လွှတ်တော်ကိုယ်စားလှယ်များ ပုဂ္ဂလိက ဘဏ်များတွင် ပိုင်ဆိုင်မှု ပြစရာမလိုဘဲ ငွေချေးခွင့်ရ

လွှတ်တော်ကိုယ်စားလှယ်များ ပုဂ္ဂလိက ဘဏ်များတွင် ပိုင်ဆိုင်မှု ပြစရာမလိုဘဲ ငွေချေးခွင့်ရ - Property News in Myanmar from iMyanmarHouse.com
20 Sep 2018 11:09 am တွင် တင်ခဲ့သည်
1618 ကြိမ် ကြည့်ရှု့ပြီး

နေပြည်တော်မှာ ရောက်ရှိပြီး လွှတ်တော် တက်ရောက်နေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ပုဂ္ဂလိက ဘဏ် တချို့က ပိုင်ဆိုင်မှု အထောက်အထား မလိုဘဲ ငွေချေးပေးနေတယ်လို့ စုံစမ်း သိရပါတယ်။

ဧရာဝတီ (AYA)၊ သမဝါယမ (CB)၊ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် (SMIDB) တွေ ကနေ ငွေရေးကြေးရေး ဝန်ဆောင်ပေးနေတာလို့ လွှတ်တော် ကိုယ်စားလှယ်တွေက ဧရာဝတီ သတင်းဌာနကို ပြောပါတယ်။

လွှတ်တော် ကိုယ်စားလှယ်တွေကို ကျပ်သိန်း ၅၀ အထိ ချေးယူခွင့်၊ Credit Card (အကြွေးကတ်) ဖိုး မပေးရတဲ့ ဝန် ဆောင်မှုနဲ့ ရက်အကန့်အသတ်နဲ့ အတိုး ကင်းလွတ်ခွင့်တွေနဲ့ ငွေချေးပေးနေတာ ဖြစ်ပါတယ်။

လစဉ် လစာကျပ် ၁၀ သိန်း ရတာ၊ လွှတ်တော် ကိုယ်စားလှယ် ဖြစ်တာကြောင့် ဂုဏ်သိက္ခာ ရှိပြီး ယုံကြည်မှုရှိတာကြောင့် ဒီလိုမျိုး ကမ်းလှမ်းပေးတာ ဖြစ်တယ်လို့ ကိုယ်စားလှယ်တွေက ဆိုကြပါတယ်။

ရန်ကုန်မြို့၊ လမ်းမတော် မြို့နယ်မှာ ရုံးချုပ် ရှိတဲ့ SMIDB က ဆိုရင် လွှတ်တော် ကိုယ်စားလှယ် ၃ ဦး အချင်းချင်း ပြန် ထောက်ခံပေးရင် တယောက်က ကျန်တဲ့ ၂ ယောက်က ထောက်ခံပေးရင် ပိုင်ဆိုင်မှု ပြစရာ မလိုဘဲ ကျပ်သိန်း ၅၀ ရမှာ ဖြစ်ပြီး အဲဒီငွေ ပြန်ဆပ်နိုင်ရင် ကျပ်သိန်း ၁၀၀ ထပ်ချေးပေးမယ်လို့ သိရကြောင်း မင်္ဂလာဒုံ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။

ဦးအောင်လှိုင်ဝင်း က “အတိုးက ၁ နှစ်ကို ၁၃ ကျပ်။ ပြန်ဆပ်ငွေကတော့ ပုံသေပဲ။ ဥပမာ ကျနော်တို့က အရင်းကို ၁၈ လနဲ့ အကြေဆပ်ရ မှာပေါ့။ ၁၈ လ အတွင်းမှာ ဆိုရင် အရင်းက ၂ သိန်း ၈ သောင်းလောက် ပေးရမယ်။ အတိုးက ၆ သောင်းလောက် ထည့်ဆပ်ရမှာ ဆိုတော့ စုစုပေါင်း တလကို ၃ သိန်း ၃ သောင်းလောက် ပြန်ပေးရမယ်” လို့ ရှင်းပြပါတယ်။

