အလွန်အမင်းချမ်းသာကြွယ်ဝသူများ အများဆုံးနေရာအဖြစ် ဟောင်ကောင်က နယူးယောက်ကို ဖြတ်ကျော်

အလွန်အမင်းချမ်းသာကြွယ်ဝသူများ အများဆုံးနေရာအဖြစ် ဟောင်ကောင်က နယူးယောက်ကို ဖြတ်ကျော် - Property News in Myanmar from iMyanmarHouse.com
11 Sep 2018 10:38 am တွင် တင်ခဲ့သည်
10638 ကြိမ် ကြည့်ရှု့ပြီး

ဟောင်ကောင်သည် အလွန်အမင်းချမ်းသာကြွယ်ဝသူများ အများဆုံးနေရာအဖြစ် နယူးယောက်ကို ကျော်ဖြတ်သွားပြီဖြစ်ကြောင်း နယူးယောက်အခြေစိုက် ကမ္ဘာ့ချမ်းသာဓနဆိုင်ရာ သုတေသနကုမ္ပဏီ Wealth-X ၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။

ပြီးခဲ့သော ၂၀၁၇ ခုနှစ်အတွင်း ဟောင်ကောင်တွင် အနည်းဆုံး ကန်ဒေါ်လာ သန်း ၃၀ ခန့် ချမ်းသာကြွယ်ဝသူ ၃၁ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့ပြီး လူဦးရေ ၁၀၀၀၀ ခန့်အထိ ရှိလာခဲ့ကြောင်း Wealth-X က ဖော်ပြသည်။

အာရှတွင် အလွန်အမင်းချမ်းသာကြွယ်ဝသူများသည် တစ်နေ့ထက်တစ်နေ့ ဒီရေအလားမြင့်တက်လာလျက်ရှိနေရာ နယူးယောက်မှာ အလွန်ချမ်းသာသူတို့နေထိုင်ရာဒေသအဖြစ်မှ ကျဆင်းသွားခဲ့ရခြင်းလည်း ဖြစ်သည်။

နယူးယောက်တွင် အနည်းဆုံးကန်ဒေါ်လာ သန်း ၃၀ ခန့်ကြွယ်ဝသူဦးရေမှာ ၉၀၀၀ ဝန်းကျင်ရှိရာ ယခုအခါ ဟောင်ကောင်က ဖြတ်ကျော်သွားခြင်းဖြစ်သည်။

တတိယနေရာတွင် ဂျပန်နိုင်ငံ၊ တိုကျိုက ရပ်တည်နေပြီး ဥရောပတွင်မူ မူလတွင် လန်ဒန်က ထိပ်ဆုံးနေရာ၌ ရပ်တည်နေရာမှ ယခုအခါ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့က ဖြတ်ကျော်သွားသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် အလွန်အမင်းချမ်းသာကြွယ်ဝသူဦးရေ ၁၃ ရာခိုင်နှုန်းမြင့်တက်လာပြီး အနည်းဆုံးကန်ဒေါ်လာ သန်း ၃၀ ချမ်းသာသူ ၂၅၆၀၀၀ ဦးဝန်းကျင်ခန့်ရှိကာ ၎င်းတို့၏ စုစုပေါင်းကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၃၁ ဒသမ ၅ ထရီလီယံခန့်ရှိသည်ဟု ဆိုသည်။

အာရှ၏ ချမ်းသာကြွယ်ဝမှုနှုန်းမှာ အလျင်မြန်ဆုံးဖြစ်နေပြီး အဓိကအားဖြင့် တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်တို့မှ ဖြစ်သည်ဟု ဆိုသည်။

အာရှတွင် အနည်းဆုံးကန်ဒေါ်လာ သန်း ၃၀ ချမ်းသာကြွယ်ဝသူဦးရေမှာ လွန်ခဲ့သော ၁၀ နှစ်ခန့်က တစ်ကမ္ဘာလုံး၏ ၁၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုအခါ ၂၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်းလည်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service