ပြည်ပကုမ္ပဏီများ ဝင်ရောက်လာမည့် အာမခံဈေးကွက်

ပြည်ပကုမ္ပဏီများ ဝင်ရောက်လာမည့် အာမခံဈေးကွက် - Property News in Myanmar from iMyanmarHouse.com
13 Sep 2018 10:52 am တွင် တင်ခဲ့သည်
826 ကြိမ် ကြည့်ရှု့ပြီး

နိုင်ငံပိုင်အာမခံလုပ်ငန်း၊ ပုဂ္ဂလိကပိုင် အာမခံလုပ်ငန်းများနှင့် မောင်းနှင်နေသော ပြည်တွင်းအာမခံ ဈေးကွက်အတွင်းသို့ ပြည်ပအာမခံလုပ်ငန်များ ဝင်ရောက်လာတော့မည်ဖြစ်သည်။

လက်ရှိတွင် နိုင်ငံခြားအာမခံကုမ္ပဏီများကို လုပ်ငန်းလုပ်ကိုင်ခွင့် မပေးသေးဘဲ ကိုယ်စားလှယ်ရုံးခွဲသာ ဖွင့်လှစ်ခွင့်ပေးထားခြင်း ဖြစ်သည်။ နှစ်အတန်ကြာ လိပ်ခဲတည်းလည်း ဖြစ်နေခဲ့သည့် ပြည်ပအာမခံလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်ခွင့်ပြုရေးက လာမည့်နှစ်တွင် အကောင်အထည်ပေါ်လာတော့မည် ဖြစ်သည်။

၂ဝ၁၈−၁၉ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားအာမခံလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပေးမည်ဟု အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ (IBRB) အတွင်းရေးမှူးဦးဇော်နိုင်က ပြောသည်။ လက်ရှိတွင် နိုင်ငံခြားအာမခံလုပ်ငန်းများကို ပြည်တွင်း၌ လုပ်ကိုင်ခွင့်ပေးရေး လုပ်ငန်းစဉ်တွင် စိစစ်ရွေးချယ်မှုအတွက် နိုင်ငံတကာအကြံပေးကုမ္ပဏီတစ်ခုကို ငှားရမ်းပြီး ဆောင်ရွက်နေသည်ဟု ၄င်းက ပြောသည်။အာမခံလုပ်ငန်းအသိုင်းအဝိုင်းက သိရှိချက်အရ အစိုးရအနေဖြင့် ယခုနှစ်၊ သြဂုတ်လအတွင်း၌ပင် နိုင်ငံခြားအာမခံလုပ်ငန်းများကို ခွင့်ပြုပေးရန်စီစဉ်ခဲ့သည်ဟု ဆိုသည်။ သို့သော် နိုင်ငံခြားအာမခံလုပ်ငန်းများကို စိစစ်ရွေးချယ်ရန် နိုင်ငံတကာ အကြံပေးကုမ္ပဏီရွေးချယ်မှုတွင် ကနဦး၌ တင်ဒါမခေါ်ယူဘဲ ငှားရမ်းဆောင်ရွက်ခြင်းဖြစ်ခဲ့ရာ အဆိုပါဆောင်ရွက်မှုသည် ထောက်ပြစရာအချက် ဖြစ်လာနိုင်သည့်အတွက် နိုင်ငံတကာတင်ဒါဖြင့်သာ နိုင်ငံတကာ အကြံပေးကုမ္ပဏီတစ်ခုငှားရမ်းရန် ပြန်လည်ဆောင်ရွက်ခဲ့ခြင်းကြောင့် အချိန်ထပ်မံယူခဲ့ရခြင်းဖြစ်သည်။

