ဗီယက်နမ်အိမ်ခြံမြေလောကသို့ နိုင်ငံခြားအိမ်ခြံမြေအကျိုးဆောင်များ အလုံးအရင်းဝင်ရောက်လျက်ရှိနေ

ဗီယက်နမ်အိမ်ခြံမြေလောကသို့ နိုင်ငံခြားအိမ်ခြံမြေအကျိုးဆောင်များ အလုံးအရင်းဝင်ရောက်လျက်ရှိနေ - Property News in Myanmar from iMyanmarHouse.com
17 Sep 2018 11:31 am တွင် တင်ခဲ့သည်
804 ကြိမ် ကြည့်ရှု့ပြီး

ဗီယက်နမ်အိမ်ခြံမြေလောကသို့ နိုင်ငံခြားအိမ်ခြံမြေအကျိုးဆောင်များ အလုံးအရင်းဝင်ရောက်လျက်ရှိနေပြီး နိုင်ငံခြား အကျိုးဆောင်များ နှင့် အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီသစ်များစွာ ဝင်ရောက်နေလျက်ရှိခြင်းကြောင့် အိမ်ခြံမြေလောကမှာ လှုပ်လှုပ်ရှားရှားဖြစ်လျက်ရှိ နေသည်။

ဗီယက်နမ်အိမ်ခြံမြေလောကတွင် ၁၅ နှစ်ကျော် လုပ်ငန်းလည်ပတ်လျက်ရှိသည့် ပြည်ပအိမ်ခြံမြေအကျိုးဆောင်များအပြင် Savills ၊ CBRE ၊ Colliers International နှင့် Jones Lang LaSalle (JLL) တို့ကဲ့သို့ ကမ္ဘာကျော်အိမ်ခြံမြေကုမ္ပဏီကြီးများလည်း ဝင်ရောက်လာသည်။

မကြာသေးမီကပင် စင်္ကာပူအခြေစိုက် အိမ်ခြံမြေကုမ္ပဏီကြီး PropNex သည်လည်း ဗီယက်နမ်အိမ်ခြံမြေလောကသို့ ခြေချလာသည်။

PropNex ၏ အမှုဆောင်အရာရှိချုပ် အစ္စမေးလ် ဂါဖောရ်၏ ပြောကြားချက်အရ ဗီယက်နမ်၏ စီးပွားရေးတိုးတက်နေမှု၊ အိမ်ခြံမြေ ဈေးကွက်အတွက် အကောင်းမြင်ခန့်မှန်းချက်များရှိမှုတို့ကြောင့် ဗီယက်နမ်သည် PropNex အတွက် အမှတ်တံဆိပ်တည်ထောင်နိုင်ရန် အရေးကြီးသည့်နေရာတစ်ခု ဖြစ်လိမ့်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဗီယက်နမ်သည် စင်္ကာပူ၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့ပြီးလျှင် PropNex ၏ နောက်ဆုံးရုံးစိုက်ရာ ဖြစ်လာသည်။

PropNex သည် ဗီယက်နမ်တွင် ခန့်အပ်ထားသည့်ဝန်ထမ်းပေါင်း ၇၀ ကျော်သာ ရှိသေးသော်လည်း အင်ဒိုနီးရှားတွင် ၈၀၀၊ မလေးရှား တွင် ၁၀၀ နှင့် စင်္ကာပူတွင် ၇၄၅၄ ဦးအထိ ခန့်အပ်ထားခဲ့ပြီးဖြစ်သည်။

PropNex မတိုင်မီကလည်း အခြားအိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီဖြစ်သော ERA Asia-Pacific သည် ERA Vietnam ကို တည်ထောင်ကာ ဗီယက်နမ်အိမ်ခြံမြေလောကတွင် နယ်ပယ်ချဲ့ထွင်လာခဲ့သည်။

ဗီယက်နမ်အခြေစိုက် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်သော Eurocapital Group ၏ အိမ်ခြံမြေကဏ္ဍ ကုမ္ပဏီခွဲ Eurocapital JSC နှင့် franchise သဘောတူညီချက်ရယူကာ ဗီယက်နမ်တွင် ခြေချခဲ့ခြင်းလည်း ဖြစ်သည်။

ERA Asia-Pacific ၏ အမှုဆောင်အရာရှိချုပ် ဂျက်ခ် ချူဝါက ပြောကြားရာတွင် ဗီယက်နမ်သည် အလားအလာကောင်းများစွာ ရှိနေသည့် နိုင်ငံဖြစ်ပြီး ပြီးခဲ့သော ၂၀၁၇ ခုနှစ်အတွင်း အိမ်ခြံမြေရောင်းချမှုပမာဏ ကြီးကြီးမားမားဖွံ့ဖြိုးတိုးတက်မှုများရှိခဲ့ကြောင်း၊ မြို့ပြအသွင်ကူးပြောင်းရေး တိုးတက်မှုရစေရန် အစိုးရ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုများကြောင့်ဖြစ်ကြောင်း ပြောကြားသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service