ထိုင်းအိမ်ခြံမြေကုမ္ပဏီ SHREIT က အာဆီယံနိုင်ငံများရှိ ဟိုတယ် ၂ ခုတွင် ဘတ်ငွေ ၆ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမည်

ထိုင်းအိမ်ခြံမြေကုမ္ပဏီ SHREIT က အာဆီယံနိုင်ငံများရှိ ဟိုတယ် ၂ ခုတွင် ဘတ်ငွေ ၆ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမည် - Property News in Myanmar from iMyanmarHouse.com
7 Sep 2018 12:15 pm တွင် တင်ခဲ့သည်
1003 ကြိမ် ကြည့်ရှု့ပြီး

ထိုင်းနိုင်ငံရှိ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီး SHREIT သည် အာဆီယံနိုင်ငံများရှိ ဟိုတယ် ၂ ခုတွင် ဘတ်ငွေ ၆ ဘီလီယံ (ကန်ဒေါ်လာ ၁၇၇ သန်း) ခန့် ရင်းနှီးမြှုပ်နှံရန် စီစဉ်လျက်ရှိသည်။

ယခုရင်းနှီးမြှုပ်နှံမှုဖြင့် ထည့်သွင်းတွက်ချက်ပါက SHREIT ၏ ရင်းနှီးမြှုပ်နှံမှုပမာဏ ဘတ်ငွေ ၁၀ ဘီလီယံခန့်ရှိလာမည် ဖြစ်သည်။

ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းရှိ ဆိုဖီတယ် ဘာလီ ပင်လယ်ကမ်းခြေအပန်းဖြေစခန်း (Sofitel Bali Nusa Dua Beach Resort) နှင့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူရှိ Hilton Garden Inn Kuala Lumpur တို့တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားရန် စိတ်ဝင်စားလျက်ရှိနေသည်ဟု ဆိုသည်။

SHREIT က အဆိုပါရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်အတွက် ရှယ်ယာပေါင်း ၄၁၅ သန်းထုတ်ရောင်းသွားမည် ဖြစ်သည်။

Strategic Property Investors Co Ltd (SPI) ၏ အမှုဆောင်ဒါရိုက်တာ ဂျိမ်းစ်လင်းက ပြောကြားရာတွင် ယခုစီမံကိန်း ၂ ခုသည် ကြီးမားသည့်အလားအလာများရှိကြောင်း၊ အင်ဒိုနီးရှားသည် နိုင်ငံပေါင်း ၁၆၉ နိုင်ငံမှ ကမ္ဘာလှည့်ခရီးသွားများကို ဗီဇာကင်းလွတ်ခွင့် ပေးအပ်ထားခြင်းကြောင့် ဘာလီသည်နိုင်ငံတကာ ကမ္ဘာလှည့်ခရီးသည်တို့ ဦးတည်ရာဗဟိုချက်တစ်ခုဖြစ်နေကြောင်း ပြောကြားသည်။

ပြီးခဲ့သော ၁၀ နှစ်တာကာလအတွင်း ကမ္ဘာလှည့်ခရီးသည်တို့ နှစ်စဉ်လာရောက်မှုပမာဏမှာ ၁၄ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်မှု ရှိခဲ့သည်။

၂၀၁၇ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသည် ၅ ဒသမ ၅ သန်းလာရောက်ခဲ့ကာ ယခု ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှု ၆ ဒသမ ၅ သန်းအထိရှိမည်ဟု မျှော်မှန်းထားသည်။

ထို့အပြင် ကွာလာလမ်ပူသို့ ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှုမှာလည်း တိုးတက်မှု ပုံမှန်ရှိနေပြီး လွန်ခဲ့သော ၁၀ နှစ်တာ ကာလအတွင်း နှစ်စဉ် နိုင်ငံတကာခရီးသည်ဝင်ရောက်မှု ၄ ဒသမ ၈ ရာခိုင်နှုန်းနှင့် ပြည်တွင်းခရီးသည် ၁၂ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service