မန္တလေးတွင် အိမ်ခြံမြေ အငှားဈေးကွက် လှုပ်ရှားလာသော်လည်း ဈေးချိုသည့် မြေကွက်များသာ အရောင်းအဝယ်ဖြစ်နေ

မန္တလေးတွင် အိမ်ခြံမြေ အငှားဈေးကွက် လှုပ်ရှားလာသော်လည်း ဈေးချိုသည့် မြေကွက်များသာ အရောင်းအဝယ်ဖြစ်နေ - Property News in Myanmar from iMyanmarHouse.com
7 Sep 2018 12:41 pm တွင် တင်ခဲ့သည်
1241 ကြိမ် ကြည့်ရှု့ပြီး

မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်သည် ဝါကျွတ်ကာလသို့ ရောက်ရှိတော့ မည်ဖြစ်သောကြောင့် အရောင်းအဝယ်ထက် အိမ်ငှားရမ်းမှုများ ပိုမိုသွက်လက်လှုပ်ရှားလာပြီး အငှားဈေးနှုန်းများမှာ နေရာပေါ် မူတည်၍ ယခင်နှစ်ကထက် ၂၅ ရာခိုင်နှုန်းအထိ မြင့်တက်လာ သော်လည်း အရောင်းဈေးကွက်၌ မူ ဈေးနှုန်းလျှော့ချသည့် မြေကွက်များသာ အရောင်းအဝယ်ဖြစ်နေ ကြောင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းများမှ သိရသည်။

''အငှားဈေးကွက်မှာက ဈေး နှုန်းတွေ သိသာစွာမြင့်တက်လာပြီး အထူးသဖြင့် မြို့တွင်းမှာ စီးပွားရေး အတွက် ဆိုင်ခန်းတွေ ဘာတွေဖွင့်ရင် လူနေထိုင်လို့ပါရတဲ့ဆိုင်ခန်း နေရာတွေဆိုရင် အငှားအသွက် ဆုံး ဖြစ်နေပါတယ်။ ပိုက်ဆံမတတ် နိုင်တဲ့သူတွေက မြို့သစ်ဘက်မှာ အငှားများကြပြီး မြို့တွင်းမှာ မိသားစုလေးယောက်လောက်ပဲ နေထိုင်တဲ့ အိပ်ခန်းကို တစ်လအနည်းဆုံး ၇ဝဝဝဝ ဝန်းကျင်ပေါက်ဈေးရှိနေ ပါတယ်။ လက်ရှိမှာ အငှားဈေးကွက်က ပိုသွက်နေပါတယ်။ ငွေကျပ်သိန်းသောင်းချီအရောင်းအဝယ်ဖြစ်တာမျိုးက မရှိသလောက် ကို နည်းနေပြီး မြို့သစ်ဘက်နဲ့ ပုသိမ်ကြီးမြို့နယ်ဘက်မှာ သိန်းရာဂဏန်းလောက်ပဲ တန်ကြေးရှိတဲ့ မြေကွက်တွေကိုတော့ ဝယ်ယူမှု များနေပါတယ်''ဟု မန္တလေးမြို့တွင် အိမ်ခြံမြေ ဝါရင့်ပွဲစားဦးကျော်ဝင်း က စက်တင်ဘာ ၅ ရက်တွင် ဒီမို ကရေစီတူဒေးသို့ ပြောကြားသည်။

မြို့သစ်အတွင်းပိုင်းများရှိ ငွေကျပ်သိန်း ၁ဝဝဝ တန်အောက်မြေကွက်များသာ ရောင်းသူဝယ်သူရှိ နေကြောင်း၊ ပုသိမ်ကြီးဘက်ရှိ ပေ ၄ဝ၊ ပေ ၆ဝ မြေကွက်များသာ အရောင်းအဝယ်ဖြစ်ပြီး ရောင်းဝယ် ရာတွင် အမှန်တကယ်ပေါက်ဈေး ထက် ပိုမိုတွက်ချက်ထားသော ကြောင့် ယခုကဲ့သို့ အရောင်းအဝယ်အေးနေရခြင်းဖြစ်ကြောင်း၊ မန္တလေးစက်မှု(၁) အနီးရှိ လမ်းမေး တင်မြေကွက်များမှာ ကျပ်သိန်း ၁၅ဝဝ မှ ကျပ်သိန်း ၃ဝဝဝ အထိ နှင့် ကြားကွက်များသည် ကျပ်သိန်း ၁ဝဝဝ ခန့်၊ မြို့သစ်ဘက် တတ၊ ထထ၊ ဒဒ အပိုင်းမှ လမ်းမေးတင် မြေကွက်များမှာ ကျပ်သိန်း ၁ဝဝဝ မှ ကျပ်သိန်း ၂ဝဝဝ အထိနှင့် ကြား ကွက်များမှာ ကျပ်သိန်း ၅ဝဝ မှ ကျပ်သိန်း ၁ဝဝဝ အထိ၊ မြရည်နန္ဒာ မြို့သစ်နှင့် လမ်း ၅ဝ၊ ၅၁ လမ်း နှင့် ၅၂ လမ်းဘက်ရှိ လမ်းမေးတင် မြေကွက်များမှာ ကျပ်သိန်း ၁၅ဝဝ မှ ကျပ်သိန်း ၃ဝဝဝ အထိ အကြမ်း ဖျင်းအားဖြင့် အသီးအသီးပေါက် ဈေးရှိနေကြောင်း ဈေးကွက်အတွင်း မှ သိရသည်။

Credit: Yangon Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service