မလေးရှားနိုင်ငံ ဂျိုဟောပြည်နယ်၏ ကမ္ဘာလှည့်ခရီးသွားစီးပွားရေးလုပ်ငန်းကဏ္ဍကို မြှင့်တင်ပေးမည့် Forrest City အပန်းဖြေစခန်းနှင့် ဂေါက်ကွင်းဖွင့်ပွဲကျင်းပ

မလေးရှားနိုင်ငံ ဂျိုဟောပြည်နယ်၏ ကမ္ဘာလှည့်ခရီးသွားစီးပွားရေးလုပ်ငန်းကဏ္ဍကို မြှင့်တင်ပေးမည့် Forrest City အပန်းဖြေစခန်းနှင့် ဂေါက်ကွင်းဖွင့်ပွဲကျင်းပ - Property News in Myanmar from iMyanmarHouse.com
5 Sep 2018 4:21 pm တွင် တင်ခဲ့သည်
2075 ကြိမ် ကြည့်ရှု့ပြီး

မလေးရှားရင်းဂစ်ငွေ ၁ ဒသမ ၈ ဘီလီယံ အကုန်အကျခံဆောက်လုပ်ထားသော Forrest City Golf Resort အပန်းဖြေစခန်းနှင့် သမိုင်းတစ်လျှောက်အကြီးမြတ်ဆုံး ဂေါက်ဖ်ကြယ်ပွင့် ဂျက်ခ်နစ်ကလော့စ် ဒီဇိုင်းရေးဆွဲခဲ့သည့် Forrest City Legacy Golf Course တို့ကို တရားဝင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ယခုအပန်းဖြေစခန်းကြီး ဖွင့်လှစ်မှုကြောင့် ဂျိုဟော၏ ဒေသတွင်း စီးပွားရေးကို တိုက်ရိုက်အကျိုးပြုမည့်အပြင် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းနှင့် ဆက်နွှယ်နေသော စီးပွားရေးကဏ္ဍကြီးတစ်ခုလုံးကိုလည်း အကျိုးအမြတ်များ ဖြစ်ထွန်းလာစေမည် ဖြစ်သည်။

ယခုဂေါက်ကွင်းသစ်သည် နိုင်ငံတကာ ဂေါက်ရိုက်ဆုံချက်နေရာတစ်ခုအဖြစ် ဂုဏ်သတင်းပိုမိုမြင့်မားလာစေမည့်အပြင် ဝန်းကျင် အစ္စကန်ဒါမလေးရှားဒေသ၏ ခရီးသွားလုပ်ငန်းအတွက် စွဲဆောင်နိုင်မှုတစ်ခုဖြစ်လာမည်ဖြစ်ပြီး ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတို့တွင် အလုပ်အကိုင်အခွင့်အလမ်းများ မြင့်မားလာစေမည်လည်း ဖြစ်သည်။Forrest City Golf Resort ဖွင့်လှစ်မှုကြောင့် ဂျိုဟောတွင် ဂေါက်ကွင်းအရေအတွက် ၂၇ ခု ရှိလာတော့မည် ဖြစ်သည်။

အပန်းဖြေစခန်းရှိ ဟိုတယ်တွင် ပြည်တွင်းဝန်ထမ်းပေါင်း ၁၅၀ ခန့်ထားရာ စုစုပေါင်းဟိုတယ်ဝန်ထမ်းပမာဏ၏ ၉၀ ရာခိုင်နှုန်းလည်း ဖြစ်သည်။

Forrest City တွင် ပြည်တွင်းအလုပ်သမားများအတွက် စုစုပေါင်း အလုပ်အကိုင်နေရာပေါင်း ၁၂၀၀ ခန့်ဖန်တီးပေးနိုင်ခဲ့ပြီး ယင်းပမာဏမှာ Forrest City ကို အကောင်အထည်ဖော်ခဲ့သည့် developer ဖြစ်သော Country Garden Pacificview (CGPV) မှ ခန့်ထားခဲ့သည့် စုစုပေါင်းဝန်ထမ်းပမာဏ၏ ၈၀ ရာခိုင်နှုန်းလည်း ဖြစ်သည်။

