ဒဂုံမြို့သစ်(ဆိပ်ကမ်း)တွင် ရန်ကုန်တိုင်းအစိုးရအကောင်အထည်ဖော်မည့် စီမံကိန်းမြေနေရာကို ကုမ္ပဏီတစ်ခုက အမည်ပေါက်ပိုင်ဆိုင်သည်ဆိုကာ ကန့်ကွက်

ဒဂုံမြို့သစ်(ဆိပ်ကမ်း)တွင် ရန်ကုန်တိုင်းအစိုးရအကောင်အထည်ဖော်မည့် စီမံကိန်းမြေနေရာကို ကုမ္ပဏီတစ်ခုက အမည်ပေါက်ပိုင်ဆိုင်သည်ဆိုကာ ကန့်ကွက် - Property News in Myanmar from iMyanmarHouse.com
6 Sep 2018 11:08 am တွင် တင်ခဲ့သည်
2398 ကြိမ် ကြည့်ရှု့ပြီး

ဒဂုံမြို့သစ်(ဆိပ်ကမ်း) ရှိ ၁၈၃ ဧကတွင် ရန်ကုန်တိုင်းအစိုးရက အကောင်အထည်ဖော် မည့်နိုင်ငံဝန်ထမ်းအိမ်ရာစီမံကိန်း နေရာသည် ပန်ဝါကုမ္ပဏီက၎င်း တို့ပိုင်ဆိုင်သည့်မြေဖြစ်ပြီး စီမံ ကိန်းအဆိုပြုလွှာခေါ်ယူခြင်းကို ကန့်ကွက်ကြောင်း စက်တင်ဘာ ၅ ရက်က ထုတ်ပြန်သည်။

အဆိုပါမြေနေရာကို သိမ်းဆည်းခံမူလလယ်သမားများထံမှ ကာလတန်ဖိုးငွေအကျေပေးချေ ပြီး ဥပဒေနှင့်အညီစာချုပ်စာတမ်းများဖြင့် ကုမ္ပဏီက ၀ယ်ယူထား၍ မူလအမည်ပေါက်မြေခွန်ပြေစာ မူရင်းများ ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။

‘‘ရန်ကုန်တိုင်းအစိုးရနဲ့ စကားပြောနေဆဲကာလဖြစ်တော့ (အသေးစိတ်ကို) ပြောလို့ မရသေးဘူး။ ပြောနေတုန်းစီမံ ကိန်းတွေ EOI ခေါ်လို့ ကြေညာချက်ထုတ်တာပါ’’ ဟု ပန်ဝါဖွံ့ ဖြိုးတိုးတက်ရေး ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သိမ်းဆည်းခံလယ်ယာမြေ များနှင့်ပတ်သက်၍ ပန်ဝါဖွံ့ဖြိုး တိုးတက်ရေးကုမ္ပဏီက လယ် ယာမြေနှင့်အခြားမြေများ သိမ်း ဆည်းခြင်းခံရမှုများ ပြန်လည်စိ စစ်ရေးဗဟိုကော်မတီသို့ ၂၀၁၇ စက်တင်ဘာတွင် တင်ပြပြီးဖြစ်သည်။

ရန်ကုန်တိုင်း စိစစ်ရေး ကော်မတီက တွေ့ဆုံပြီးမည်ကဲ့ သို့ဆက်လက်ဆောင်ရွက်ရမည် ကို အဖြေထုတ်ပေးခြင်းမရှိသေး ဟု ကုမ္ပဏီကဆိုထားသည်။

အဆိုပါ မြေဧကများအ တွက် ယခင်ကကုမ္ပဏီများကို လုပ်ကိုင်ခွင့်ပေးထားသော်လည်း စီမံကိန်းအကောင်အထည်မပေါ် ၍ အစိုးရကပြန်လည်သိမ်းယူ ထားခြင်းဖြစ်သည်ဟု ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဖြူဖြူခိုင်က ပြော ကြားသည်။

‘‘နောက်ဆုံးတော့ အစိုးရက စီမံကိန်းအတွက် ပြန်ယူထားတာ လို့သိရပါတယ်’’ ဟု ၎င်းကဆက် လက်ပြောသည်။

အဆိုပါ စီမံကိန်းအတွက် ရန်ကုန်တိုင်းစီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဦးမြင့်သောင်းထံ ဖုန်း ဆက်၍ မှတ်ချက်တောင်းခံရန် ကြိုးစားသော်လည်း အဆက်အသွယ်မရပေ။

အဆိုပါ စီမံကိန်းအတွက် စိတ်ဝင်စားသည့် ကုမ္ပဏီများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက နိုင်ငံပိုင်သတင်းစာများ၌ ဩဂုတ် လဆန်းက အဆိုပြုလွှာဖိတ်ခေါ် ထားပြီးအိတ်ပိတ်အဆိုပြုလွှာကို စက်တင်ဘာ ၇ ရက်တွင် ပြန်လည်တင်ပြရမည်ဟု ကြေညာထားသည်။

ထိုစီမံကိန်း၌ နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းအိမ်ရာများအပြင် စီးပွားရေးဆိုင်ရာအဆောက် အအုံများ၊ ဈေးဝယ်စင်တာ၊ အဆင့်မြင့် လူနေအိမ်ရာများနှင့် ယာဉ်ရပ်နားနေရာများ ဖော် ဆောင်မည်ဖြစ်၍ စိတ်ဝင်စားသည့်ပြည်တွင်း၊ ပြည်ပကုမ္ပဏီများကို ဖိတ်ခေါ်ခြင်းဖြစ်သည်ဟု တိုင်းအစိုးရက ဆိုသည်။

အဆိုပါစီမံကိန်းသည် တိုင်းအစိုးရက ၂၀၁၈ မေလတွင်လွှတ် တော်သို့တင်ပြခဲ့သည့် ကျပ်ဘီလီ ယံ ၁,၀၀၀ ကျော်တန်ဖိုးရှိအိမ်ရာ ဖွံ့ဖြိုးရေး စီမံကိန်းများအနက် တစ်ခုဖြစ်သည်။

Credit:  7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service