အတိုးကတော့ ၁၈ လစာ အတွက် တခါတည်း ယူထားလိုက်တာ ဖြစ်ပြီး စောပြီး ပြန်ဆပ်လည်း အတိုး သက်သာမှာ မဟုတ်ကြောင်း၊ တလ ၆ သောင်းလောက် အတိုးသတ်ရမှာ ဖြစ်လို့ လုပ်ငန်းတခုခု ရှိမှ အဆင်ပြေမှာ ဖြစ်ကြောင်း၊ ငွေကျပ် သိန်း ၅၀ နဲ့လည်း လုပ်ငန်းတခု လည်ပတ်ဖို့ မဖြစ်နိုင်ကြောင်း၊ CB ဘဏ်ကလည်း သိန်း ၅၀ အထိ ချေး ပေးကြောင်း ဦးအောင်လှိုင်ဝင်းက ဆိုပါတယ်။

ရန်ကုန်တိုင်းမှ အမည်မဖော်လိုတဲ့ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ် တဦးရဲ့အဆိုအရ အလုပ်လုပ်ချင်တဲ့ လွှတ်တော် ကိုယ်စား လှယ်တွေကတော့ SMIDB ဘဏ်ရဲ့ ချေးငွေကို စိတ်ဝင်စားကြပြီး Credit Card ပေးမှာ မဟုတ်ဘဲ ငွေအလုံးအရင်းလိုက် ပေးမှာ ဖြစ်လို့ အဆင်ပြေနိုင်တယ်လို့ ပြောပါတယ်။

“ဒီဘဏ်ကတော့ တခြားဘဏ်တွေနဲ့ မတူဘူး။ ငွေအလုံးလိုက် ရတယ်။ တချို့ဘဏ်တွေက တခါထုတ်ရင် ထုတ်ခ တွေ ပေးရတာတွေ ရှိတယ်။ ဈေးဝယ်ရင် ၃ ရာခိုင်နှုန်း ပေးရတာတွေလည်း ရှိတယ်။ ကိုယ်စားလှယ် တချို့ကလည်း ဧရာဝတီဘဏ်က ယူတယ်။ တချို့က CB ဘဏ်က ယူတယ်။ တချို့လည်း အခု စက်မှု ဖွံ့ဖြိုးရေးဘဏ်က ယူမယ်။ လုံးဝ မယူတဲ့သူတွေလည်း ရှိတယ်။ အကုန်လုံး ယူတာတော့ မရှိဘူး။ တချို့လည်း ပြန်အပ်ကြတယ်” လို့ ယင်းအမျိုး သမီး ကိုယ်စားလှယ်က ဆိုပါတယ်။

SMIDB ဘဏ်မှာ ငွေချေးချင်ရင် လွှတ်တော် ကိုယ်စားလှယ်ကတ် မိတ္တူ၊ မှတ်ပုံတင် မိတ္တူနဲ့ ဘဏ်ကပေးတဲ့ စာရွက် လေးမှာ အချက်တချို့ ဖြည့်လိုက်ရင် ရပါပြီ။ ဒါပေမယ့် ဒီဘဏ်က လွှတ်တော် ကိုယ်စားလှယ်တွေကိုပဲ ရွေးပြီး ချေး တာမျိုး မဟုတ်ဘဲ အစိုးရ ဝန်ထမ်းတွေကိုလည်း ဝင်ငွေရဲ့ ၅ ဆ၊ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ဆိုရင်လည်း လုပ်ငန်း ပြနိုင်ရင် ငွေချေးပေးတာမျိုးတွေ ရှိပါတယ်။

လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ငွေချေးတဲ့ ကိစ္စက ဘဏ်အပေါ်မှာ မူတည်ပြီး ဘဏ်ပိုင်ရှင်တွေ ကိုယ်စားလှယ် တွေကို စေတနာထား လုပ်ပေးတဲ့ အပေါ်မှာလည်း မူတည်တယ်လို့ ဗဟန်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးထွန်းမြင့် က ပြောပါတယ်။

