အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက နယူးယောက်မြို့ ပန်းခြံရိပ်သာလမ်း လူနေခန်းကို ကန်ဒေါ်လာ ၃၂ သန်းဖြင့် အရောင်းဈေးကွက်တင်

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက နယူးယောက်မြို့ ပန်းခြံရိပ်သာလမ်း လူနေခန်းကို ကန်ဒေါ်လာ ၃၂ သန်းဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
21 Sep 2018 11:35 am တွင် တင်ခဲ့သည်
1175 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီဗန် မနူးရှင်သည် နယူးယောက်မြို့ ပန်းခြံရိပ်သာလမ်း လူနေခန်းကို ကန်ဒေါ်လာ ၃၂ သန်းဖြင့် အရောင်းဈေးကွက်တင်လာသည်။

စတီဗန် မနူးရှင်၏ အမည်အပြည့်အစုံမှာ စတီဗန် တာနာ မနူးရှင်ဖြစ်ပြီး ၁၉၆၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်တွင် မွေးဖွားသည်။

မူလက ဘဏ်လုပ်ငန်းရှင်၊ ရုပ်ရှင်ထုတ်လုပ်သူဖြစ်ပြီး သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်တွင် အမေရိကန်ပြည်ထောင်စု၏ ၇၇ ဆက်မြောက် ဘဏ္ဍာရေးဝန်ကြီး ဖြစ်လာသည်။

၁၉၈၅ ခုနှစ်တွင် ယေးတက္ကသိုလ်မှ ဘွဲ့ရခဲ့ပြီး Goldman Sachs ဘဏ်တွင် ၁၇ နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၀၇-၀၈ ခုနှစ်အတွင်း ဘဏ္ဍာရေးအကျယ်အတည်းကြီး ဆိုက်ရောက်စဉ်ကာလအတွင်း အရှုံးပေါ်နေသော IndyMac ကုမ္ပဏီကို ဝယ်ယူကာ OneWest Bank ဟု အမည်ပြောင်းလဲခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် CIT Group သို့ ပြန်လည်ရောင်းချခဲ့သည်။

၂၀၁၆ ခုနှစ်တွင် သမ္မတလောင်း ဒေါ်နယ်ထရမ့်၏ မဲဆွယ်ရေးကာလတွင် ပါဝင်ကူညီခဲ့စဉ်အတွင်း မဲဆွယ်ကာလအတွက် ဘဏ္ဍာရေးဆိုင်ရာ ဥက္ကဌအဖြစ် ခန့်အပ်ခံခဲ့ရသည်။

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်တွင် မနူးရှင်ကို ဘဏ္ဍာရေးဝန်ကြီးအဖြစ် အထက်လွှတ်တော်၌ ၅၃-၄၇ မဲဖြင့် အတည်ပြု ခန့်အပ်ခဲ့သည်။

ရောင်းချမည့်အခန်းမှာ နယူးယောက်မြို့၊ Upper East Side ရှိ အထင်ကရ အဆောက်အအုံကြီးတွင်ဖြစ်ပြီး သီးသန့်ဓာတ်လှေကားတစ်ခု တပ်ဆင်ပေးထားသည်။

နယူးယောက်မြို့၊ ပန်းခြံရိပ်သာလမ်း၊ အမှတ် ၇၄၀ ရှိ အဆိုပါအဆောက်အအုံကြီးသည် အကျော်အမော်တို့ နေထိုင်လေ့ရှိသည့် နေရာဖြစ်ပြီး ၁၉၃၀ ပြည့်လွန်ကာလများမှ စတင်ကြည့်ရှုမည်ဆိုလျှင် ဂျက်ကလင်းဘိုဗီးယားမိသားစုမှာ ၆ နှစ်ခန့် နေထိုင်ခဲ့ဖူးသည်။

ယခုအခန်းမှာ duplex ခန်းတစ်ခုဖြစ်ပြီး စုစုပေါင်းအကျယ်အဝန်း စတုရန်းပေ ၆၅၀၀ ခန့်ရှိသည်။

Master Bedroom မှာ ကျယ်ပြောလှပြီး ထင်းသုံးမီးလင်းဖိုကြီးတစ်ခု ပါဝင်ကာ မျက်နှာကြက်များမှာ ၁၁ ပေခန့်အထိ မြင့်မားသည်။

အရောင်းဈေးကွက်တင်ခဲ့သည်မှာ Warburg Realty ကုမ္ပဏီမှ ကာရိုးလ် တာနာ လေဒါမန်းနှင့် ဂျူဒီ ကလုန်းတို့ ဖြစ်ကြသည်။

လေဒါမန်းသည် စတီဗန် မနူးရှင်၏ အဒေါ်တော်စပ်ပြီး ယခုအခန်းမှာလည်း လေဒါမန်းထံမှ ၂၀၀၀ ပြည့်နှစ်အတွင်း ကန်ဒေါ်လာ ၁၀ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ယခုရောင်းချမည့်ခေါ်ဈေးမှာ ကန်ဒေါ်လာ ၃၂ ဒသမ ၅ သန်း ဖြစ်သည်။

နေအိမ်ခန်းတည်ရှိရာ အဆောက်အအုံကြီးကို ဒီဇိုင်းရေးဆွဲခဲ့သူမှာ ဂျက်ကလင်း ကနေဒီ အိုနာစစ်၏ အဘိုးဖြစ်သူ ဂျိမ်းစ် တီ-လီဖြစ်သည်။

ဂျက်ကလင်း ကနေဒီ အိုနာစစ်သည် အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ၏ ဇနီးဖြစ်ပြီး နောင်အခါတွင် ဂရိသင်္ဘောလုပ်ငန်းရှင် သူဌေးကြီး အိုနာစစ်နှင့် လက်ဆက်ခဲ့ပြီး မုဆိုးမ ၂ ကြိမ်ဖြစ်ခဲ့သူဖြစ်သည်။

အဆိုပါအဆောက်အအုံကြီးတွင် ရော့ခ်ဖဲလားအပါအဝင် အမေရိက၏ အချမ်းသာဆုံးဘီလျံနာကြီးများ နေထိုင်ခဲ့ဖူးပြီး လက်ရှိအားဖြင့်လည်း ဘီလျံနာကြီး ဒေးဗစ်ကို့ခ်ျ နေထိုင်လျက်ရှိသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service