ကမ္ဘာကျော်တင်းနစ်ကြယ်ပွင့် ဆရီနာဝီလျံစ်က လော့စ်အိန်ဂျလိမြို့၏ နာမည်ကျော် ဘဲအဲရ်အရပ်ရှိ စံအိမ်ကြီးကို ဝယ်လက်ရှာဖွေလျက်ရှိ

ကမ္ဘာကျော်တင်းနစ်ကြယ်ပွင့် ဆရီနာဝီလျံစ်က လော့စ်အိန်ဂျလိမြို့၏ နာမည်ကျော် ဘဲအဲရ်အရပ်ရှိ စံအိမ်ကြီးကို ဝယ်လက်ရှာဖွေလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
19 Sep 2018 11:51 am တွင် တင်ခဲ့သည်
638 ကြိမ် ကြည့်ရှု့ပြီး

ဆရီနာဝီလျံသည် အမေရိကန်သူ၊ ကမ္ဘာကျော်တင်းနစ်ကြယ်ပွင့်တစ်ဦးဖြစ်ပြီး ၁၉၈၁ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ မီချီဂန်ပြည်နယ်၊ Saginaw မြို့တွင် မွေးဖွားသည်။

၂၀၀၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်တွင် ကမ္ဘာ့အဆင့် ၁ တင်းနစ်မယ်အဖြစ် ပထမဆုံးစတင်ရပ်တည်ခဲ့ပြီး ၂၀၀၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ကမ္ဘာ့အဆင့် ၁ အဖြစ် ၈ ကြိမ်တိုင် ရပ်တည်ခဲ့သည်။

ဖော့ဘ်မဂ္ဂဇင်းကြီး၏ ဝင်ငွေအကောင်းဆုံး အားကစားသမား ၁၀၀ ဦးစာရင်းတွင် ဖော်ပြခံခဲ့ရသည့် တစ်ဦးတည်းသော အမျိုးသမီးလည်း ဖြစ်သည်။

ယခုအခါ ဆရီနာဝီလျံစ်က လော့စ်အိန်ဂျလိမြို့၏ နာမည်ကျော် ဘဲအဲရ်အရပ်ရှိ စံအိမ်ကြီးကို ရောင်းချလိုလျက်ရှိပြီး ဝယ်လက်ရှာဖွေလျက် ရှိသည်။

ဆရီနာဝီလျံက စတုရန်းပေ ၆၁၀၀ ကျယ်ဝန်းသည့် ယခုစံအိမ်ကြီးကို ၂၀၀၆ ခုနှစ်အတွင်း ကန်ဒေါ်လာ ၆ ဒသမ ၆ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သော ၂၀၁၇ ခုနှစ်အတွင်း ပထမဆုံးအရောင်းဈေးကွက်တင်ခဲ့ပြီး ထိုစဉ်ကခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၂ သန်း ဖြစ်သည်။

ယင်းနောက်ပိုင်းကတည်းက အရောင်းဈေးကွက်မှ ရုပ်သိမ်းခြင်း၊ ပြန်လည်တင်သွင်းခြင်း အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ရောင်းမထွက်ခဲ့ချေ။

ပြီးခဲ့သော ရက်သတ္တပတ်အတွင်းကမူ ကန်ဒေါ်လာ ၁၀ သန်းဖြင့် ဈေးကွက်ပြန်တင်လာသည်။

၁၉၃၅ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အိပ်ခန်း ၆ ခန်းနှင့် ရေချိုးခန်း ၇ ခန်းပါဝင်ကာ လေဝင်လေထွက် ကောင်းမွန်လှသည့် စံအိမ်ကြီး ဖြစ်သည်။

မြင့်မားသည့်မျက်နှာကြက်များရှိကာ ပြင်သစ်တံခါးများ တပ်ဆင်ထားပြီး ကျောက်ပြားနှင့် သစ်ကြမ်းခင်းများ ခင်းကျင်းထားသည်။

ခြံဝန်းအကျယ်မှာ ၃ ဧကနီးပါးရှိပြီး လော့စ်အိန်ဂျလိမြို့အနောက်ဘက်ရှိ နာမည်ကျော် Stone Canyon Reservoir နှင့် များစွာမဝေးလှချေ။

နေအိမ်ဝန်းကျင်ရှိ တောအုပ်များအတွင်း လှည့်လည်လမ်းလျှောက်နိုင်မည့် မြေသားလမ်းကလေးများလည်း ရှိနေပြီး ရှည်လျားသည့် ရေကူးကန်တစ်ခုလည်း ပါဝင်သေးသည်။ အရောင်းဈေးကွက်တင်သွင်းပေးသည်မှာ Keller Williams ကုမ္ပဏီမှ ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service