တောင်ကိုရီးယားတွင် အိမ်ခြံမြေဈေးနှုန်းများ အလွန်မြင့်တက်လာနေခြင်းကို ကိုင်တွယ်ရန်အတွက် ပိုမိုတင်းကြပ်သည့် စည်းမျဉ်းများ ချမှတ်

တောင်ကိုရီးယားတွင် အိမ်ခြံမြေဈေးနှုန်းများ အလွန်မြင့်တက်လာနေခြင်းကို ကိုင်တွယ်ရန်အတွက် ပိုမိုတင်းကြပ်သည့် စည်းမျဉ်းများ ချမှတ် - Property News in Myanmar from iMyanmarHouse.com
14 Sep 2018 12:20 pm တွင် တင်ခဲ့သည်
1462 ကြိမ် ကြည့်ရှု့ပြီး

တောင်ကိုရီးယားတွင် အိမ်ခြံမြေဈေးနှုန်းများ အလွန်မြင့်တက်လာနေခြင်းကို ကိုင်တွယ်ရန်အတွက် ပိုမိုတင်းကြပ်သည့် စည်းမျဉ်းများ ချမှတ်လိုက်ရာ တန်ဖိုးကြီးနေအိမ်များနှင့် အိမ်ခြံမြေများစွာ ပိုင်ဆိုင်ထားသူတို့အပေါ် အကောက်ခွန်များ ပိုမိုကောက်ခံတော့မည်ဟု အစိုးရအဖွဲ့က ကြေညာလိုက်ပြီဖြစ်သည်။

ပြီးခဲ့သော ၂၀၁၇ ခုနှစ်မှစတင်၍ မွန်ဂျေးအင်အစိုးရသည် အိမ်ခြံမြေဈေးနှုန်းများ ထိန်းချုပ်နိုင်ရန်အတွက် တင်းကြပ်သည့်စည်းမျဉ်းများ ဖြင့် ကိုင်တွယ်မှုများ စတင်ပြုလုပ်ခဲ့သည်။

ယခုစည်းမျဉ်းသစ်အရ ဝမ်ငွေ သန်း ၃၀၀ (ကန်ဒေါ်လာ ၂၆၇၀၀၀) မှ ဝမ်ငွေ သန်း ၆၀၀ အကြားတန်ကြေးရှိသည့် အိမ်ခြံမြေများကို အိမ်ခြံမြေခွန် ၀ ဒသမ ၇ ရာခိုင်နှုန်းသို့ တိုးမြှင့်ကောက်ခံသွားမည်ဟု ထုတ်ပြန်လိုက်ရာ မူလကရည်မှန်းထားသည့် ၀ ဒသမ ၅ ရာခိုင်နှုန်းထက် မြင့်မားနေသည်။

ဝမ်ငွေ သန်း ၆၀၀ မှ ၁ ဒသမ ၂ ဘီလီယံအကြား တန်ကြေးရှိသည့် အိမ်ခြံမြေများကိုမူ ၀ ဒသမ ၂၅ ရာခိုင်နှုန်းမှ ၀ ဒသမ ၅၅ ရာခိုင်နှုန်းအကြား တိုးမြှင့်ကောက်ခံသွားမည်ဟု ဆိုသည်။ လက်ရှိကောက်ခံနေသည့် ၂ ရာခိုင်နှုန်းမှ ၃ ဒသမ ၂ ရာခိုင်နှုန်းသို့ မြင့်တက်သွားခြင်းလည်း ဖြစ်သည်။

တောင်ကိုရီးယားအစိုးရသစ်က အိမ်ခြံမြေဈေးကွက် တည်ငြိမ်မှုရစေရန် ခြေလှမ်းသစ်များ ဖော်ဆောင်လျက်ရှိရာ အိမ်ခြံမြေချေးငွေ စည်းမျဉ်းများ တင်းကြပ်ခြင်း၊ နေအိမ်များစွာ ပိုင်ဆိုင်ထားသည့် ပိုင်ရှင်တို့အပေါ် အခွန်များ မြှင့်တင်ခြင်းတို့ လုပ်ဆောင်လာလျက်ရှိသည်။

တောင်ကိုရီးယားနိုင်ငံ၏ မြို့တော် ဆိုးလ်နှင့် အခြားမြို့ကြီး ၂ ခုတွင် အိမ်ခြံမြေဈေးကစားမှုများကို ချေမှုန်းရန်အတွက် အဓိကရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။