“ကျနော်ဆိုရင် ဧရာဝတီဘဏ်မှာ ခရစ်ဒစ်ကတ် လုပ်တယ်။ တခြား ပြင်ပ ပုဂ္ဂိုလ်တွေ ဆိုရင် ခရစ်ဒစ် ကတ်ဖိုးလည်း ပေးရတယ်။ တနှစ်ကို တခါ ဝန်ဆောင်ခလည်း ပေးရတယ်။ တသိန်းပေါ့။ ကျနော်တို့ ကျတော့ မပေးရဘူး။ အဆင်ပြေ တယ်။ နောက်တခုက သိန်း ၃၀၊ သိန်း ၅၀ တို့ကို ရက် ၅၀ အကြွေး သုံးခွင့်ပေးတယ်။ အတိုးမပေးရဘူး” လို့ သူက ဆိုပါတယ်။

ဧရာဝတီဘဏ်ရဲ့ အတိုးနှုန်းကလည်း ငွေ ၁၀၀ ကို တကျပ်နှုန်း ဖြစ်ပြီး တနှစ်လုံး အတွက် ၁၂ ကျပ်၊ ဝန်ဆောင်ခ ၁ ကျပ် စုစုပေါင်း ၁၃ ကျပ် ကျသင့်ကြောင်း၊ လကုန်ရင်တော့ သုံးထားတဲ့ငွေရဲ့ အနည်းဆုံး ၁၀ ရာခိုင်နှုန်းနဲ့ အတိုးပေး ရတယ်လို့ သိရပါတယ်။

ဦးထွန်းမြင့်က “ဘဏ်က အတိုးကို ရက်တွက်နဲ့ ယူပေးတယ်။ ဥပမာ ၁ နှစ် ၃၆၅ ရက်မှာမှ ငွေ ၁၀၀ ကို ၁၃ ကျပ်ပဲ အတိုးယူတာ။ ကျနော်တို့က ရက် ၇၀ ထားမလား။ ရက်နဲ့ပဲ တွက်ယူတယ်။ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ် တွေ မနစ်နာအောင် အဲဒီလို လုပ်ထားပေးမယ်” လို့ ပြောပါတယ်။

ဧရာဝတီဘဏ်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးမြင့်ဇော်ကတော့ ကိုယ်စားလှယ်တွေကို အထူး အခွင့်အရေး ပေးပြီး ဝန်ဆောင် ပေးတာမျိုး မဟုတ်ဘဲ ပရိုမိုးရှင်းကာလမှာ လျှောက်ထားတဲ့အတွက် ဒီလိုဝန်ဆောင်မှုတွေ ရရှိနေတာ ဖြစ်ကြောင်း၊ ဘဏ်မှာ လွှတ်တော် ကိုယ်စားလှယ်ဆိုတဲ့ သီးသန့် ခေါင်းစဉ်မျိုးနဲ့ မထားဘဲ နိုင်ငံဝန်ထမ်း ကဏ္ဍအောက်မှာပဲ ရှိ ကြောင်း ရှင်းပြပါတယ်။

“နေပြည်တော်မှာ လာထုတ်တာကတော့ လူ ၁၀၀ ဝန်းကျင်လောက် ရှိတယ်။ ကျနော်တို့မှာ ကဏ္ဍ ၂ ခု ပဲ ရှိတယ်။ အစိုးရဝန်ထမ်း ကဏ္ဍရယ်၊ ပြည်သူ ကဏ္ဍရယ်။ လာလျှောက်တဲ့ ပုံစံမှာ ပြောတာ။ အဲဒီမှာ အစိုးရဝန်ထမ်း ကဏ္ဍထဲမှာ လာထုတ်တဲ့ လွှတ်တော် ကိုယ်စားလှယ်က ရွှေကြာပင်ဘဏ်က စာရင်းအရ လူ ၁၀၀ လောက် ရှိတယ်”လို့ ဦးမြင့် ဇော်က ပြောပါတယ်။

