အရောင်းဈေးကွက်သို့ ရောက်ရှိနေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သော ဟောင်ကောင်ရှိ Levertech စင်တာ ၂၅ ထပ် အဆောက်အအုံကြီးကို မိသားစုတစ်စုက ဟောင်ကောင်ဒေါ်လာ ၁ ဘီလီယံကျော်ဖြင့် ဝယ်ယူ

အရောင်းဈေးကွက်သို့ ရောက်ရှိနေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သော ဟောင်ကောင်ရှိ Levertech စင်တာ ၂၅ ထပ် အဆောက်အအုံကြီးကို မိသားစုတစ်စုက ဟောင်ကောင်ဒေါ်လာ ၁ ဘီလီယံကျော်ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
13 Sep 2018 11:41 am တွင် တင်ခဲ့သည်
923 ကြိမ် ကြည့်ရှု့ပြီး

ဟောင်ကောင်၏ နာမည်ကျော် ကောင်လွန်းအရပ်တွင် တည်ရှိကာ အရောင်းဈေးကွက်သို့ ရောက်ရှိနေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သော ဟောင်ကောင်ရှိ Levertech စင်တာ ၂၅ ထပ် အဆောက်အအုံကြီးကို ဒေသတွင်း မိသားစုတစ်စုက ဟောင်ကောင်ဒေါ်လာ ၁ ဘီလီယံကျော်ဖြင့် ဝယ်ယူပြီ ဖြစ်သည်။

စတုရန်းပေ ၁၁၈၀၀၀ အကျယ်အဝန်းရှိသည့် တာဝါကြီးကို ဝယ်ယူလိုက်သည့်မိသားစုမှာ အီလက်ထရောနစ်လုပ်ငန်း လုပ်ကိုင်သူ များဖြစ်ပြီး တစ်စတုရန်းပေလျှင် ဟောင်ကောင်ဒေါ်လာ ၁၁၃၄၇ အထိပေးကာ ဝယ်ယူလိုက်ခြင်းလည်း ဖြစ်သည်။

ကင်းရစ်ပ်လမ်း၊ အမှတ် ၆၉-၇၁ တွင် တည်ရှိသည့် အဆိုပါအဆောက်အအုံကြီးကို ရောင်းချလိုက်သည်မှာ J Crew, Paul Smith နှင့် Theory အမှတ်တံဆိပ် အဝတ်အထည်များ ထုတ်လုပ်ရောင်းချသည့် ဟောင်ကောင်ကုမ္ပဏီ Lever Style မှ ဖြစ်သည်။

Lever Style က ယခုအဆောက်အအုံကြီးကို ၂၀၁၄ ခုနှစ်ကတည်းက အရောင်းဈေးကွက်တင်ခဲ့ဖူးပြီး ရောင်းမထွက်ခဲ့ဘဲ ယခုအခါ အရောင်းဈေးကွက်သို့ ပြန်လည်တင်သွင်း ရောင်းချလိုက်ခြင်းလည်း ဖြစ်သည်။

မကြာသေးမီနှစ်များအတွင်း Lever Style သည် ၁၉၉၅ ခုနှစ်က ဆောက်လုပ်ခဲ့သည့် အဆိုပါအဆောက်အအုံကြီးကို ရုံးခန်းနေရာအဖြစ် အငှားချထားခြင်းများ ပြုလုပ်ခဲ့ပြီး အဆောက်အအုံရှိအခန်းများကို ဒေသတွင်း အိမ်ခြံမြေဝက်ဘ်ဆိုက်များတွင် မကြာခဏ အငှားချထားမှုကြော်ငြာခြင်းများ ပြုလုပ်ခဲ့သည်။

ဟောင်ကောင်အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီများ၏ အချက်အလက်များအရ ပြီးခဲ့သောနှစ်အတွင်း ငှားရမ်းသူတစ်ဦးက အဆောက်အအုံ၏ အလယ်ထပ်ခန့်ရှိ စတုရန်းပေ ၃၀၇၆ ကျယ်ဝန်းသော အခန်းကို တစ်စတုရန်းပေလျှင် ဟောင်ကောင်ဒေါ်လာ ၁၇ ဒေါ်လာဖြင့် ငှားရမ်းခဲ့သည်ဟု ဆိုသည်။

ဝယ်လက်၏ အခြေစိုက်နေထိုင်ရာမှာ ဝမ်ချိုင်ရပ်၊ ဂလော့ဆက်စ်တာလမ်း၊ အမှတ် ၈၀ တွင်ဖြစ်သည်ဟု ဆိုသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service