ကန်ဒေါ်လာ ၁၀၀ ဘီလီယံခန့် အကြွေးတင်နေသော တရုတ်အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီး HNA က ကမ္ဘာကျော်ဂျာမနီဘဏ်ကြီး Deutsche တွင် ပိုင်ဆိုင်ထားသည့် ရှယ်ယာ ၂ ဘီလီယံနီးပါးကို ရောင်းထုတ်ရန် စီစဉ်

ကန်ဒေါ်လာ ၁၀၀ ဘီလီယံခန့် အကြွေးတင်နေသော တရုတ်အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီး HNA က ကမ္ဘာကျော်ဂျာမနီဘဏ်ကြီး Deutsche တွင် ပိုင်ဆိုင်ထားသည့် ရှယ်ယာ ၂ ဘီလီယံနီးပါးကို ရောင်းထုတ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
12 Sep 2018 10:54 am တွင် တင်ခဲ့သည်
1019 ကြိမ် ကြည့်ရှု့ပြီး

ကန်ဒေါ်လာ ၁၀၀ ဘီလီယံခန့် အကြွေးတင်နေသော တရုတ်အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီး HNA သည် ကမ္ဘာကျော် ဂျာမနီဘဏ်ကြီး Deutsche တွင် ပိုင်ဆိုင်ထားသည့် ရှယ်ယာ ကန်ဒေါ်လာ ၂ ဘီလီယံဖိုးနီးပါးကို ရောင်းထုတ်ရန် စီစဉ်လျက်ရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။

Deutsche ဘဏ်တွင် HNA က ပိုင်ဆိုင်ထားသည်မှာ ရှယ်ယာ ၇ ဒသမ ၆ ရာခိုင်နှုန်းဖြစ်ပြီး လာမည့် ၁၈ လအတွင်း အပြီးရောင်းထုတ် သွားမည်ဟု ဆိုသည်။

ရောင်းချမည့်ရှယ်ယာများ၏ စုစုပေါင်းတန်ဖိုးမှာ လက်ရှိဈေးကွက်ပေါက်ဈေးအရ ယူရိုငွေ ၁ ဒသမ ၅ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ) ဖိုးခန့်ရှိသည်။

HNA သည် ပြည်ပနိုင်ငံများတွင် ပိုင်ဆိုင်ထားသည့် ပိုင်ဆိုင်မှု အများစုကို မကြာသေးမီနှစ်များအတွင်း ရောင်းထုတ်ခြင်းများ ပြုလုပ်လာသည်။

HNA သည် ကမ္ဘာတစ်ဝန်းရှိ အိမ်ခြံမြေများစွာကို အလုံးအရင်း ဝယ်ယူခဲ့ပြီးနောက် အကြွေးများစွာ တင်ခဲ့ရာ အဆိုပါကြွေးမြီများကို လျှော့ချနိုင်ရန်အတွက် ပြည်ပရှိ ပိုင်ဆိုင်မှုများကို ပြန်လည်ရောင်းထုတ်လာခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သော ဇူလိုင်လအတွင်း HNA ၏ တွဲဖက်ဥက္ကဌ ဝမ်ကျန်းသည် ပြင်သစ်နိုင်ငံသို့ စီးပွားရေးခရီးစဉ်ထွက်စဉ် ရုတ်တရက် ကွယ်လွန်သွားခဲ့ရပြီးနောက်ပိုင်း ကုမ္ပဏီ၏ အခြေအနေမှာ ပိုမိုလှုပ်ခတ်လာခဲ့သည်။

တွဲဖက်ဥက္ကဌ ဝမ်ကျန်း ကွယ်လွန်ခဲ့ရပုံသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ပြီးဖြစ်ရာ https://www.imyanmarhouse.com/news/read/747401 အင်တာနက်လင့်ခ်တွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်။

HNA က Deutsche ဘဏ်ရှိ ရှယ်ယာများ ရောင်းချမည့်သတင်းထွက်ပေါ်လာပြီးနောက် Deutsche ဘဏ်၏ ရှယ်ယာတန်ဖိုးမှာ ၀ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service