ဘဏ်တွေမှာရှိတဲ့ စည်းမျဉ်းစည်းကမ်းတွေ အတိုင်း ခရက်ဒစ်ကတ်နဲ့ ကတ်ဖိုးပေးရတာတွေ ရှိပေမယ့် နိုင်ငံတကာမှာ လုပ်သလို ကတ်ဖိုးတွေကို လျော့ပေးတာ၊ Credit ကတ် လုပ်ငန်း အောင်မြင်ချင်လို့ ပရိုမိုးရှင်း လုပ်ပေးတာ ရှိကြောင်း၊ ရန်ကုန်မြို့ မြန်မာပလာဇာမှာ လုပ်ခဲ့တဲ့ ပရိုမိုရှင်းမှာလည်း ကတ်ဖိုးတွေ လျော့ပေးတာမျိုး ရှိခဲ့ဖူးကြောင်း ဧရာဝတီ ဘဏ်က ပြောဆိုပါတယ်။

“အကြွေးကတ်ဖြစ်တဲ့ အတွက် အရင် သုံးထားပြီးမှ အကြေးဆပ်ဆိုတဲ့ ပုံစံပဲ။ လွှတ်တော် ကိုယ်စားလှယ်ကိုတော့ ရက် ၅၀ ပေးတယ်။ ကျန်တဲ့သူတွေကို မပေးဘူးဆိုတာမျိုးလည်း မရှိဘူး။ လွှတ်တော် ကိုယ်စားလှယ်ဆိုပြီး ခေါင်းစဉ် တပ် ပေးထားတာမျိုးတော့ လုံးဝ မရှိဘူး။ ပရိုမိုးရှင်းကာလမှာ မိတဲ့သူက ရတယ်။ မမိတဲ့သူက မရဘူး” လို့ ဦးမြင့်ဇော်က ပြောပါတယ်။

လွှတ်တော် ကိုယ်စားလှယ် သက်တမ်း ပြည့်သွားလို့ နောက်သက်တမ်း မလုပ်ရရင်တောင် နိုင်ငံတော်ရဲ့ ချီးမြင့်ငွေ သိန်း ၅၀ ပေးမယ့် အာမခံချက် ရှိတာကြောင့် အာမခံချက်ရှိတဲ့ ပုဂ္ဂိုလ်၊ ဂုဏ်သိက္ခာရှိတဲ့ ပုဂ္ဂိုလ်အဖြစ် တချို့ဘဏ် တွေက သိန်း ၅၀ အထိ ချေးပေးတာလို့ လွှတ်တော် ကိုယ်စားလှယ် အသိုင်းအဝိုင်းက သိရပါတယ်။

ကမ္ဘောဇဘဏ်ရဲ့ အကြံပေးတဦး ဖြစ်သူ ဦးသန်းလွင်ကတော့ လစာဝင်ငွေ ပုံမှန်ရှိသူတွေကို ဘဏ်တွေကက Hire Purchase (အရစ်ကျ) စနစ်နဲ့ တိုက်ခန်းတို့၊ ကားတွေ ဝယ်လို့ ရအောင် လုပ်ပေးနေသလို လွှတ်တော် ကိုယ်စားလှယ် ရဲ့ ဝင်ငွေကြောင့် ချေးငှားရတာ စိတ်ချရလို့ ဘဏ်တွေက ပိုတောင် ချေးချင်ကြသေးတယ်လို့ ပြောပါတယ်။

“ဘဏ်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးလို့ ပြောမရဘူး။ သူတို့ (လွှတ်တော် ကိုယ်စားလှယ်)က ဝင်ငွေတောင် ပိုသေ ချာသေးတယ်။ ဒီ ၅ နှစ် သက်တမ်းလည်း သေချာနေတာ ဆိုတော့ ဘဏ်တွေက ချေးကြမှာပေါ့။ အဲဒီအတွက် ဘာပြ ဿနာမှ မရှိဘူး။ လုပ်လို့ ရတယ်”လို့ ဦးသန်းလွင်က ဆိုပါတယ်။

နေပြည်တော်မှာ ရောက်ရှိနေတဲ့ လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၆၆၄ ဦး ရှိပြီး ရွေးကောက်ခံ ကိုယ်စားလှယ် ၄၉၈ ဦး၊ တပ်မတော်သား ကိုယ်စားလှယ် ၁၆၆ ဦးတို့ ဖြစ်ပါတယ်။

လွှတ်တော် ကိုယ်စားလှယ် အများစုမှာ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ဖြစ်ကြပါတယ်။

 

Credit:  irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service