၁၉၅ဝ ပြည့်လွန်နှစ်မှစတင်၍ နိုင်ငံပိုင် မြန်မာ့အာမခံလုပ်ငန်းကို ထူထောင်ပြီး အာမခံလုပ်ငန်းများကို နိုင်ငံပိုင်လုပ်ငန်းတစ်ခုကသာ လုပ်ကိုင်ခဲ့သည်။ နှစ်ပေါင်း ၆ဝ ကျော်ကြာပြီးနောက် ၂ဝ၁၃ ခုနှစ်တွင် ပုဂ္ဂလိကပိုင် အာမခံလုပ်ငန်း ၁၁ ခုကို ခွင့်ပြုပေးခဲ့သည်။ ပြည်တွင်းဈေးကွက်၌ နိုင်ငံခြားအာမခံလုပ်ငန်းများကို ခွင့်မပြုသေးသော်လည်း သီလဝါအထူးစီးပွားရေးဇုန်တွင်မူ ဂျပန်အာမခံလုပ်ငန်းသုံးခုကို အာမခံလုပ်ငန်းလုပ်ကိုင်ရန် ခွင့်ပြုပေးထားသည်။

ပုဂ္ဂလိကပိုင် အာမခံလုပ်ငန်းများ၏ လုပ်ငန်း သက်တမ်းငါးနှစ်ကျော်ခန့်သာရှိသည့်အချိန်တွင် အာမခံဈေးကွက်အတွင်းသို့ နိုင်ငံခြားအာမခံလုပ်ငန်းများ ဝင်ရောက်ခွင့်ပေးမှုအပေါ် ပြည်တွင်းပုဂ္ဂလိက အာမခံလုပ်ငန်းအချို့က စိုးရိမ်မှုများ ရှိနေသည်။

အာမခံလုပ်ငန်းများသည် အာမခံလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းနည်းပါးခြင်း၊ နည်းပညာဆိုင်ရာ တိုးတက်ရန် လိုအပ်ခြင်း၊ အများပြည်သူအနေဖြင့် အာမခံအသိပညာ နည်းပါးခြင်းနှင့် နိုင်ငံခြားအာမခံလုပ်ငန်းများနှင့် ယှဉ်ပြိုင်လုပ်ကိုင်ရန် အဆင်သင့်မဖြစ်ခြင်းစသည့် အဓိကကျသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်ဟု World Insurance ဒါရိုက်တာ ဦးစိုးဝင်းသန့်က ပြောသည်။

နည်းပညာအရ အာမခံကုမ္ပကြီးအချို့တွင် သာ ဆော့ဖ်ဝဲပိုင်းဆိုင်ရာ အဆင့်မြင့်နည်းပညာများ အသုံးပြုနိုင်သေးပြီး ကျန်ကုမ္ပဏီအများစုသည် ထိုထက်နိမ့်သောအဆင့်သာ အသုံးပြုနိုင်သေးသည့်အတွက် နိုင်ငံခြားအာမခံလုပ်ငန်းများ ဝင်ရောက်လာပါက အဆိုပါအပိုင်းများတွင် ယှဉ်နိုင်ရန် ခက်ခဲနေသည်ဟု ၄င်းက သုံးသပ်သည်။

''အစိုးရအပိုင်းကလည်း မူအရ ဒါကို ဖွင့်ပေးရမယ်။ ကျွန်တော်တို့ ပုဂ္ဂလိကပိုင်းကျတော့ ဒါကို စောနေသေးတယ်လို့တော့ မြင်တယ်''ဟု ဦးစိုးဝင်းသန့်က ပြောသည်။

လက်ရှိတွင် နိုင်ငံခြား အာမခံလုပ်ငန်းများကို အာမခံဈေးကွက်အတွင်းသို့ ဝင်ရောက်လုပ်ကိုင်ခွင့်ပြုခြင်းနှင့်ပတ်သက်၍ အထွေထွေအာမခံအမျိုးအစားနှင့် အသက်အာမခံ အမျိုးအစားနှစ်ခုစလုံးကို ခွင့်ပြုမည်ဟု အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ (IBRB) အတွင်းရေးမှူး ဦးဇော်နိုင်က ပြောသည်။

အသက်အာမခံ အမျိုးအစားကိုသာ ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံခွင့်ပြုရန်နှင့် အထွေထွေအာမခံအမျိုးအစားကို ပြည်တွင်းကုမ္ပဏီများနှင့် ဖက်စပ်ပူးပေါင်းလုပ်ကိုင်ခွင့်ပြုရန် ဝန်ကြီးအဖွဲ့အစည်းအဝေးက ဆုံးဖြတ်ထားသည်ဟု မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် မြန်မာနိုင်ငံ အာမခံအသင်းဥက္ကဌဒေါ်စန္ဒာဦးက ပြောသည်။

