ကန်ဒေါ်လာ ၃၅ ဘီလီယံခန့် ဘဏ္ဍာငွေရှိသော မလေးရှားအမျိုးသား ပင်စင်ရန်ပုံငွေအဖွဲ့က ဗြိတိန်ရှိ တက္ကသိုလ်ကျောင်းသား အဆောင် ၂ ခုကို ကန်ဒေါ်လာ ၅၁ သန်းဖြင့် ဝယ်ယူ

ကန်ဒေါ်လာ ၃၅ ဘီလီယံခန့် ဘဏ္ဍာငွေရှိသော မလေးရှားအမျိုးသား ပင်စင်ရန်ပုံငွေအဖွဲ့က ဗြိတိန်ရှိ တက္ကသိုလ်ကျောင်းသား အဆောင် ၂ ခုကို ကန်ဒေါ်လာ ၅၁ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
7 Sep 2018 11:39 am တွင် တင်ခဲ့သည်
1207 ကြိမ် ကြည့်ရှု့ပြီး

မလေးရှားနိုင်ငံ၏ ပြည်သူ့ဝန်ထမ်းပင်စင်ရန်ပုံငွေအဖွဲ့ဖြစ်သော ကမ်ပူလန် ဝမ် ပါဆာရန် (KWAP) သည် ဗြိတိန်ရှိ ကျောင်းသားဆောင် အဆောက်အအုံ ၂ ခုကို ပေါင် ၃၉ ဒသမ ၇၅ သန်း (ကန်ဒေါ်လာ ၅၁ ဒသမ ၂ သန်း) ဖြင့် ဝယ်ယူလိုက်သည်။

ဝယ်ယူလိုက်သည့် အဆောက်အအုံများမှာ ဘာမင်ဂမ်မြို့၊ ဘရစ္စတိုးလမ်း၊ အမှတ် ၈၀၀ ရှိ ဘိုးဘွားပိုင် ၄ ထပ်အဆောက်အအုံတစ်ခုနှင့် စကော့တလန်၏မြို့တော် အီဒင်ဘာ့ဂ်ျမှ The Mill House အမည်ရှိ ဘိုးဘွားပိုင် ၆ ထပ်အဆောက်အအုံတို့ဖြစ်ကြပြီး ပေါင် ၁၄ ဒသမ ၆၂ သန်းနှင့် ပေါင် ၂၅ ဒသမ ၁၃ သန်း အသီးသီးဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

အဆောက်အအုံ ၂ ခုလုံးမှာ ကျောင်းသားဆောင်များဖြစ်ကြပြီး ဘာမင်ဂမ်တက္ကသိုလ်၊ အီဒင်ဘာ့ဂ်ျ တက္ကသိုလ်၊ ဟီးရီးယဲ့-ဝပ်ထ် တက္ကသိုလ်၊ အီဒင်ဘာ့ဂ်ျ နာပီယာတက္ကသိုလ်နှင့် ကွင်း မာဂရက် တက္ကသိုလ်တို့အနီးတွင် တည်ရှိသည်။

ရောင်းချသူများမှာ IP Investment Management (HK) Ltd နှင့် Maven Capital Partners တို့ ဖြစ်ကြသည်။

“အခုဝယ်ယူလိုက်မှုဟာ KWAP ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ နိုင်ငံတကာ အိမ်ခြံမြေကဏ္ဍပိုင်ဆိုင်မှု မြှင့်တင်ရေးနဲ့ ကိုက်ညီနေပါတယ်။

ကျွန်တော်တို့အနေနဲ့ မလေးရှားပင်စင်စားတွေကို ပံ့ပိုးနိုင်ဖို့ ရည်မှန်းချက်နဲ့အညီ ပြည်ပဈေးကွက်တွေမှာ ခြေချမှုမြှင့်တင်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမှာလည်း ဖြစ်ပါတယ်” ဟု KWAP ၏ အမှုဆောင်အရာရှိချုပ် ကာမာရူဇာမန် ဝမ် အာမက်က ပြောကြားသည်။

ယခုအဆောက်အအုံ ၂ လုံးဝယ်ယူလိုက်မှုအရ KWAP ၏ ပြည်ပအိမ်ခြံမြေ ပိုင်ဆိုင်မှုမှာ ၁၄ ခုရှိလာမည်ဖြစ်ပြီး အခြားအိမ်ခြံမြေများမှာ သြစတေးလျ၊ လန်ဒန်နှင့် ဂျာမနီတို့တွင် တည်ရှိသည်။

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် အချက်အလက်များအရ KWAP ပိုင်ဆိုင်ထားသော အိမ်ခြံမြေများ၏ ၇၅ ရာခိုင်နှုန်းမှာ ပြည်ပတွင်ဖြစ်ပြီး ပြည်တွင်းတွင် ၂၅ ရာခိုင်နှုန်းသာရှိသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service