မြရည်နန္ဒာ တိုက်ခန်း ဝယ်ယူခွင့် မဲပေါက်ထားသူများအနက် အိမ်မြေပိုင်ဆိုင်ကြောင်း စစ်ဆေးတွေ့ရှိသူများ၏ တိုက်ခန်းများကို ပြန်လည် သိမ်းယူသွားမည် ဟုဆို

မြရည်နန္ဒာ တိုက်ခန်း ဝယ်ယူခွင့် မဲပေါက်ထားသူများအနက် အိမ်မြေပိုင်ဆိုင်ကြောင်း စစ်ဆေးတွေ့ရှိသူများ၏ တိုက်ခန်းများကို ပြန်လည် သိမ်းယူသွားမည် ဟုဆို - Property News in Myanmar from iMyanmarHouse.com
10 Sep 2018 11:56 am တွင် တင်ခဲ့သည်
2496 ကြိမ် ကြည့်ရှု့ပြီး

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူဆောက်လုပ်သော မြရည်နန္ဒာတန်ဖိုးမျှတ တိုက်ခန်းများအား ဝယ်ယူခွင့်အတွက် မဲစနစ်ဖြင့် ပွင့်လင်းမြင်သာစွာ စနစ်တကျချထားပေးပြီးဖြစ်ရာ အိမ်(သို့မဟုတ်) မြေပိုင်ဆိုင်မှုရှိကြောင်း စစ်ဆေးတွေ့ရှိသော နိုင်ငံ့ဝန်ထမ်းများ၏ တိုက်ခန်းများကို တန်ဖိုးငွေပြန်လည်ပေးအပ်မည်မဟုတ်ဘဲသိမ်းယူ သွားမည်ဖြစ်ကြောင်းသိရသည်

'' တိုက်ခန်းလျှောက်ထားရာမှာ လိုအပ်တဲ့အထောက်အထားတွေကို မမှန်မကန်တင်ပြထားတာမျိုး စစ်ဆေးတွေ့ရှိရရင် တိုက်ခန်းချထားမှုကို ပြန်လည်ရုပ်သိမ်းသွားမှာပါ။ မဲပေါက်ထားတဲ့တိုက်ခန်းမှာ ဝယ်ယူခွင့်ရရှိသူ ကိုယ်တိုင်နေထိုင်ရမှာဖြစ်တဲ့အပြင် ငါးနှစ်အတွင်းမှာ တခြားသူကိုငှားရမ်းခြင်း၊ တစ်ဆင့်လွှဲပြောင်းရောင်းချခြင်းတွေ မပြုလုပ်ဖို့တားမြစ်ထားပြီး သတ်မှတ်ကာလကျော်လွန်မှသာ ကော်မတီခွင့်ပြုချက်ဖြင့် တိုက်ခန်းကို လွှဲပြောင်းရောင်းချနိုင်မည်ဖြစ်ပါတယ်။ ဖောက်ဖျက်တဲ့ ဝန်ထမ်းတွေကို Black List စာရင်းထည့်သွင်းမှာဖြစ်ပြီး လျှောက်လွှာ ထပ်မံတင်ခွင့်ကိုလည်းရပ်ဆိုင်းသွားမှာပါ''ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံနှင့် ကုန်ရုံဌာနမှ ဌာနမှူးဦးဇော်ဝင်းက စက်တင်ဘာ ၆ရက်တွင် ဒီမိုကရေစီတူဒေးသို့ ပြောကြားသည်။ ချမ်းမြသာစည်မြို့နယ်ရှိ မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာရှိ တိုက်ခန်းများအနက် ပထမသုတ်အဖြစ် အခန်းပေါင်း ၈၇၂ ခန်းမှ ပင်စင်စားများအတွက် အခန်း ၂ဝဝ၊ လုပ်သက် ၁ဝ နှစ် အထက်ရှိသူများအတွက် ၂၅ ခန်း၊ လုပ်သက် ၁၁ နှစ်မှ ၂၅နှစ် အထိရှိသူများအတွက် ၁၉၂ခန်း၊ လုပ်သက် ၂၆နှစ်အထက်ရှိသူများအတွက် ၂၅၅ခန်းကို ပြီးခဲ့သည့် သြဂုတ်လနောက်ဆုံးပတ်အတွင်းက ချထားပေးခဲ့ရာ အငြိမ်းစားဝန်ထမ်း ၂၈၂၅ဦးနှင့် တာဝန်ထမ်းဆောင်ဆဲဝန်ထမ်း ၈၆၁ဝ ဦးတို့က ဝယ်ယူခွင့် လျှောက်ထားရရှိခဲ့ကြပြီး တိုက်ခန်းများကို မဲပေါက်ထားသူများ အနေဖြင့် ဘဏ်ချေးငွေစနစ်ဖြင့် ဝယ်ယူလိုပါက ရတနာပုံဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ ဧရာဝတီဘဏ်နှင့် CHID ဘဏ်များ၌ တိုက်ခန်းတန်ဖိုး၏ ၃ဝ ရာခိုင်နှုန်းကို ပေးသွင်းထားရမည် ဖြစ်ကာ လက်ငင်းငွေချေစနစ်ဖြင့် ဝယ်ယူလိုပါက စက်တင်ဘာ ၁၅ ရက် နောက်ဆုံးထား၍ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ၏ ငွေစာရင်းအမှတ်သို့ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ 

 

Credit:  Democracytoday

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service