''ဖွင့်တဲ့နေရာမှာ ပြည်တွင်းပုဂ္ဂလိက အာမခံကုမ္ပဏီတွေကိုလည်း ထည့်စဉ်းစားပေးဖို့တော့ လိုတာပေါ့။ ယှဉ်ပြိုင်မှုမှာ အင်အားကြီးတဲ့သူနဲ့ဆိုတော့ ဘယ်လိုပုံဖွင့်လဲအပေါ် မူတည်ပြီးတော့ အဆင်မပြေဘဲ ပြိုလဲသွားနိုင်တဲ့အထိ ဖြစ်နိုင်တာပဲလေ။ ဒါကို အဖြေရှာကြည့်ရင်တော့ ဖက်စပ်ပေးတာတော့ အကောင်းဆုံးနည်းပါပဲ''ဟု First National Insurance ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ကိုကိုတင်ဝင်းက မှတ်ချက်ပြုသည်။

နိုင်ငံခြားအာမခံလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုလျှင် ပြည်တွင်းပုဂ္ဂလိက အာမခံလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုထားသော အာမခံအမျိုးအစားများ၊ ပရီမီယံကြေး (အာမခံထားရှိမှုအတွက် ပေးသွင်းရသော နှုန်းထားသတ်မှတ်ချက်)၊ စည်းမျဉ်းစည်းကမ်း အချက်အလက်များအတိုင်းသာ လုပ်ကိုင်ခွင့်ပေးရန် ပြည်တွင်းပုဂ္ဂလိက အာမခံလုပ်ငန်းအချို့က ဆန္ဒရှိနေကြသည်။

ယင်းနှုန်းထားသတ်မှတ်ချက်များကို ပြည်တွင်းအာမခံလုပ်ငန်းနှင့် နိုင်ငံခြားအာမခံတို့အကြား ခွဲခြားမှုရှိမည်မဟုတ်ဘဲ လက်ရှိဆောင်ရွက်နေသည့်အတိုင်းသာ လုပ်ဆောင်ရန် အစိုးရအဖွဲ့က ဆုံးဖြတ်ထားသည်ဟု မြန်မာနိုင်ငံ အာမခံအသင်းဥက္ကဌ ဒေါ်စန္ဒာဦးက ပြောသည်။

အာမခံထားရှိမှု နည်းပါးခြင်းသည် နိုင်ငံသားတို့၏ တစ်ဦးချင်းဝင်ငွေ နည်းပါးခြင်းက အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်သည်ဟု ပြည်တွင်းအာမခံလုပ်ငန်း အသိုင်းအဝိုင်းက ယူဆသည်။ ဝင်ငွေနည်းပါးခြင်းကြောင့် ကိုယ်ပိုင်ဝင်ငွေမှ အာမခံထားရှိလိုခြင်း မရှိပေ။ အာမခံ၏သဘောသည် ဆုံးရှုံးမှုအန္တရာယ်ကို ကြိုတင်အကာအကွယ် ရယူခြင်းဖြစ်သည်ဆိုသော အတွေးအခေါ်မျိုးနှင့် အာမခံအသိပညာများသည် အများပြည်သူအကြားတွင် အားနည်းလျက်ရှိသည်ဟု ပြည်တွင်းအာမခံလုပ်ငန်း အသိုင်းအဝိုင်းက သုံးသပ်သည်။

''ဈေးကွက်မဟာဗျူဟာအရ ကိုယ်တွေလည်း ရင်းနှီးပြီး စည်းရုံးတယ်။ ဒါပေမဲ့ ပြန်ဝင်တာက အားရလောက်ဖွယ် မရှိဘူး။ နိုင်ငံခြားအာမခံလုပ်ငန်းတွေရော ဘယ်လိုလုပ်မလဲ၊ ဒါကိုလည်း သိချင်တယ် ''ဟု အောင်သစ္စာဦး အာမခံလုပ်ငန်း၏ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်မာလာညွန့်က သုံးသပ်သည်။

