ဘလိုဘီတက်ချာ ဗိသုကာဖြင့်ဆောက်လုပ်ထားသော ထင်ရှားသည့် အဆောက်အအုံကြီးများ

ဘလိုဘီတက်ချာ ဗိသုကာဖြင့်ဆောက်လုပ်ထားသော ထင်ရှားသည့် အဆောက်အအုံကြီးများ - Property News in Myanmar from iMyanmarHouse.com
10 Sep 2018 10:49 am တွင် တင်ခဲ့သည်
1056 ကြိမ် ကြည့်ရှု့ပြီး

ဘလိုဘီတက်ချာသည် ပို့စ်မော်ဒန် ဗိသုကာဟန် ဖြစ်၏။ Blobitecture ကို ဘလော့ဘစ်ဇင် blobism ဟုလည်း ခေါ်ဆိုကြသည်။ မျဉ်းကွေးများ၊ စက်ဝန်း ဟန်များဖြင့် ပုံဖော်ထားသည့် ပို့စ်မော်ဒန် ဗိသုကာဟန်တစ်မျိုး ဖြစ်သည်။

ဘလိုဘီတက်ချာ အဆောက်အအုံများသည် နူးညံ့ သည့် သွင်ပြင်ရှိကာ လွတ်လပ်သည့်စီးမြောမှုဟန်ရှိသော်လည်း တစ်စု တစ်စည်းတည်း ပေါင်းစပ်လိုက်လျှင် ရှုပ်ထွေးသည့်ပုံ သဏ္ဌာန်ရှိသည်။

စင်စစ်အားဖြင့် အဆောက်အအုံများကို ဒီဇိုင်းရေး ဆွဲသည်ဟုဆိုရာတွင် သဘာဝတရားတွင် တွေ့ရှိရသည့်ပစ္စည်း များ၏ ဂုဏ်သတ္တိ၊ လွယ်ကူစွာထုတ်လုပ်နိုင်သည့်ပစ္စည်းများကို အသုံးပြုဆောက်လုပ်ရခြင်းဖြစ်ရာ ဒီဇိုင်းရေးဆွဲမှုတွင် ကြီးမား သည့်အကန့်အသတ်များ ရှိနေသည်။

သို့ရာတွင် ခေတ်သစ်နောက်ဆုံးပေါ်နည်းပညာများ ပေါ်ပေါက်လာချိန်တွင်မူ ဒီဇိုင်းနယ်၏ လွတ်လပ်မှုမှာ အလွန် ကြီးထွားသွားခဲ့သည်။

၁၉၆၀ ပြည့်လွန်ကာလများတွင် ပေါ်ပေါက်ခဲ့သည့် လန်ဒန်အခြေစိုက် ဗိသုကာအဖွဲ့ဖြစ်သော Archigram ၊ အမေရိ ကန်မှ အနာဂတ်ဝါဒီ ဗိသုကာပညာရှင်တစ်ဦးဖြစ်သော ရစ်ချတ် ဘတ်ခ်မင်စတာ ဖူလာနှင့် (Richard Buckminster "Bucky" Fuller) တင်းကြပ်သည့် ဥပဒေသများကို မနှစ်မြို့ဘဲ လွတ်လပ်သည့် ဗိသုကာကိုသာ ဖော်ဆောင်လိုကြသူများသည် ပုံမှန်မဟုတ်သော ဗိသုကာအသွင်များကို စတင်မိတ်ဆက်လာကြသည်။

၎င်းတို့၏ ဗိသုကာဒီဇိုင်းများမှာ ယင်းခေတ်ကာလ အခြေ နေအရ နည်းပညာဖြစ်နိုင်ချေထက်ပင် ကျော်လွန်သည် များလည်းရှိခဲ့သည်။

၁၉၉၀ ပြည့်လွန်ကာလများတွင် ကွန်ပျူတာဖြင့် ဒီဇိုင်းရေးဆွဲသည့် AutoCAD ထွန်းကားလာချိန်၌ ဂဲသြမေထရီ ပုံရိပ်များဖြစ်သော စက်ဝိုင်း၊ တြိဂံနှင့် စတုရန်း၊ ထောင့်မှန် စတုဂံအသွင်များလည်း ပါဝင်လာသည်။

ဘလိုဘီတက်ချာဟူသည့် ဝေါဟာရကို စတင်တီထွင် ခဲ့သူမှာ ဗိသုကာပညာရှင် ဂရက်ဂ်ျလင်းဖြစ်သည်။

