လာမည့် ၂၀၁၉ ခုနှစ်အတွင်း ဆော်ဒီအာရေးဗီးယားတွင် ဆောက်လုပ်မည့် စီမံကိန်းများ၏ တန်ဖိုးမှာ ကန်ဒေါ်လာ ၄၄ ဘီလီယံကျော်အထိ ရောက်ရှိဖွယ်ရှိ

လာမည့် ၂၀၁၉ ခုနှစ်အတွင်း ဆော်ဒီအာရေးဗီးယားတွင် ဆောက်လုပ်မည့် စီမံကိန်းများ၏ တန်ဖိုးမှာ ကန်ဒေါ်လာ ၄၄ ဘီလီယံကျော်အထိ ရောက်ရှိဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
13 Sep 2018 12:25 pm တွင် တင်ခဲ့သည်
1147 ကြိမ် ကြည့်ရှု့ပြီး

ဆော်ဒီအာရေးဗီးယား၏ ဆောက်လုပ်ရေးလုပ်ငန်းများမှာ ယခုနှစ်အတွင်း ကန်ဒေါ်လာ ၂၆ ဒသမ ၃ ဘီလီယံဖိုးရှိခဲ့ရာမှ လာမည့် ၂၀၁၉ ခုနှစ်တွင် ကန်ဒေါ်လာ ၄၄ ဒသမ ၁ ဘီလီယံဖိုးအထိ ရောက်ရှိဖွယ်ရှိနေသည်။

ဆော်ဒီအာရေးဗီးယား၏ မြို့တော် ရီယာ့ဒ်ရှိ နိုင်ငံတကာပြပွဲစင်တာ အဆောက်အအုံကြီးတွင် လာမည့် စက်တင်ဘာ ၁၆ ရက်မှ ၁၇ ရက်အထိ “နိုင်ငံတကာ ကန်ထရိုက်တာ ကွန်ဖရင့်နှင့်ပြပွဲ (ICCE)” ကို ကျင်းပရန် စီစဉ်ထားပြီး နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်တို့က ကန်ထရိုက်တာနယ်ပယ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးအတွက် ဆွေးနွေးသွားကြရန် စီစဉ်ထားသည်။

အဆိုပါပြပွဲကို ကမကထပြု စီစဉ်သည်မှာ ဆော်ဒီအာရေးဗီးယား ကန်ထရိုက်တာ အာဏာပိုင်အဖွဲ့မှ ဖြစ်ပြီး မကြာသေးမီကမှ ဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်းတစ်ရပ်လည်း ဖြစ်သည်။

နှစ်ရက်ကြာမည့် ပြပွဲနှင့် ကွန်ဖရင့်အတွင်း အစိုးရအာဏာပိုင်အဖွဲ့အစည်းများနှင့် ဆောက်လုပ်ရေးနယ်ပယ်မှ ထိပ်တန်းဦးဆောင်သူများ ပူးပေါင်းကာ ကန်ဒေါ်လာ ၁ ဒသမ ၄ ထရီလီယံရှိသည့် ဆော်ဒီဆောက်လုပ်ရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးကြမည် ဖြစ်သည်။

ဆော်ဒီကူးသန်းရောင်းဝယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဒေါက်တာ မဂျစ် ဘင် အဗ္ဗဒူလာ အယ်လ် ကာဆာဘီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်းလည်း ပွဲစီစဉ်သူတို့က ဆိုသည်။

ဆောက်လုပ်ရေးနှင့် ဆက်နွှယ်သည့် စီမံကိန်းကဏ္ဍများအဖြစ် အဆောက်အအုံများ၊ စက်မှု၊ စွမ်းအင်နှင့် ရေအရင်းအမြစ်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ အခြေခံအဆောက်အအုံ အစရှိသည့်ကဏ္ဍအားလုံးရှိ ဆောက်လုပ်ရေးစီမံကိန်းများ၏ စုစုပေါင်းတန်ဖိုးမှာ ကန်ဒေါ်လာ ၁ ဒသမ ၄ ထရီလီယံခန့် ရှိသည်ဟု ဆိုသည်။

ဆော်ဒီ ကန်ထရိုက်တာ အာဏာပိုင်အဖွဲ့ (SCA) မှ အကြီးအကဲ သာဘက် မူဘာရက် အယ်လ် ဆောယိဒ်က ပြောကြားရာတွင် “ယခုကျင်းပမယ့် ပွဲဦးထွက်အခမ်းအနားဟာ Saudi Vision 2030 ရဲ့ လမ်းညွှန်မှုအောက်မှာ စီစဉ်ခဲ့တာဖြစ်ပါတယ်။

Vision 2030 အရ ဆော်ဒီအာရေးဗီးယားဟာ အကန့်အသတ်မရှိတဲ့ ပြောင်းလဲမှုတွေပြုလုပ်နေပြီး ဒီလိုပြောင်းလဲမှုရဲ့ တစိတ်တပိုင်းက တော့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးနေမယ့် ကန်ထရိုက်တာကဏ္ဍ ရရှိဖို့ပဲ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

“ဘုရင် ဆယ်လ်မန်ရဲ့ သဘောထားနဲ့အညီ SCA ရဲ့ တာဝန်ဟာ ဆော်ဒီရဲ့ ကန်ထရိုက်တာနယ်ပယ်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးဖို့၊ ဘေးကင်းလုံခြုံတဲ့ လုပ်ငန်းဝန်းကျင် ဖော်ဆောင်ပေးနိုင်ဖို့ဖြစ်ပါတယ်။

ဒါကြောင့်ပဲ ကျွန်တော်တို့ဟာ ICCE ပြပွဲကို ယုံကြည်မှုနဲ့ အနာဂတ်ကို တည်ဆောက်ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကျင်းပဖို့ စီစဉ်ခဲ့တာ ဖြစ်ပါ တယ်။

ရည်မှန်းချက်ကတော့ စီးပွားရေးအခွင့်အလမ်းတွေ ဖန်တီးဖို့သာမကဘဲ ကန်ထရိုက်တာနယ်ပယ်က စိန်ခေါ်မှုတွေကို ဖြေရှင်းပေးနိုင်ဖို့၊ ဖန်တီးနိုင်စွမ်းတွေအပေါ် အားပေးဖို့လည်း ရည်ရွယ်ပါတယ်” ဟု အယ်လ် ဆောယိဒ်က ဆက်လက်ပြောကြားခဲ့သည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service