ဂျပန်မြေဈေးများ ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် မြင့်တက်

ဂျပန်မြေဈေးများ ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် မြင့်တက် - Property News in Myanmar from iMyanmarHouse.com
20 Sep 2018 11:58 am တွင် တင်ခဲ့သည်
1024 ကြိမ် ကြည့်ရှု့ပြီး

ခရီးသွားများ အလုံးအရင်းလိုက်ဝင်ရောက်လာမှုနှင့် ကြုံတွေ့နေရသည့် ဂျပန်တွင် ဆယ်စုနှစ် သုံးခုအတွင်း ပထမဆုံးအကြိမ်အဖြစ် မြေဈေးများ မြင့်တက်နေကြောင်း ဂျပန်အခြေစိုက် အာရှစီးပွားရေးသတင်းစာ Nikkei Asian Review က ဖော်ပြခဲ့သည်။

လူနေမြေ၊ စီးပွားရေးမြေနှင့် စက်မှုဇုန်မြေတို့၏ ပျမ်းမျှဈေးနှုန်းသည် ဇူလိုင် ၁ တွင် ၂၀၁၇ ဇူလိုင် ၁ ကထက် ၀ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ၎င်းမြင့်တက်မှုသည် ၁၉၉၁ ခုနှစ်ကတည်းက ပထမဆုံးမြင့်တက်မှုဖြစ်ကြောင်း မြေယာ၊ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ယခုသီတင်းပတ်တွင် ထုတ်ပြန်လိုက်သည့် အချက်အလက်များအရ သိရသည်။

အထူးသဖြင့် ဆပ်ပိုရို၊ ဆန်ဒိုင်း၊ ဟီရိုရှီးမားနှင့် ဖူကူအိုကာ ကဲ့သို့သော ခရီးသွားအချက်အချာမြို့များတွင် စီးပွားရေးမြေဝယ်လိုအား ကောင်းလာပြီးနောက် ထိုကဲ့သို့ မြေဈေး မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ဖော်ပြပါခရီးသွားအချက်အချာမြို့များရှိ စီးပွားရေးမြေဈေးသည် ပျမ်းမျှအားဖြင့် ၉ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ဂျပန်သို့ ယခုနှစ် ပထမ ၈ လတာအတွင်း ခရီးသွားဝင်ရောက်မှုမှာ သန်း ၂၀ ရှိခဲ့ကာ ပြီးခဲ့သည့်နှစ် ခရီးသွားဝင်ရောက်မှု ၂၈ ဒသမ ၇ သန်းအရေအတွက်ထက် သာလွန်တော့မည်ဖြစ်သည်။

စီးပွားရေးမြေဈေးသည် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ပျမ်းမျှ ၁ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ဂျပန်ရှိ စီရင်စု ၄၇ ခုအနက် ၁၉ ခုတွင် စီးပွားရေးမြေဈေးများ မြင့်တက်ခဲ့သည်ကို တွေ့ရသည်။

လူနေမြေဈေးမှာမူ ဆန့်ကျင်ဘက်အနေဖြင့် နိုင်ငံတစ်ဝန်း ပျမ်းမျှ ၀ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ ၂၇ နှစ်ဆက်တိုက် ကျဆင်းမှုလည်း ဖြစ်ကြောင်း သိရသည်။

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service