ပြည်တွင်း၊  ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း  ရှစ်ခု  ထပ်မံခွင့်ပြုပေးခဲ့

ပြည်တွင်း၊  ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း  ရှစ်ခု  ထပ်မံခွင့်ပြုပေးခဲ့ - Property News in Myanmar from iMyanmarHouse.com
4 Sep 2018 10:30 am တွင် တင်ခဲ့သည်
1270 ကြိမ် ကြည့်ရှု့ပြီး

ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ပေါင်းရှစ်ခု ထပ်မံခွင့်ပြုခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွင် အဆို ပြုလုပ်ငန်းနှစ်ခု၊ အတည်ပြုလုပ်ငန်းနှစ်ခု စုစုပေါင်းလုပ်ငန်းလေးခုကို ခွင့်ပြုပေးခဲ့ပြီး မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုတွင် အတည်ပြု လုပ်ငန်းသုံးခု၊ အဆိုပြုလုပ်ငန်းတစ်ခုတို့ကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖန်တီးပေးမည့်ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းလေးခုမှ ရင်းနှီး မြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၉၂ ဒသမ ၄၄၁ သန်းကို ခွင့်ပြု/အတည်ပြုပေး ခဲ့ပြီး ယင်းလုပ်ငန်းလေးခုမှာစက်မှုကဏ္ဍ နှစ်ခု၊ အိမ်ရာအဆောက်အအုံကဏ္ဍတစ်ခုနှင့် အခြား ကဏ္ဍတစ်ခုတို့ဖြစ်သည်။

ပြည်တွင်းရင်းနှီး

မြှုပ်နှံမှုတွင်ခွင့်ပြုခဲ့သည့် လုပ်ငန်းလေးခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၆ ဒသမ ၆၉၀ သန်း အပါအဝင် ကျပ် ၂၂၇၁၂ ဒသမ ၈၇၂ သန်း ခွင့်ပြုခဲ့ပြီး လုပ်ငန်းလေးခုမှာ စက်မှုကဏ္ဍနှစ်ခု၊ အိမ်ရာအဆောက်အအုံကဏ္ဍတစ်ခုနှင့် အခြားကဏ္ဍတစ်ခုကိုခွင့်ပြုခဲ့ပြီး ယင်းလုပ်ငန်းများမှ ပြည်တွင်းလုပ်သားများ အတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၅၀ ဖန်တီးပေးမည်ဖြစ်ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုပမာဏ

ယခုဘဏ္ဍာနှစ် ကြားကာလခြောက်လအဖြစ် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ သတ်မှတ်ထားပြီး ယခုနှစ် ဧပြီလ ၁ ရက်မှ သြဂုတ်လအထိ ငါးလတာကာလအတွင်း ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၃၈ ခုကို ခွင့်ပြု/အတည်ပြု ပေးနိုင်ခဲ့ကြောင်း သိရသည်။ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ပေါင်း ၆၅ ခုကို ခွင့်ပြု/အတည်ပြုပေးခဲ့ရာ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းနှင့် သီလဝါအထူး စီးပွားရေးဇုန်သို့ ဝင်ရာက်ခဲ့သည့် ရင်းနှီးမြှုပ်နှံ မှုအပါအဝင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၄၈၀ ဒသမ ၃၇၂ သန်းဖြစ်သည်ဟုဆိုသည်။

ခွင့်ပြုခဲ့ပြီး

ယင်းကာလအတွင်း မြန်မာနိုင်ငံသားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းပေါင်း ၇၃ ခုကို ခွင့်ပြု/အတည် ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါ အဝင် စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၇၇ဒသမ ၇၁၈ သန်း အပါအဝင် ကျပ် ၈၉၃ယ၄၇၂ ဒသမ ၅၄၉ သန်း ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Credit:  The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Gucci မိသားစုနှင့် Calvin Klein တို့အပြင် အီတလီ သံအမတ်ကြီးများ နေထိုင်ခဲ့ဖူးသော နယူးယောက်မှ စံအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရီးရဲမက်ဒရစ်ရဲ့ ပဲ့ကိုင်ရှင် အန်ဆယ်လော့တီ၏ မက်ဒရစ်မြို့က စံအိမ်

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိုးယူခံရမှုတွင် ကူညီရောင်းချပေးခဲ့သည့်အမျိုးသား ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရ...

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က ဗြိတိန်တွင် အိမ်ရှာဖွေမှု အလွန်များပြားလာနေ...

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

ဒေါက်မြင့်ဖိနပ်စီးလိုသူများ အထူးပါမစ်လျှောက်ထားရသော ကယ်လီဖိုးနီးယားပြည်နယ်က မြို့လေး၊ ရေခဲမုန့်စားခြင်းကိုလည်း ထိုမြို့တွင် တားမြစ်ထား...

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ

အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း

ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service