အာဆီယံနိုင်ငံများ၏ ဆောက်လုပ်ရေးစီမံကိန်းများမှာ ကန်ဒေါ်လာ ၃ ထရီလီယံနီးပါးရှိနေပြီး လာမည့် ၅ နှစ်အတွင်း ၆ ရာခိုင်နှုန်းကျော် တိုးတက်နေဖွယ်ရှိကြောင်း GlobalData က ထုတ်ပြန်

အာဆီယံနိုင်ငံများ၏ ဆောက်လုပ်ရေးစီမံကိန်းများမှာ ကန်ဒေါ်လာ ၃ ထရီလီယံနီးပါးရှိနေပြီး လာမည့် ၅ နှစ်အတွင်း ၆ ရာခိုင်နှုန်းကျော် တိုးတက်နေဖွယ်ရှိကြောင်း GlobalData က ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
5 Sep 2018 11:28 am တွင် တင်ခဲ့သည်
2097 ကြိမ် ကြည့်ရှု့ပြီး

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (Asean) ဒေသကြီး၏ အဖွဲ့ဝင်နိုင်ငံများအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများမှာ လာမည့် ၅ နှစ်တာ ကာလအတွင်း နှစ်စဉ် ၆ ရာခိုင်နှုန်းကျော်တိုးတက်နေဖွယ်ရှိကြောင်း အချက်အလက်နှင့် သုတေသနကုမ္ပဏီ GlobalData ၏ အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြသည်။

အာဆီယံနိုင်ငံများအတွင်း ကြီးမားသည့်စီမံကိန်းကြီးများ (အနည်းဆုံး ကန်ဒေါ်လာ ၂၅ သန်းတန်ကြေးရှိ စီမံကိန်း) ၏ စုစုပေါင်း တန်ဖိုးမှာ ကန်ဒေါ်လာ ၃ ထရီလီယံနီးပါး ( ၂ ဒသမ ၉ ထရီလီယံ) ခန့်ရှိသည်ဟု ဆိုသည်။

အဆိုပါစီမံကိန်းများတွင် ကြေညာထားသည့်အဆင့် စီမံကိန်းများမှသည် အပြီးသတ်နေပြီဖြစ်သော စီမံကိန်းများအထိ ပါဝင်သည်။

အာဆီယံဒေသကြီးတွင် ကြီးမားသည့်အခွင့်အလမ်းကောင်းများရှိနေပြီး စတင်ဆဲစီမံကိန်းများမှာ အများစုဖြစ်ကြောင်းလည်း Global Data ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

လာမည့် စက်တင်ဘာ ၆ ရက်မှ ၈ ရက်အထိ ဘန်ကောက်တွင် ကျင်းပမည့် ကုန်စည်ပြပွဲတွင် အာဆီယံ၏ ဆောက်လုပ်ရေး၊ အခြေခံ အဆောက်အအုံနှင့် ကွန်ကရစ်ကဏ္ဍများ ပါဝင်ပြသသွားကြရန် စီစဉ်ထားသည်။

ရည်မှန်းထားဆဲ ဆောက်လုပ်ရေးစီမံကိန်းများမှာ ကန်ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံဝန်းကျင်ရှိရာ ဆောက်လုပ်ရေးကဏ္ဍတွင် ကြီးမားသည့် သုံးစွဲမှုများ ကာလအတန်ကြာ ဆက်လက်ဖြစ်ပေါ်နေမည် ဖြစ်သည်။အရှေ့တောင်အာရှ ဒေသဟာ လျင်မြန်တဲ့ခြေလှမ်းနဲ့ ဆက်လက်ဖွံ့ဖြိုးသွားဖို့ ရှိပါတယ်။

၂၀၁၈ ကနေ ၂၀၂၂ ခုနှစ်အတွင်း နှစ်စဉ်ပျှမ်းမျှ စီးပွားရေးတိုးတက်နှုန်းဟာ ၅ ဒသမ ၁ ရာခိုင်နှုန်း ရောက်ဖို့ရှိတယ်။ ဒီပမာဏက ကမ္ဘာ့ဒေသကြီးအားလုံးမှာ အလျင်မြန်ဆုံးနှုန်းထားဖြစ်တယ်။

လွန်ခဲ့တဲ့ ၅ နှစ်တာကာလမှာ ၄ ဒသမ ၈ ရာခိုင်နှုန်းသာရှိခဲ့ရာကနေ အရှိန်အဟုန်မြင့်လာခဲ့တာလည်း ဖြစ်တယ်” ဟု GlobalData မှ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍဆိုင်ရာ ခေါင်းဆောင်စီးပွားရေးပညာရှင် ဒန်နီ ရစ်ချတ်က ပြောကြားသည်။

“အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေအကြားမှာ ဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးမှုနှုန်း ကွဲပြားနေကြပေမယ့် ဒေသကြီးတစ်ခုလုံးရဲ့ ဆောက်လုပ်ရေးကဏ္ဍကို ကြည့်မယ်ဆိုရင် လာမယ့် ၅ နှစ်တာ ကာလအတွင်း နှစ်စဉ်ဖွံ့ဖြိုးမှု ၆ ဒသမ ၁ ရာခိုင်နှုန်းရှိလိမ့်မှာဖြစ်ပါတယ်” မစ္စတာ ရစ်ချတ်က ဆိုသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Gucci မိသားစုနှင့် Calvin Klein တို့အပြင် အီတလီ သံအမတ်ကြီးများ နေထိုင်ခဲ့ဖူးသော နယူးယောက်မှ စံအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရီးရဲမက်ဒရစ်ရဲ့ ပဲ့ကိုင်ရှင် အန်ဆယ်လော့တီ၏ မက်ဒရစ်မြို့က စံအိမ်

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိုးယူခံရမှုတွင် ကူညီရောင်းချပေးခဲ့သည့်အမျိုးသား ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရ...

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က ဗြိတိန်တွင် အိမ်ရှာဖွေမှု အလွန်များပြားလာနေ...

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

ဒေါက်မြင့်ဖိနပ်စီးလိုသူများ အထူးပါမစ်လျှောက်ထားရသော ကယ်လီဖိုးနီးယားပြည်နယ်က မြို့လေး၊ ရေခဲမုန့်စားခြင်းကိုလည်း ထိုမြို့တွင် တားမြစ်ထား...

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service