လူဦးရေ သန်း ၅၀ ရှိသော တောင်ကိုရီးယားတွင် ဆိုးလ်မြို့တော်သည် တိုင်းပြည်လူဦးရေ၏ ၂၀ ရာခိုင်နှုန်းခန့် နေထိုင်လျက်ရှိသည့် နေရာဖြစ်သည်။

သတ်မှတ်ထားသည့် ဒေသများတွင် အိမ်ခြံမြေတန်ဖိုး၏ ၄၀ ခိုင်နှုန်းထက် ကျော်လွန်၍ ချေးငွေရယူခြင်းများကို တားမြစ်သွားမည်ဟု ဆိုသည်။

ယခုကန့်သတ်ချက်များမှာ ၁၀ လတာအတွင်း တတိယအကြိမ်မြောက် တင်းကြပ်လာမှုလည်းဖြစ်ပြီး မွန်ဂျေးအင်အစိုးရက အိမ်ခြံမြေဈေးကွက်အပေါ် ထိန်းချုပ်ရန် ကြိုးပမ်းလာမှုကို ပြသနေသည်။

ယခင် ကွန်ဆာဗေးတစ်အစိုးရများ လက်ထက်က စီးပွားရေးကို လှုံ့ဆော်မှု ပေးနိုင်ရန်အတွက် အိမ်ခြံမြေချေးငွေစည်းမျဉ်းများကို ဖြေလျော့ပေးခဲ့ရာ ဆိုးလ်မြို့တော်ရှိ ဂမ်နန်ကဲ့သို့ ချမ်းသာကြွယ်ဝသည့်အရပ်များတွင် အိမ်ခြံမြေပူဖောင်းပေါက်ကွဲမှုဖြစ်စဉ် အရိပ်လက္ခဏာများ တွေ့ခဲ့ရသည်။

“အိမ်ခြံမြေဈေးကွက်မှာ ပူဖောင်းပေါက်ကွဲမှုဖြစ်လာဖို့ အခြေတည်နေတဲ့ လက္ခဏာတွေ တွေ့နေရတယ်။ တကယ်လို့သာ စီးပွားရေးဆက်လက်နှေးကွေးနေပြီး အတိုးနှုန်းတွေ မြင့်တက်နေဦးမယ်ဆိုရင် ဘဏ္ဍာရေးဆိုင်ရာ အန္တရာယ်တွေ အများကြီးဖြစ်လာဖို့ ဦးတည်နေပါပြီ” ဟု Eugene Investment & Securities မှ စီးပွားရေးပညာရှင် လီဆန်ဂျေးက ပြောကြားသည်။

“စီးပွားရေးကို ကျားကန်ပေးဖို့အတွက် အိမ်ခြံမြေကဏ္ဍကို လက်နက်ကိရိယာတစ်ခုအဖြစ် အသုံးမပြုဘူးလို့ အစိုးရက ဆုံးဖြတ်လိုက် တယ်ဆိုတာ အခုစည်းမျဉ်းသစ်တွေ ချမှတ်မှုက ပြသနေတယ်” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

တောင်ကိုရီးယားစီးပွားရေးသည် ၂၀၁၆ ခုနှစ်မှစတင်ပြီး နှေးကွေးနေခဲ့သော်လည်း အိမ်ခြံမြေဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမှုများမှာမူ ထူးခြားစွာ အားကောင်းနေခဲ့သည်။

တောင်ကိုရီးယား၏ စီးပွားရေးဖွံ့ဖြိုးမှုမှာ ၂ ဒသမ ၆ ရာခိုင်နှုန်းသာရှိသော်လည်း ဆောက်လုပ်ရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုမှာ နှစ်စဉ် ၁၀ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်လျက်ရှိသောကြောင့် စီးပွားရေးဖွံ့ဖြိုးမှုထက် ၄ ဆခန့် မြန်ဆန်နေသည်။

ဆိုးလ်မြို့တော်တွင် လူနေခန်းတစ်ခန်း၏ ပျှမ်းမျှတန်ဖိုးမှာ လွန်ခဲ့သော ၄ နှစ်ကထက် ၂၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး ဝမ်ငွေ သန်း ၆၀၀ ကျော် (ကန်ဒေါ်လာ ၅၃၅၀၀၀) အထိ ဖြစ်လာသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service