ကာတာနိုင်ငံနှင့် နိုင်ငံရေးတင်းမာမှုများဖြစ်နေသော ဆော်ဒီက ကာတာနယ်စပ်တစ်လျှောက်တွင် မိုင် ၄၀ နီးပါးရှိမည့် တူးမြောင်းကြီးကို တစ်နှစ်အတွင်း အပြီးသတ်ဖောက်လုပ်ရန် စီစဉ်လျက်ရှိ

ကာတာနိုင်ငံနှင့် နိုင်ငံရေးတင်းမာမှုများဖြစ်နေသော ဆော်ဒီက ကာတာနယ်စပ်တစ်လျှောက်တွင် မိုင် ၄၀ နီးပါးရှိမည့် တူးမြောင်းကြီးကို တစ်နှစ်အတွင်း အပြီးသတ်ဖောက်လုပ်ရန် စီစဉ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
14 Sep 2018 11:01 am တွင် တင်ခဲ့သည်
2140 ကြိမ် ကြည့်ရှု့ပြီး

ကာတာနယ်စပ်တစ်လျှောက်တွင် မိုင် ၄၀ နီးပါးရှိမည့် တူးမြောင်းကြီးကို တစ်နှစ်အတွင်း အပြီးသတ်ဖောက်လုပ်ရန် ဆော်ဒီအာရေးဗီးယားက စီစဉ်လျက်ရှိပြီး ကာတာနယ်စပ်မျဉ်းနှင့် တစ်မိုင်နီးပါးအကွာ ( ၀ ဒသမ ၉ မိုင်) မှ ဖောက်လုပ်မည်ဟု ဆိုသည်။

အကယ်၍ အဆိုပါတူးမြောင်းကြီး ဖောက်လုပ်ပြီးစီးမည်ဆိုပါက ကာတာသည် ကုန်းမကြီးနှင့် ဆက်သွယ်နေမှု ပြတ်တောက်သွားကာ ကျွန်းနိုင်ငံစစ်စစ် ဖြစ်သွားတော့မည် ဖြစ်သည်။

ယခုတူးမြောင်းကို ဆယ်လ်ဝါတူးမြောင်းဟု အမည်ပေးထားပြီး ဖောက်လုပ်ရန်ရည်မှန်းထားသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ဆော်ဒီအာရေးဗီးယားနှင့် ကာတာအကြား ၂၀၀၁ ခုနှစ်တွင် နယ်စပ်မျဉ်း အပြီးသတ်အတည်ပြုခဲ့ပြီးနောက်ပိုင်းကတည်းက နှစ်နိုင်ငံနယ်စပ်တွင် တိုက်ပွဲများ၊ တင်းမာမှုများ မကြာခဏဖြစ်ပွားခဲ့သည်။

ပြီးခဲ့သော ၂၀၁၇ ခုနှစ်၊ ဇွန်လတွင်ကား ဆော်ဒီအပါအဝင် နိုင်ငံအများအပြားက ကာတာနှင့် သံတမန်ရေး ဆက်ဆံမှုများ ဖြတ်တောက်ကာ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။

ဆော်ဒီမင်းသား မိုဟာမက် ဘင်ဆယ်လ်မန်၏ အကြီးတန်းအကြံပေးအရာရှိတစ်ဦးက ပြောကြားရာတွင် ဆော်ဒီအစိုးရသည် ကာတာနယ်စပ်တွင် တူးမြောင်းကြီးဖောက်လုပ်မည့် စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်လျက်ရှိကြောင်း ထုတ်ဖော်ပြောကြားသည်။