Forrest City Golf Resort အပန်းဖြေစခန်းနှင့် ဂေါက်ကွင်းအထွေထွေမန်နေဂျာ အာသာရီယိုက ပြောကြားရာတွင် ယခုဂေါက်ကွင်း သစ်ကို Legacy Golf Course ဟု အမည်ပေးထားပြီး သဲကန္တရဟန် ဒီဇိုင်းထုတ်ထားကာ လမုပင်များနှင့် သဘာဝရေပြင်တို့ ဝန်းပတ်နေစေခဲ့ကြောင်း၊ ဂေါက်ရိုက်စ လူသစ်များနှင့် ပရော်ဖက်ရှင်နယ် ကစားသမားများအတွက် မည်သည့်နေရာနှင့်မျှမတူဘဲ တမူထူးခြားသည့်နေရာတစ်ခုလည်းဖြစ်ကြောင်း ပြောကြားသည်။

အာသာရီယိုသည် တရုတ်ပြည်နှင့် အာရှတွင် နံပါတ်တစ်အဖြစ် သတ်မှတ်ထားခြင်းခံရသည့် Spring City Golf and Lake Resort ၏ စီမံကိန်းဒါရိုက်တာတစ်ဦးလည်း ဖြစ်ခဲ့သည်။

Spring City သည် ကမ္ဘာ့ထိပ်တန်း ဂေါက်ရိုက်အပန်းဖြေစခန်းကြီး ၁၀၀ စာရင်းတွင်လည်း ပါဝင်သည်ဟု ဆိုသည်။

အပန်းဖြေမှု အရသာကို အပြည့်အဝရရှိနိုင်စေရန်အတွက် လူနေအိမ်များနှင့် လက်လီအရောင်းဆိုင်များဖြင့်လည်း Forrest City Golf Resort ကြီးကို ဝန်းပတ်ထားရှိကြောင်း အာသာရီယိုက ပြောကြားသည်။

Country Garden Malaysia ၏ မဟာဗျူဟာဒါရိုက်တာ ငဇူဟန်က ပြောကြားရာတွင် Forrest City ဂေါက်ကွင်းဟိုတယ်နှင့် ဂန္ထဝင် ဂေါက်ကြယ်ပွင့် ဂျက်ခ် နစ်ခ်လော့စ်၊ သားဖြစ်သူ ဂျက်ခ် နစ်ခ်လော့စ် II တို့ ဒီဇိုင်းရေးဆွဲပေးခဲ့သည့် ပထမဆုံးဂေါက်ကွင်းတို့ကို ဖွင့်လှစ်ခြင်းမှာ အစ္စကန်ဒါ မလေးရှားဖွံ့ဖြိုးရေးစီမံကိန်း၏ တစ်စိတ်တစ်ဒေသဖြစ်ကြောင်း၊ ယခုစီမံကိန်းသည် ဂျိုဟာကို ဒေသတွင်း အပန်းဖြေဆုံချက်နေရာတစ်ခုအဖြစ် မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“Forrest City Golf Resort အပန်းဖြေစခန်းနဲ့ ဂေါက်ကွင်းဟာ ကမ္ဘာတစ်ဝန်းက ဂေါက်ရိုက်ဝါသနာရှင်တွေကို ဆွဲဆောင်နိုင်လိမ့်မှာ ဖြစ်ပါတယ်။ ဒါက ကမ္ဘာ့အဆင့်မီ ချန်ပီယံပွဲတွေ ကျင်းပနိုင်တဲ့ကွင်းဖြစ်တာကြောင့် ဒေသတွင်း ဂေါက်ရိုက်ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းရဲ့ ဂုဏ်သတင်းကိုလည်း မြှင့်တင်ပေးနိုင်မှာပါ။

ဒါ့အပြင် ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဆွဲဆောင်ပေးနိုင်မှာဖြစ်ပြီး တိုင်းပြည်ရဲ့ ခရီးသွားလုပ်ငန်း၊ ဒေသခံတွေအတွက် အခွင့်အလမ်းနဲ့ ကျွမ်းကျင်မှုတွေ ဆောင်ကျဉ်းပေးနိုင်မှာလည်း ဖြစ်ပါတယ်” ဟု Country Garden Malaysia ၏ မဟာဗျူဟာဒါရိုက်တာက ပြောကြားသည်။

Forrest City Golf Resort ဖွင့်ပွဲအခမ်းအနားသို့ Asia Pacific R&A မှ ဒါရိုက်တာ ဒေါမနစ်ဝေါနှင့် Asia Pacific Nicklaus Companies ဥက္ကဌ ပေါလ် တီ စထရင်ဂျာတို့လည်း တက်ရောက်ခဲ့သည်။