Blobitecture ဝေါဟာရမှာ ဘူသဘ (အတုံးငယ်) နှင့် architecture (ဗိသုကာ) ကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး ဘလော့ ဘစ္စမတ်ဟူ၍လည်း ခေါ်ဆိုကြသေးသည်။

ဆဲလ်တို့၏ amoeba ပုံသဏ္ဌာန် ဆန်းပြားစွာ ဒီဇိုင်း ရေးဆွဲကြသည်။ blob architecture ဟူသည့် ဝေါဟာရမှာ ၁၉၉၀ ပြည့်လွန်အလယ်ပိုင်းကာလများကတည်းက ခေတ်စား နေပြီဖြစ်သော်လည်း ပုံနှိပ်စာမျက်နှာထက်တွင် ပထမဆုံးစတင် ရေးသားဖော်ပြခဲ့သည်မှာ ၂၀၀၂ ခုနှစ်အတွင်း နယူးယောက် တိုင်းမ်မဂ္ဂဇင်းတွင် ၀ီလျံ စဖိုင်းယား ရေးသားခဲ့သည့် Defene-stration အမည်ရှိ ဆောင်းပါးတွင် ဖြစ်သည်။

ယင်းဆောင်းပါးတွင် ရှုတ်ချသည့်သဘောအဓိပ္ပာယ် ဖြင့် ရေးသားခဲ့ခြင်းဖြစ်သော်လည်း နောင်အခါတွင်မူ လုံးဝန်းကွေ့ဝိုက်သောပုံသဏ္ဌာန်များ အသုံးပြုဆောက်လုပ်ထားသည့် အဆောက်အအုံများကို ရည်ညွှန်းရာတွင် အသုံးပြုလာကြသည်။

၁။ အင်္ဂလန်နိုင်ငံ၊ ဂိတ်စ်ဟက်ဒ်မြို့ရှိ Sage Gateshead ကပွဲရုံကြီး

Foster and Partners က ဒီဇိုင်းရေးဆွဲပေးခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။

ကပွဲနှင့် ဖျော်ဖြေရေးနေရာ ၃ ခု သီးခြားပါဝင်သော် လည်း တစ်နေရာမှ အသံများ အခြားနေရာသို့ မရောက်စေရန် အဆင့်မြင့်နည်းပညာများ အသုံးပြုထားသည်။

ကမ်းရိုးတန်းဒေသဖြစ်သောကြောင့် လေတိုက်နှုန်းပြင်း ထန်မှုနှင့် ကြမ်းတမ်းသည့်ရာသီဥတုဒဏ်တို့ကို အံတုနိုင်ရန် အတွက် အမိုးတစ်ခုတည်းအောက်တွင် ပေါင်းစည်းထားရှိရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

လုံးဝန်းသောဥခွံသဏ္ဌာန်အမိုးခုံးကြီးကို မျဉ်းပြိုင် အနေအထား တစ်ဖက်သာပါဝင်သည့် မှန်ပြားများဖြင့် ဆောက် လုပ်ထားပြီး ဧရိယာအားဖြင့် စတုရန်းမီတာ ၃၅၀၀ ခန့်ရှိကာ စတီးဘောင်တန်းပေါင်း ၃၀၄၃ ခု ပါဝင်သည်။ အမြင့်မှာ မီတာ ၄၀ ကျော်ရှိပြီး အမိုးကြီးကို မီတာ ၈၀ အလျားရှိ စတီး ဘောင်တန်းကြီး ၄ ခုဖြင့် ထောက်မပေးထားသည်။

၂။ နယ်သာလန်နိုင်ငံတောင်ပိုင်း Eindhoven မြို့ရှိ De Admirant Entrance အဆောက်အအုံကြီး

The Admirant entrance အဆောက်အအုံကြီးသည် ဈေးဝယ်စင်တာကြီးဖြစ်ပြီး အီတလီ ဗိသုကာပညာရှင် Massi-miliano Fuksa က ၁၉၉၈ ခုနှစ်အတွင်း ထူးခြားသည့် မဟာ စီမံကိန်း ၄ ခုကို ဒီဇိုင်းရေးဆွဲခဲ့ရာတွင် တစ်ခုအပါအ၀င် ဖြစ်ခဲ့သည်။

ယင်းအဆောက်အအုံကို လူသိများသည်မှာ The Blob ဟူသည့်အမည်ဖြင့် ဖြစ်သည်။ မြေညီထပ်နှင့် ပထမထပ် တွင် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာနေရာများ ထားရှိပြီး တတိယထပ်နှင့် စတုတ္တထပ်တွင် ရုံးခန်းနေရာများ ထားရှိသည်။