“ ကျွန်တော့်အနေနဲ့ ဆယ်လ်ဝါတူးမြောင်းစီမံကိန်းအကောင်အထည်ဖော်ဖို့ အသေးစိတ်အချက်အလက်တွေ စောင့်ဆိုင်းနေရတာ စိတ်မရှည်နိုင်အောင်ဖြစ်ရပါတယ်။ ဒီစီမံကိန်းကြီးဟာ သမိုင်းဝင်စီမံကိန်းကြီးဖြစ်ပြီး ဒေသတွင်းရဲ့ ပထဝီအနေအထားကို ပြောင်းလဲပစ် မယ့် စီမံကိန်းကြီးလည်း ဖြစ်ပါတယ်” ဟု ဆော်ဒီမင်းသား၏ အဆင့်မြင့်အကြံပေးပုဂ္ဂိုလ် ဆွတ်ဒ် အယ်လ် ကာတာနီက တွစ်တာလူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။

ပြီးခဲ့သော ၂၀၁၇ ခုနှစ်အတွင်း ကာတာသည် အကြမ်းဖက်ဝါဒကို အားပေးအားမြှောက်ပြုနေပြီး ဆော်ဒီ၏ ရန်ဘက် အီရန်နှင့် အနီးကပ် ဆက်ဆံလွန်းနေသည်ဟူသော စွပ်စွဲချက်များဖြင့် ဆော်ဒီအာရေးဗီးယား၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဘာရိန်းနှင့် အီဂျစ်နိုင်ငံတို့ က ၂၀၁၇၊ ဇွန်လတွင် ကာတာနှင့် သံတမန်ရေးဖြတ်တောက်မှုများ ပြုလုပ်ခဲ့သည်။

တူးမြောင်းများ တူးဖော်ခြင်းကို အထူးပြုလုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီ ၅ ခုကို ဆယ်လ်ဝါတူးမြောင်းအား တင်ဒါဆွဲရန် ဖိတ်ခေါ်ထားပြီး ယခု စက်တင်ဘာလ မကုန်မီတွင် တင်ဒါအောင်မြင်သည့်ကုမ္ပဏီကို ထုတ်ဖော်ကြေညာမည်ဖြစ်သည်။

ပြီးခဲ့သောနှစ်အတွင်း တင်းမာမှုများပေါ်ပေါက်ခဲ့ပြီးနောက် ကာတာ၏ တစ်ခုတည်းသော ကုန်းမြေနယ်စပ်မျဉ်းမှာ ပိတ်ဆို့ခြင်းခံလိုက်ရပြီး နိုင်ငံပိုင် လေကြောင်းလိုင်းကိုလည်း အိမ်နီးချင်းဆော်ဒီ၏ လေကြောင်းပိုင်နက်အား ဖြတ်သန်းခြင်းမပြုရန် ပိတ်ပင်ခံလိုက်ရသည့်အပြင် သံတမန်ရေးဖြတ်တောက်ကြသောနိုင်ငံများရှိ ကာတာနိုင်ငံသားများ မောင်းထုတ်ခြင်းခံခဲ့ကြရသည်။

အရှေ့အလယ်ပိုင်းဒေသတွင် ကာတာ၌ အကြီးမားဆုံးလေတပ်အခြေစိုက်စခန်းထားရှိသော အမေရိကန်ပြည်ထောင်စုနှင့် ကူဝိတ်တို့က ကြားဝင်စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ပေးခဲ့သော်လည်း အောင်မြင်မှုမရခဲ့ချေ။

ဆယ်လ်ဝါတူးမြောင်းစီမံကိန်း အချက်အလက်များ -

-အလျား- ၆၀ ကီလိုမီတာ ( ၃၇ ဒသမ ၅ မိုင်)၊ အကျယ်- မီတာ ၂၀၀ ( ၆၅၆ ပေ)၊ အနက်- မီတာ ၂၀ ( ၆၅ ပေ)

-ဆော်ဒီနှင့် ယူအေအီးပုဂ္ဂလိက ကုမ္ပဏီများက ကန်ဒေါ်လာ သန်း ၇၅၀ ရင်းနှီးမြှုပ်နှံကြမည်

-အပြီးသတ်ဖောက်လုပ်နိုင်ရန် တစ်နှစ်ခန့် အချိန်ယူရမည်

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service