နိုင်ငံပိုင် မြန်မာ့အာမခံလုပ်ငန်းသည် အာမခံအမျိုးအစားပေါင်း ၂ဝ ကျော် လုပ်ကိုင်နေပြီး ပုဂ္ဂလိက အာမခံလုပ်ငန်းများသည် အထွေထွေအာမခံ ၁၃ မျိုးနှင့် အသက်အာမခံတစ်မျိုးတို့ကို လုပ်ကိုင်နေသည်။ လက်ရှိ အာမခံဈေးကွက်အတွင်း အသက်အာမခံ၊ မော်တော်ယာဉ်အာမခံ၊ စုပေါင်းအသက်အာမခံ၊ ခရီးသွားအာမခံ၊ ကျန်းမာရေးအာမခံ၊ ရေကြောင်းကုန်ပစ္စည်းအာမခံတို့သည် အာမခံထားရှိမှုအများဆုံး အာမခံအမျိုးအစားများ ဖြစ်သည်။

နိုင်ငံခြားအာမခံလုပ်ငန်းများ ဝင်ရောက်လာပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ အာမခံထားရှိမှုဈေးကွက်ကို ၄င်းတို့က အပြည့်အဝရရှိရန် အခွင့်အရေးများပြားပြီး ပြည်တွင်းအာမခံများအနေဖြင့် ပြည်တွင်းဈေးကွက်သို့သာ အာရုံစိုက်ရမည့်အနေအထားဖြစ်နေသည်ဟု ဦးစိုးဝင်းသန့်က ပြောသည်။

''သူတို့ကရွေးရင် ပုဂ္ဂလိက အာမခံ ၁၁ ခုစလုံးကို ဖက်စပ်လာလုပ်မှာ မဟုတ်ဘူးလေ။ ဖက်စပ်ဖြစ်သွားတဲ့ကုမ္ပဏီနဲ့ သီးသန့်ဖြစ်နေတဲ့ ပြည်တွင်းကုမ္ပဏီကြားထဲမှာ တော်တော်ကွာဟချက်ဖြစ်သွားနိုင်တယ်''ဟု ၄င်းက ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားအာမခံ ကိုယ်စားလှယ်ရုံးခွဲပေါင်း ၂၇ ခု ဖွင့်လှစ်ထားသည်။ ၄င်းတို့တွင် ဂျပန်နိုင်ငံက အာမခံကုမ္ပဏီများ အများဆုံး လာရောက်ဖွင့်လှစ်ထားပြီး စင်ကာပူ၊ ဟောင်ကောင်၊ ထိုင်း၊ ယူကေ စသည့်နိုင်ငံများက နိုင်ငံတကာ အာမခံကုမ္ပဏီများလည်း ပါဝင်သည်။

အောက်စ်ဖို့ဒ်စီးပွားရေးအုပ်စု (OBG) ၏ မြန်မာ့အာမခံဈေးကွက်ဆိုင်ရာ သုံးသပ်ချက်အရ နိုင်ငံ၏ ဘဏ္ဍာရငွေတွင် အာမခံလုပ်ငန်းကဏ္ဍမှ သုည ဒသမ ဝ၇ ရာခိုင်နှုန်းသာ ရရှိသည်။ မြန်မာနိုင်ငံ လူဦးရေ၏ သုည ဒသမ ဝ၈ ရာခိုင်နှုန်းခန့်သာ အာမခံထားရှိသည်။ အသက်အာမခံထားရှိမှုသည် နိုင်ငံလူဦးရေ၏ သုည ဒသမ ဝ၁ ရာခိုင်နှုန်းရှိပြီး အသက်အာမခံမဟုတ်သော အခြားအာမခံ (အထွေထွေအာမခံ) ထားရှိမှုသည် နိုင်ငံလူဦးရေ၏ သုည ဒသမ ၇ ရာခိုင်နှုန်းသာရှိသည်ကို တွေ့ရသည်။

 

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service