လက်ရှိ ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံ ၂၉ ခု (အမြင့်မီတာ ၄၀၀ အထက်)

လက်ရှိ ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံ ၂၉ ခု (အမြင့်မီတာ ၄၀၀ အထက်) - Property News in Myanmar from iMyanmarHouse.com
14 Sep 2018 12:44 pm တွင် တင်ခဲ့သည်
6067 ကြိမ် ကြည့်ရှု့ပြီး

အမြင့်မီတာ ၄၀၀ (၁,၃၁၂ ပေ) အထက်ရှိပြီး လက်ရှိတွင် ကမ္ဘာ့အမြင့်ဆုံးဖြစ်နေသည့် အဆောက်အအုံပေါင်း ၂၉ ခု ရှိပါသည်။

ထိုမိုးမျှော်တိုက်များနှင့်ပတ်သက်လျှင် အာရှက ယခုအခါ သိသိသာသာပင် ကမ္ဘာ့ခေါင်းဆောင်ကြီး ဖြစ်၍နေပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အနက် ၂၁ ခုမှာ အာရှတိုက်တွင် တည်ရှိခြင်းကြောင့် ဖြစ်သည်။

၎င်း ၂၁ ခုတွင် ၁၁ ခုမှာ တရုတ်တွင် ဖြစ်ပြီး ၃ ခုမှာ မလေးရှားနှင့် ၂ ခုမှာ ဟောင်ကောင်တွင် ဖြစ်ပြီး ဆော်ဒီအာရေဗျ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ရုရှားနှင့် ဗီယက်နမ်တို့တွင် တစ်ခုစီ တည်ရှိကြောင်း သိရသည်။

အမြင့်မီတာ ၄၀၀ အထက်ရှိပြီး လက်ရှိတွင် ကမ္ဘာ့အမြင့်ဆုံးဖြစ်နေသည့် အဆောက်အအုံပေါင်း ၂၉ ခုတွင် ကျန် ၈ ခုအနက် ၄ ခုမှာ အမေရိကန်နိုင်ငံတွင် ဖြစ်ပြီး ၄ ခုက ယူအေအီးနိုင်ငံ (အာရပ်ဆော်ဘွားများပြည်ထောင်စု) တွင် ဖြစ်ပါသည်။

ယင်း ၂၉ ခုအနက် နံပါတ် ၁ အဖြစ် ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံမှာ Burj Khalifa အဆောက်အအုံဖြစ်ပြီး ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် တည်ရှိကာ အမြင့်မီတာ ၈၂၈ မီတာ (၂,၇၁၆ ပေ)ရှိသည်။

နံပါတ် ၂ အဖြစ် ကမ္ဘာ့ဒုတိယအမြင့်ဆုံးအဆောက်အအုံမှာ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ Shanghai Tower ဖြစ်ပြီး အမြင့်မီတာ ၆၃၂ မီတာ (၂,၀၇၃ ပေ) ရှိသည်။ နံပါတ် ၃ အဖြစ် ကမ္ဘာ့တတိယအမြင့်ဆုံးအဆောက်အအုံမှာ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ရှိ အစိုးရပိုင် အဆောက်အအုံ Abraj Al-Bait ဖြစ်ပြီး အမြင့်မီတာ ၆၀၁ မီတာ (၁,၉၇၁ ပေ) ရှိကြောင်း သိရသည်။

နံပါတ် ၄ အဖြစ် ကမ္ဘာ့စတုတ္ထအမြင့်ဆုံးအဆောက်အအုံမှာလည်း တရုတ်နိုင်ငံမှပင် ဖြစ်ပြီး ရှန်းကျန်းမြို့ရှိ Ping An Finance Centre ဖြစ်ကာ အမြင့်မီတာ ၅၉၉ မီတာ (၁,၉၆၅ ပေ) ရှိပါသည်။ နံပါတ် ၅ အဖြစ် ကမ္ဘာ့ပဉ္စမအမြင့်ဆုံးအဆောက်အအုံမှာ အမြင့်မီတာ ၅၅၄ ဒသမ ၅ မီတာ (၁,၈၁၉ ပေ) ရှိသည့် Lotte World Tower ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်တွင် တည်ရှိကြောင်း သိရသည်။

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service