စင်္ကာပူဇိမ်ခံအိမ်ဈေးများ ပထမနှစ်ဝက်အတွင်း ၁၁ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်

စင်္ကာပူဇိမ်ခံအိမ်ဈေးများ ပထမနှစ်ဝက်အတွင်း ၁၁ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက် - Property News in Myanmar from iMyanmarHouse.com
11 Sep 2018 10:55 am တွင် တင်ခဲ့သည်
1023 ကြိမ် ကြည့်ရှု့ပြီး

မြို့အရွယ်အစားရှိ စင်္ကာပူနိုင်ငံရှိ ဇိမ်ခံအိမ်ဈေးနှုန်းများသည် ကမ္ဘာတစ်ဝန်း ဇိမ်ခံအိမ်ဈေးနှုန်းများ ကျဆင်းနေမှုကို ဆန့်ကျင်၍ ဂျပန်နိုင်ငံမြို့တော် တိုကျိုရှိ ဇိမ်ခံအိမ်ဈေးများနှင့်အတူ ယခု ၂၀၁၈ ခုနှစ် ပထမနှစ်ဝက်အတွင်း ၁၁ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ကမ္ဘာ့အိမ်ခြံမြေသုတေသနနှင့် အတိုင်ပင်ခံကုမ္ပဏီ Knight Frank ၏ ထုတ်ပြန်ချက်အား ကိုးကား၍ Singapore Business Review စီးပွားရေးမဂ္ဂဇင်းက ဖော်ပြခဲ့သည်။

"စင်္ကာပူတွင် အိမ်ခြံမြေဈေးကွက်ပြန်လည်နာလန်ထူမှုဟာ developer တွေရဲ့ မြေလေလံဆွဲမှုအားကောင်းမှုတွေနဲ့ မြင့်တက်နေတဲ့ နိုင်ငံခြားဝယ်လိုအားတို့ရဲ့ အကျိုးဆက်တစ်ရပ်ဖြစ်ပါတယ်" ဟု Knight Frank ၏ နိုင်ငံတကာလူနေအိမ်ခြံမြေသုတေသနခေါင်းဆောင် ကိတ်အဲဗရတ်အယ်လင်က ပြောကြားခဲ့သည်။

သို့သော်လည်း သူမက စင်္ကာပူသည် လူနေအိမ်ခြံမြေဈေးကွက်အတွက် ဈေးကွက်တည်ငြိမ်စေရေးစည်းမျဉ်းတင်းကျပ်မှုသစ်တွေကို ချမှတ်အကောင်အထည်ဖော်လိုက်ပြီဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူများအနေဖြင့်မူ ယင်းစည်းမျဉ်းတင်းကျပ်မှုများနှင့်ပတ်သက်၍ မချိတင်ကဲ ဖြစ်နိုင်ကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။

တိုကျိုတွင် ဇိမ်ခံအိမ်ဈေးနှုန်းများသည် ၉ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ စီးပွားရေးဈေးကွက်အခြေအနေ၊ စင်္ကာပူနှင့်ဟောင်ကောင်တို့နှင့် ယှဉ်ပါက နှိုင်းဆနိုင်သော တန်ဖိုးနှင့် ၂၀၂၀ အိုလံပစ်မတိုင်မီ ရင်းနှီးမြှုပ်နှံမှုတို့ကြောင့် မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း Knight Frank က သုံးသပ်ခဲ့သည်။

စင်္ကာပူ၊ တိုကျိုပြီးလျှင် အလယ်အလတ်မြင့်တက်မှုနှုန်းအဖြစ် ပေကျင်းနှင့် ရှန်ဟိုင်းတို့တွင် ဇိမ်ခံအိမ်ဈေးများ ၇ ဒသမ ၃ ရာခိုင်နှုန်းနှင့် ၃ ဒသမ ၃ ရာခိုင်နှုန်းစီ မြင့်တက်ခဲ့ကြသည်။

တရုတ်ပထမတန်းစားမြို့ပြများတွင် ဇိမ်ခံအိမ်ဈေးဆက်လက်မြင့်တက်နေမည်ဟု ခန့်မှန်းရကြောင်းလည်း အဲဗရတ်အယ်လင်က ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်း ၎င်းတို့လေ့လာခဲ့သည့် မြို့ပြ ၂၀ ခုတွင် ပျမ်းမျှဇိမ်ခံအိမ်ဈေးများသည် ယခုနှစ် ပထမနှစ်ဝက်အတွင်း ၄ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း Knight Frank ၏ ထုတ်ပြန်ချက်အရ သိရသည်။

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service