တောင်သမန်အင်းအတွင်းရှိ မည်စည်ပင်တန်းအနီးတွင် ကားပါကင်နေရာနှင့် ဆိုင်ခန်းနေရာများ တည်ဆောက်မည်

တောင်သမန်အင်းအတွင်းရှိ မည်စည်ပင်တန်းအနီးတွင် ကားပါကင်နေရာနှင့် ဆိုင်ခန်းနေရာများ တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
17 Sep 2018 11:49 am တွင် တင်ခဲ့သည်
1871 ကြိမ် ကြည့်ရှု့ပြီး

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တောင်သမန်အင်းအတွင်းရှိ မည်စည်ပင်တန်းအနီးတွင် ကားပါကင်နေရာနှင့် ဈေးဆိုင်ခန်းနေရာများ တည်ဆောက်သွားရန် စီစဉ်ဆောင်ရွက်လျက်နေကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ပြောကြားသည်။

မည်စည်ပင်တန်းအနီးတွင် ပြုလုပ်ဆောင်ရွက်သွားမည့် ကားပါကင်နေရာနှင့် ဈေးဆိုင်ခန်းများ၏ ပုံစံဒီဇိုင်းကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် ဗိသုကာပညာရှင်များ ပူးပေါင်း၍ ရေးဆွဲထားပြီးဖြစ်ကြောင်းနှင့် ကုန်ကျမည့်ခန့်မှန်းကုန်ကျငွေများကိုလည်း တွက်ချက်ထားပြီးဖြစ်၍ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဆက်လက်တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ တောင်သမန်အင်းနှင့် ဦးပိန်တံတား ၀န်းကျင်သန့်ရှင်းသာယာရေး၊ ရေရှည်တည်တံ့ရေးကော်မတီက ပထမအဆင့်အနေနဲ့ တောင်သမန်အင်းထဲမှ ဒိုက်ပင်တွေ ဆယ်တယ်။ နောက် ခရီးသွားပြည်သူတွေ အနှောင့်အယှက်ဖြစ်စေမယ့် တံတားပေါ်က ဆိုင်တွေ ဖယ်ရှားခဲ့တယ်။ အခုကျွန်တော်တို့က နောက်တစ်ဆင့်အနေနဲ့ ဦးပိန်တံတားအနီး မည်စည်ပင်တန်းဘက်မှာ ကားပါကင်ဆိုင်ခန်း စားသောက်ခန်းတွေ တည်ဆောက်ဖို့ ပုံစံဆွဲထားပြီးပါပြီ။ ခရီးသွားဌာန ရှေးဟောင်းဌာနတို့နဲ့အတူတူ ပုံကြမ်းဆွဲထားပြီးပြီ။ ကုန်ကျစရိတ်တွေက အကြမ်းဖျင်း တွက်ချက်နေပါတယ်။ ဒါကို တိုင်းဒေသကြီးအစိုးရကို တင်ပြပြီး ဆောင်ရွက်မယ်။ တဖြည်းဖြည်းတော့ သွားရမှာပေါ့။ လာတဲ့သူလည်း အေးအေးဆေးဆေးနားနေနိုင်အောင်၊ လည်ပတ်နိုင်အောင် ပြည်တွင်းပြည်ပ ခရီးသွားများအတွက် ရည်​မှန်းပြီးတစ်ဆင့်ချင်း လုပ်သွားမှာပါ " ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ပြောကြားသည်။

တောင်သမန်အင်းအတွင်းရှိ ဦးပိန်တံတားသို့ လာရောက်လည်ပတ်သည့် ပြည်တွင်း၊ ပြည်ပခရီးသွားများ စိတ်ချမ်းမြေ့စွာနှင့် အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေး အတွက် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေးဌာနနှင့် တာဝန်ရှိသူများက မတ် ၂၆ ရက်က တံတားပေါ်၌ ဖွင့်လှစ်ထားသည့် ဈေးဆိုင်ခန်းများကို ဖယ်ရှား ရှင်းလင်းခဲ့သည်။

ထို့ပြင် ယခင်ဖွဲ့စည်းထားသော ဦးပိန်တံတား ကြီးကြပ်မှုကော်မတီနှင့် တောင်သမန်အင်း လေ့လာစောင့်ကြည့်ရေးကော်မတီ နှစ်ရပ်ကို မတ် ၁၉ ရက်က တောင်သမန်အင်းနှင့် ဦးပိန်တံတားဝန်းကျင် သန့်ရှင်းသာယာရေး၊ ရေရှည်တည်တံ့ရေးကော်မတီအဖြစ် တစ်ခုတည်း ပေါင်းစည်းဖွဲ့စည်းခဲ့ပြီး အဆိုပါကော်မတီမှ ဦးပိန်တံတားနှင့် တောင်သမန်အင်း သန့်ရှင်းသာယာလှပစေရန်အတွက် သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် တောင်သမန်အင်းအတွင်း ဧရာဝတီမြစ်ရေ ၀င်ရောက်နေပြီး ရေပြန်လည်ကျဆင်းသွားပါက ဦးပိန်တံတား ကြံ့ခိုင်စေရန်အတွက် ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများကို အလှူရှင်များဖြင့် ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးမျိုးသစ်က ဆက်လက် ပြောကြားသည်။

 

Credit:  Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service