The Blob သည် အိုင်းဟိုဗင်တွင် အချက်ပြမီးတိုက်သဖွယ်ဖြစ် လာပြီး ဒေသခံများ ချိန်းဆိုဆုံစည်းကြရာနေရာလည်း ဖြစ်လာသည်။

အမြင့် ၂၅ မီတာရှိပြီး မှန်ချပ်များ၊ စတီးချောင်းများဖြင့် ဖုံးလွှမ်းနေသည်။ မြေအောက်ထပ်တွင် စက်ဘီးပေါင်း ၁၇၀၀ ခန့် ထားရှိနိုင်သည့်နေရာ ပါဝင်သည်။

၃။ အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ်မြို့ရှိ Selfridges အဆောက် အအုံကြီး (Selfridges Buildingç Birmingham)

Selfridges အဆောက်အအုံကြီးသည် ဘာမင်ဂမ်၏ အထင်ကရပြယုဂ်တစ်ခုဖြစ်၏။ ၂၀၀၃ ခုနှစ်တွင် ဆောက်လုပ် ပြီးစီးခဲ့ပြီး ပေါင်သန်း ၆၀ ကုန်ကျခဲ့သည်။

Future Systems ဗိသုကာအဖွဲ့က ဒီဇိုင်းရေးဆွဲခဲ့ခြင်း ဖြစ်ပြီး မျက်နှာစာကို ကွန်ကရစ်၊ စတီးတို့ဖြင့် ပုံဖော်ထားခြင်း ဖြစ်သည်။

ယင်းအဆောက်အအုံကြီးမှာ Concrete Society Awardsç Overall Winner 2014 ဆု အပါအ၀င် ဆုပေါင်း ၇ ဆုရရှိထားသည်။

၎။ စပိန်နိုင်ငံ၊ ဆီဗီလာမြို့ရှိ Metropol Paraso သစ်သား အဆောက်အအုံကြီး

ဂျာမန်ဗိသုကာပညာရှင် Jürgen Mayer က ဒီဇိုင်း ရေးဆွဲပေးခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ကာ၂၀၁၁ ခုနှစ်၊ ဧပြီလတွင် ဆောက်လုပ်ပြီးစီးခဲ့သည်။

အမြင့်မှာ ၈၅ ပေခန့်အထိရှိပြီး ကမ္ဘာပေါ်တွင်သစ်ဖြင့် ဆောက် လုပ်ထားသည့်အကြီးမားဆုံး အဆောက်အအုံကြီးလည်း ဖြစ် သည်။ ကြီးမားသည့် မှိုပွင့်ကြီးသဖွယ် အုပ်မိုးပေးထားသည့် အမိုးကြီးပေါင်း ၆ ခု ပေါင်းစပ်ထားသည်။

 

၅။ အင်္ဂလန်နိုင်ငံ၊ ကွန်းဝေါလ်ရှိ ကမ်္ဘာလှည့်ခရီးသည်များ လည်ပတ်ရာနေရာ The Eden Project

အင်္ဂလန်အနောက်တောင်ပိုင်း၊ ကွန်းဝေါလ်ခရိုင်ရှိ The Eden Project မှာ Greenhouse project တစ်ခုဖြစ်သည်။

ကြီးမားသည့် အမိုးခုံးအဆောက်အအုံကြီး ၂ ခုပါဝင်ပြီး အဆောက်အအုံများအတွင်းတွင် သစ်ပင်မျိုးစိတ်ပေါင်း ထောင် နှင့်ချီ၍ စိုက်ပျိုးပြသထားသည်။

အမိုးခုံးကြီးကို ၅ ထောင့်နှင့် ၆ ထောင့်သဏ္ဌာန် စတီးဖရိန်အကွက်များ ဖော်ထားသည့်အပေါ်တွင် ပလတ်စတစ် ဖြင့် မိုးပေးထားသည်။

Greenhouse အဆောက်အအုံကြီး ၂ ခုအနက် တစ်ခုကို မုတ်သုံမိုးသစ်တော ရာသီဥတုမျိုးဖန်တီးပေးထား ပြီး အခြားတစ်ခုကိုမူ မြေထဲပင်လယ်ရာသီဥတုမျိုးရရှိအောင် ဖန်တီးထားသည်။ ဗိသုကာပညာရှင် နီကိုလပ် ဂရင်းရှောက ဒီဇိုင်းရေးဆွဲ ပေးခဲ့ပြီး ၂ နှစ်ခွဲကြာ ဆောက်လုပ်ခဲ့ရကာ ၂၀၀၁ ခုနှစ်၊ မတ်လ ၁၇ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

အိအိအေးအောင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service