ဆော်ဒီအာရေးဗီးယား၏ ၈၈ နှစ်မြောက် အမျိုးသားနေ့တွင် ကန်ဒေါ်လာ ၁၈၃ ဘီလီယံတန်ကြေးရှိ ဆောက်လုပ်ရေးစီမံကိန်းများ အကောင်အထည်ဖော်မည့်အစီအစဉ် ကြေညာ

ဆော်ဒီအာရေးဗီးယား၏ ၈၈ နှစ်မြောက် အမျိုးသားနေ့တွင် ကန်ဒေါ်လာ ၁၈၃ ဘီလီယံတန်ကြေးရှိ ဆောက်လုပ်ရေးစီမံကိန်းများ အကောင်အထည်ဖော်မည့်အစီအစဉ် ကြေညာ - Property News in Myanmar from iMyanmarHouse.com
26 Sep 2018 12:01 pm တွင် တင်ခဲ့သည်
891 ကြိမ် ကြည့်ရှု့ပြီး

ဆော်ဒီအာရေးဗီးယားတွင် ၈၈ နှစ်မြောက် အမျိုးသားနေ့ကျင်းပရန် စီစဉ်လျက်ရှိချိန်တွင် ဆော်ဒီရီယယ်လ်ငွေ ၆၈၅ ဘီလီယံ (ကန်ဒေါ်လာ ၁၈၃ ဘီလီယံ) တန်ကြေးရှိ ပင်မဆောက်လုပ်ရေးစီမံကိန်းကြီး ၁၀ ခုနှင့် အခြားစီမံကိန်းများ အကောင်အထည်ဖော်မည့် အစီအစဉ်တစ်ရပ်ကို ထုတ်ဖော်ကြေညာလိုက်ကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အမျိုးသားဝင်ငွေအတွက် ရင်းမြစ်ပေါင်းများစွာ ဖန်တီးခြင်းဖြင့် ပိုမိုတောက်ပသည့်အနာဂတ် ဖော်ဆောင်နိုင်ရေးဟူသည့် မူကို ဘုရင် ဆယ်လ်မန်နှင့် မင်းသား မိုဟာမက် ဘင် ဆယ်လ်မန်တို့၏ ဦးဆောင်မှုများအောက်တွင် ယခုစီမံကိန်းများကို အကောင်အထည်ဖော်လာ ခြင်းလည်း ဖြစ်သည်။

ဆော်ဒီချိန်ဘာကောင်စီက ၂၀၁၇ ခုနှစ် စီးပွားရေးအောင်မြင်မှု အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာတွင် ၂၀၁၇ ခုနှစ်အတွင်း ဆော်ဒီအာရေးဗီးယားတွင် စီးပွားရေးအောင်မြင်မှုများနှင့် အရေးအကြီးဆုံးအဖြစ်အပျက်များကို အတိုချုံးကာ စုစည်းဖော်ပြထားခဲ့သည်။

ယင်းအချက်အလက်များ၌ အမျိုးသမီးများ ကားမောင်းခွင့် ပိတ်ပင်ချက်ကို ဇွန်လအတွင်းက ပယ်ဖျက်ပေးမှု၊ ဆိုက်ဘာလုံခြုံရေး အာဏာပိုင်အဖွဲ့ တည်ထောင်မှု၊ ဆော်ဒီနိုင်ငံသားများအတွက် ဘဏ္ဍာရေးအထောက်အပံ့ပေးရန် အမိန့်များစွာ ထုတ်ပြန်ခဲ့မှုများလည်း အပါအဝင် ဖြစ်သည်။

ထို့အပြင် ဆော်ဒီငွေ ၇၂ ဘီလီယံ တန်ကြေးရှိ ပုဂ္ဂလိကကဏ္ဍ မက်လုံးပေးရေးစီမံကိန်းစတင်ခြင်း၊ အစိုးရ လုပ်ငန်းကဏ္ဍ ၁၀ ခုကို ပုဂ္ဂလိက ပြောင်းလဲခြင်း၊ အိမ်ခြံမြေအာဏာပိုင်အဖွဲ့ တည်ထောင်ခြင်းများလည်း ပါဝင်သည်။

ပြီးခဲ့သော ၂၀၁၇ ခုနှစ်အတွင်း တိုင်းပြည်၏ ဂျီဒီပီသို့ ပုဂ္ဂလိက ကဏ္ဍမှ ဖြည့်တင်းခဲ့သည့်ပမာဏမှာ ဆော်ဒီငွေ ၁၂၃၆ ဒသမ ၆ ဘီလီယံခန့်အထိ ရှိခဲ့သည်။

ရေနံလုပ်ငန်းမဟုတ်သော ပုဂ္ဂလိက စီးပွားရေးကဏ္ဍများမှ ဂျီဒီပီသို့ ဖြည့်တင်းပေးနိုင်မှုပမာဏမှာလည်း မြင့်တက်လာခဲ့သည့်အပြင် အလုပ်သမားဦးရေ၊ သွင်းအားစုပမာဏ အစရှိသည်တို့လည်း မြင့်မားလာကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြသည်။

ယင်းသို့ ပုဂ္ဂလိကကဏ္ဍ ဆက်လက်ဖွံ့ဖြိုးနေရခြင်း၏ အဓိကအကြောင်းရင်းမှာ ဘဏ္ဍာရေးကဏ္ဍဖွံ့ဖြိုးရေး၊ အလုပ်ခွင်ဝန်းကျင်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အတားအဆီးများ ဖယ်ရှားပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုမြင့်တက်စေရန်အတွက် မူဝါဒများ အကောင်အထည်ဖော် ပေးခြင်း အစရှိသည့်ခြေလှမ်းများကို ဆော်ဒီအစိုးရက အကောင်အထည်ဖော်ခဲ့ခြင်းကြောင့်လည်း ဖြစ်လေသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Gucci မိသားစုနှင့် Calvin Klein တို့အပြင် အီတလီ သံအမတ်ကြီးများ နေထိုင်ခဲ့ဖူးသော နယူးယောက်မှ စံအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရီးရဲမက်ဒရစ်ရဲ့ ပဲ့ကိုင်ရှင် အန်ဆယ်လော့တီ၏ မက်ဒရစ်မြို့က စံအိမ်

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိုးယူခံရမှုတွင် ကူညီရောင်းချပေးခဲ့သည့်အမျိုးသား ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရ...

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က ဗြိတိန်တွင် အိမ်ရှာဖွေမှု အလွန်များပြားလာနေ...

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

ဒေါက်မြင့်ဖိနပ်စီးလိုသူများ အထူးပါမစ်လျှောက်ထားရသော ကယ်လီဖိုးနီးယားပြည်နယ်က မြို့လေး၊ ရေခဲမုန့်စားခြင်းကိုလည်း ထိုမြို့တွင် တားမြစ်ထား...

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်

လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service