လပတ် အစီရင်ခံစာတွင် ဖော်ပြသည်။

လန်ဒန်ရုံးခန်းဈေးကွက်တွင် ရင်းနှီးမြှုပ်နှံသူတို့ ဝင်ရောက်မှုပမာဏမှာ အရှိန်အဟုန်ကျဆင်းသွားသည့်လက္ခဏာမရှိကြောင်းလည်း Cushman & Wakefield ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service