Facebook ကုမ္ပဏီက စင်္ကာပူတွင် စင်္ကာပူဒေါ်လာ ၁ ဒသမ ၄ ဘီလီယံတန်ကြေးရှိ အချက်အလက်စင်တာ အဆောက်အအုံကြီး ဆောက်လုပ်လျက်ရှိပြီး ၂၀၂၂ ခုနှစ်တွင် ဖွင့်လှစ်ရန်စီစဉ်ထား

Facebook ကုမ္ပဏီက စင်္ကာပူတွင် စင်္ကာပူဒေါ်လာ ၁ ဒသမ ၄ ဘီလီယံတန်ကြေးရှိ အချက်အလက်စင်တာ အဆောက်အအုံကြီး ဆောက်လုပ်လျက်ရှိပြီး ၂၀၂၂ ခုနှစ်တွင် ဖွင့်လှစ်ရန်စီစဉ်ထား - Property News in Myanmar from iMyanmarHouse.com
11 Sep 2018 10:46 am တွင် တင်ခဲ့သည်
1018 ကြိမ် ကြည့်ရှု့ပြီး

Facebook ကုမ္ပဏီသည် စင်္ကာပူတွင် စင်္ကာပူဒေါ်လာ ၁ ဒသမ ၄ ဘီလီယံတန်ကြေးရှိ အချက်အလက်စင်တာ အဆောက်အအုံကြီး ဆောက်လုပ်လျက်ရှိပြီး ၂၀၂၂ ခုနှစ်တွင် ဖွင့်လှစ်ရန်စီစဉ်ထားသည်။

Facebook ၏ အဆိုပါအချက်အလက်စင်တာကြီးဖွင့်လှစ်ပါက စင်္ကာပူနိုင်ငံသားများအတွက် အလုပ်အကိုင်နေရာပေါင်း ရာနှင့်ချီ၍ ရရှိလာနိုင်မည် ဖြစ်သည်။

ရရှိနိုင်မည့် အလုပ်နေရာများတွင် လျှပ်စစ်ပညာရှင်၊ လေအေးနှင့် အပူပေးစက်ကျွမ်းကျင်ပညာရှင်၊ စားဖိုမှူး၊ နည်းပညာလုပ်ငန်းများ၊ သန့်ရှင်းရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် လုံခြုံရေးအစရှိသည့် ရာထူးနေရာများ ပါဝင်မည် ဖြစ်သည်။

လျှောက်ထားနိုင်မည့်ရာထူးနေရာအချို့ကို Facebook ၏ အလုပ်အကိုင်နေရာ စာမျက်နှာတွင် ဖော်ပြထားပြီး လာမည့် ရက်သတ္တပတ်များအတွင်း အလုပ်အကိုင်နေရာများ ပိုမိုဖော်ပြလာဖွယ်ရှိသည်။

စင်္ကာပူဒေါ်လာ ၁ ဒသမ ၄ ဘီလီယံတန်ကြေးရှိ အဆိုပါ အဆောက်အအုံကြီးသည် Facebook ကုမ္ပဏီ၏ ကမ္ဘာတစ်ဝန်းဖွင့်လှစ်ခဲ့သော ရုံးများအနက် ၁၅ ခုမြောက်ဖြစ်ပြီး စင်္ကာပူ၏ အနောက်ဘက် တန်ဂျောင်း ကလင်အရပ်တွင် တည်ရှိမည်ဖြစ်သည်။

စတုရန်းမီတာ ၁၇၀၀၀၀ ရှိသည့် အဆောက်အအုံကြီးသည် အာရှနှင့် စင်္ကာပူတွင် ဖေ့စ်ဘုတ်ကုမ္ပဏီ တည်ရှိမှုတိုးချဲ့နေခြင်း၏ တစိတ်တပိုင်းလည်းဖြစ်ကြောင်း ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါစီမံကိန်း အုတ်မြစ်ချအခမ်းအနားတွင် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး ချန်းချောင်ဆင်းက ပြောကြားရာတွင် ယခုစီမံကိန်းသည် စင်္ကာပူအတွက် လေ၊ မြေ၊ ပင်လယ်အစရှိသည့် ဆက်သွယ်နိုင်မှုဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အတိုင်းအတာဘောင်ကို ကျော်လွန်ပြီး ရုပ်ပိုင်းဆိုင်ရာမဟုတ်သော ပင်ကိုယ်အရည်အချင်း၊ စိတ်ကူးဥာဏ်နှင့် နည်းပညာအစရှိသည်တို့ဘက်တွင် တိုးတက်လာအောင် အကူအညီပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

“ဖေ့စ်ဘုတ်တစ်ခုတည်းကမဟုတ်ဘဲ နယ်ပယ်တူက တခြားပလေယာတွေ အများအပြားရဲ့ ဒီလိုရင်းနှီးမြှုပ်နှံမှုတွေဟာ ကျွန်တော်တို့ရဲ့ ပထဝီစည်းဘောင် အရွယ်အစားတွေကို ကျော်လွန်နိုင်စေဖို့ အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်” ဟု မစ္စတာချန်းက ပြောကြားသည်။

အဆိုပါအဆောက်အအုံကို လာမည့် ၂၀၂၂ ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်နိုင်မည်ဟု မျှော်မှန်းထားသည်။

ဆောက်လုပ်မည့် ကန်ထရိုက်တာအဖြစ် ဒေတာစင်တာများ ဆောက်လုပ်သည့် အတွေ့အကြုံရှိသော Fortis Construction ကို ရွေးချယ်ထားကြောင်း ဖေ့စ်ဘုတ်က ထုတ်ပြန်ထားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service