ဆောက်လုပ်ရေးဝန်ကြီးဌာနမှ စက်မှုမြေကွက်သုံးကွက်ကို ကုမ္ပဏီနှစ်ခုသို့နှစ်ရှည်ငှားရမ်း

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ စက်မှုမြေကွက်သုံးကွက်ကို ကုမ္ပဏီနှစ်ခုသို့နှစ်ရှည်ငှားရမ်း - Property News in Myanmar from iMyanmarHouse.com
12 Sep 2018 10:46 am တွင် တင်ခဲ့သည်
1178 ကြိမ် ကြည့်ရှု့ပြီး

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက လှိုင်သာယာ နှင့် ရွှေပြည်သာစက်မှုဇုန်ရှိ စက်မှုမြေကွက်သုံးကွက်ကို ကုမ္ပဏီနှစ်ခုသို့ နှစ်ရှည်ငှားရမ်းလိုက်ကြောင်း သိရသည်။

ကုန်ထုတ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များသို့ စက်မှုမြေကွက်များအား နှစ်ရှည်ငှားရမ်းရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

တင်ဒါစိစစ်ရေး ကော်မတီ၏ ၂ဝ၁၈ ခုနှစ် ဧပြီ တွင်ပြုလုပ်ခဲ့သော အစည်းအဝေးတွင် အလုပ်အကိုင်အခွင့်အလမ်းပိုမိုဖန်တီးပေးနိုင်ရေး၊ရင်းနှီးမြှုပ်နှံမှုပမာဏများသော လုပ်ငန်းများဝင်ရောက်လာနိုင်ရေး၊လက်ရှိလုပ်ငန်းဆောင်ရွက်နေသော လုပ်ငန်းများကို ဦးစားပေးငှားရမ်းနိုင်ရေး၊အလုပ်သမားများအတွက် အလုပ်အကိုင်တည်ငြိမ်မှုရရှိရေးနှင့် မြေငှားရမ်းခပိုမိုရရှိစေရေး အတွက်ငှားရမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ငှားရမ်းခဲ့သည့် နေရာနှင့်လုပ်ငန်းများမှာ လှိုင်သာယာစက်မှုဇုန် အပိုင်း(၃) ဗန်းမော်အတွင်းဝန်လမ်းနှင့် ဆိပ်ကမ်းသာလမ်းထောင့်၊မြေကွက်အမှတ် (၅ဝ-ခ)၊မြေဧရိယာ တစ်ဧကအား Pioneer Special Poly Bag Industrial Company Limited သို့ လုပ်ငန်းချဲ့ထွင်နိုင်ရန်အတွက် တစ်စတုရန်း မီတာလျှင် ကန်ဒေါ်လာ ၆ ဒေါ်လာ(တစ်နှစ်)နှုန်း ဖြင့်လည်းကောင်း၊လှိုင်သာယာစက်မှုဇုန် အပိုင်း(၃) ဗန်းမော်အတွင်းဝန်လမ်းနှင့် ဆိပ်ကမ်းသာလမ်းထောင့်၊မြေကွက်အမှတ်(၅၁)၊မြေဧရိယာ ၂ဒသမ၅ ဧကအား Pioneer Special Poly Bag Industrial Company Limited သို့ကိုရီးယားအထည်ချုပ်လုပ်ငန်းဆောင်ရွက်နိုင်ရန် အတွက် တစ်စတုရန်းမီတာလျှင် ကန်ဒေါ်လာ ၆ ဒသမ၅ဒေါ်လာ (တစ်နှစ်)နှုန်းဖြင့်လည်းကောင်း၊ရွှေပြည်သာစက်မှုဇုန် (၁) စက်မှု(၁)လမ်း၊မြေကွက်အမှတ် ၃ဝဝ၊၃ဝ၁၊မြေဧရိယာ ၂ဒသမ၅ ဧက အား Colour Care Business Group Company Limited သို့ရှမ်းတို့ဟူးခြောက် နှင့် မုန့်မျိုးစုံ လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် တစ်နှစ်လျှင် ကျပ် ၈၇၆ သိန်းနှုန်းဖြင့်လည်းကောင်း ငှားရမ်းခဲ့ကြောင်း သိရသည်။

Credit: Daily Eleven

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service