ဂျိုဟာ ဂေါက်ရိုက်ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအသင်း ဥက္ကဌဖြစ်သူ ကိုလ် မိုဟာမက် ဂျမဲလ်က ပြောကြားရာတွင် ဂေါက်ရိုက်ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန်ဖွံ့ဖြိုးလာစေရန်အတွက် ပြည်ပနိုင်ငံများတွင် ပရိုမိုးရှင်းအစီအစဉ်များ လုပ်ဆောင်ခဲ့ကြောင်း၊ တရုတ်-ကိုရီးယား-ဂျပန်နှင့် အိန္ဒိယတို့မှ ဂေါက်ရိုက်ကစားသမားများ ဂျိုဟာသို့ လာရောက်မှုများ မြင့်တက်လာကြောင်း ပြောကြားခဲ့သည်။

မိုဟာမက် ဂျမဲလ်က ဆက်လက်ပြောကြားရာတွင် Legacy Golf Course သည် ဂေါက်ရိုက်ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန်ဖွံ့ဖြိုးလာစေရန်အတွက် အထောက်အပံ့ဖြစ်စေမည်ဟု ယုံကြည်ကြောင်း၊ ဂေါက်ရိုက်ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းသည် ၁၉၉၀ ပြည့်လွန်ကာလများက ကျော်ကြားခဲ့သော်လည်း နောက်ပိုင်းတွင် ခရီးသွားအေဂျင်စီများက စွဲဆောင်နိုင်စွမ်းရှိမည့် ခရီးသွား package များဖြင့် ပံ့ပိုးပေးမှုများမရှိခြင်းကြောင့် ဖွံ့ဖြိုးမှုသေဆုံးခဲ့ရကြောင်း ပြောကြားသည်။

“တခြားအချက်တွေ အနေနဲ့ကတော့ ဂေါက်ကွင်းတွေ ထိန်းသိမ်းမှု ညံ့ဖျင်းတာ၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံက ဂေါက်ကွင်းတွေရဲ့ ယှဉ်ပြိုင်မှုတွေ ပေါ်ပေါက်လာတာ၊ ဂျိုဟောပြည်နယ်ကို တိုက်ရိုက်လေကြောင်းခရီးစဉ်မရှိတာတွေ ဖြစ်ပါတယ်” ဟု မိုဟာမက် ဂျမဲလ်က ပြောကြားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Gucci မိသားစုနှင့် Calvin Klein တို့အပြင် အီတလီ သံအမတ်ကြီးများ နေထိုင်ခဲ့ဖူးသော နယူးယောက်မှ စံအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Gucci မိသားစုနှင့် Calvin Klein တို့အပြင် အီတလီ သံအမတ်ကြီးများ နေထိုင်ခဲ့ဖူးသော နယူးယောက်မှ စံအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ရီးရဲမက်ဒရစ်ရဲ့ ပဲ့ကိုင်ရှင် အန်ဆယ်လော့တီ၏ မက်ဒရစ်မြို့က စံအိမ်
ရီးရဲမက်ဒရစ်ရဲ့ ပဲ့ကိုင်ရှင် အန်ဆယ်လော့တီ၏ မက်ဒရစ်မြို့က စံအိမ်
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိုးယူခံရမှုတွင် ကူညီရောင်းချပေးခဲ့သည့်အမျိုးသား ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရ...
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိုးယူခံရမှုတွင် ကူညီရောင်းချပေးခဲ့သည့်အမျိုးသား ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရ...
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က ဗြိတိန်တွင် အိမ်ရှာဖွေမှု အလွန်များပြားလာနေ...
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က ဗြိတိန်တွင် အိမ်ရှာဖွေမှု အလွန်များပြားလာနေ...
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဒေါက်မြင့်ဖိနပ်စီးလိုသူများ အထူးပါမစ်လျှောက်ထားရသော ကယ်လီဖိုးနီးယားပြည်နယ်က မြို့လေး၊ ရေခဲမုန့်စားခြင်းကိုလည်း ထိုမြို့တွင် တားမြစ်ထား...
ဒေါက်မြင့်ဖိနပ်စီးလိုသူများ အထူးပါမစ်လျှောက်ထားရသော ကယ်လီဖိုးနီးယားပြည်နယ်က မြို့လေး၊ ရေခဲမုန့်စားခြင်းကိုလည်း ထိုမြို့တွင် တားမြစ်ထား...
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

The Rich Villa
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service