မွေးရပ်မြေကို ကျေးဇူးဆပ်ချင်လို့ တစ်ရွာလုံးကို တိုက်ဆောက်ပေးလိုက်တဲ့ သူဌေးကြီး

မွေးရပ်မြေကို ကျေးဇူးဆပ်ချင်လို့ တစ်ရွာလုံးကို တိုက်ဆောက်ပေးလိုက်တဲ့ သူဌေးကြီး - Property News in Myanmar from iMyanmarHouse.com
17 Sep 2018 10:22 am တွင် တင်ခဲ့သည်
2819 ကြိမ် ကြည့်ရှု့ပြီး

ကောင်းတာ စားတိုင်း မယုတ်မာသလို၊ သူတောင်းစားတိုင်းလည်း တောင်းမစားကြပါဘူး။ ဒါပေမယ့်လည်း တချို့သော လူချမ်းသာများရဲ့ လူမဆန်တဲ့လုပ်ရပ်တွေနဲ့ ယှဉ်ပြီး လူတော်တော်များများက ချမ်းသာတဲ့ လူတိုင်းကို တစ်ဖက်သတ် အမြင်တွေ စောင်းနေတာတွေကို တွေ့ရပါတယ်။

ရှိပါတယ်… ကိုယ့် တစ်ဘို့ပဲကြည့်တဲ့ လူတွေ အများကြီးရှိတယ်။ ဒါပေမယ့် ကိုယ့်မှာ ရှိသလောက်ထဲကမှ တတ်နိုင်သလောက် ပြန်လည်း ပေးကမ်းစွန့်ကြဲနေတဲ့ ချမ်းသာတဲ့သူတွေလည်း ရှိနေပါတယ်။

Xiong Shuihua ဆိုတဲ့ တရုတ် စီးပွားရေးလုပ်ငန်ရှင် မီလျံနာတစ်ယောက်ဟာ ကိုယ် ကြီးပြင်းလာတဲ့ ရွာက တဲအိမ်တွေ၊ လမ်းတွေကို ဘူဒိုဇာနဲ့ ပြန်ထိုးခဲ့ ဖျက်စီးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ ဇိမ်ခံတိုက်ခန်းတွေကို ပြန်ဆောက်ပေးပြီး အားလုံးကို နေစရိတ်မဲ့ ပေးနေခဲ့ပါသတဲ့။

Xiong Shihua ဟာ တရုတ်ပြည်တောင်ပိုင်း Xinyu မြို့က Xiongkeng ဆိုတဲ့ရွာမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီရွာက ကြင်နာတတ်တဲ့ ရွာသားတွေက သူတို့မိသားစုအပေါ် ကြည့်ရှုစောင့်ရှောက်ခဲ့တယ်လို့ သိရပါတယ်။

Xiong Shuihua ရဲ့ ကနဦးလုပ်ငန်းဟာ ဆောက်လုပ်ရေးပစ္စည်း စက်ရုံဖြစ်ပြီး အဲ့ဒီ့လုပ်ငန်းနောက်မှာ သူဟာ စတီးပစ္စည်းတွေကို ကုန်သွယ်ရောင်းဝယ်တဲ့ လုပ်ငန်းကို ဆက်လုပ်ခဲ့ပါတယ်။ သူဟာ အဲ့ဒီလိုနဲ့ ကြီးပွားခဲ့တာ အခုဆို မီလျံနာတစ်ယောက် ဖြစ်လာခဲ့ပါပြီဒီလိုဖြစ်လာချိန်မှာလည်း သူဟာ ကြီးပြင်းခဲ့တဲ့ နေရာနဲ့ သူအပေါ်မှာ ရှိတဲ့ ကျေးဇူးတွေကို ပြန်ဆပ်ရမယ် ဆိုတဲ့ အသိစိတ်အပြည့်ရှိနေခဲ့ပါတယ်။

ဒါကြောင့် Xiong ဟာ ရွာကို ပြန်ပြီး ရွာက လူတွေကို အကောင်းဆုံး နေစရာနေရာတွေကို အပိုင်ရရှိဖို့ ဖန်တီးပေးခဲ့ပါတယ်။ရွာက အိမ်တွေကို ဘူဒိုဇာနဲ့ ဖျက်၊ ရွံထူးတဲ့ လမ်းတွေကို ဖျက်ပြီး အခုလိုပဲ ပြန်လည် ပြုပြင်တည်ဆောက်ပေးခဲ့ပါတယ်။ အသက် (၅၄) နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ သူဌေးဟာ ၀င်ငွေနည်းသူတွေနဲ့ သက်ကြီးရွယ်အိုများအတွက် တစ်နေ့ (၃) နပ် ကျွေးမယ်လို့ ကတိပြုထားပါသေးတယ်။မကြာသေးတဲ့ နှစ်အနည်းငယ်ကမှ အဲ့ဒီ ဧရိယာကို ပြုပြင်ပြောင်းလဲခဲ့တာဖြစ်ပြီး အခုဆို အိမ်ထောင်စု (၇၂) စုဟာ နေအိမ်အသစ်တွေနဲ့ နေနိုင်နေပြီဖြစ်ပါတယ်။

Xiong Shuihua ရဲ့ ရည်ရွယ်ချက်ကလည်း သိပ်ကို ရိုးရှင်းပါတယ်။ ငယ်ငယ်က သူရဲ့ မိသားစုအပေါ် ကူညီခဲ့တဲ့ လူတွေကို ပြန်ပြီး ကျေးဇူးဆပ်ချင်တာပါတဲ့။ ဒီ သူဌေးရဲ့ အကြောင်းကို သိလိုက်ရခြင်းဖြင့် ချမ်းသာခြင်း အစစ်အမှန်ဟာ ဘယ်လိုမျိုးလဲ အားလုံး သဘောပေါက်မယ်လို့ ထင်ပါတယ်။

Credit: Shwemom

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service